ကိုရီးယားရဲ့ ဓလေ့ထုံစံအရ ကလေးမွေးဖွားပြီးတဲ့နောက် ရက်တစ်ရာပြည့်နဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲမှာ ဘယ်လိုပစ္စည်းလေးတွေကို လက်ဆောင်ပေးလေ့ရှိတာလဲ။

ကိုရီးယားတွင် ကလေးမွေးဖွားပြီးနောက် ရက်တစ်ရာပြည့်သောနေ့ကို ( 돌 လို့ခေါ်ပြီး) အထိမ်းအမှတ်အဖြစ်ထားကြပါတယ်။ ရက်တစ်ရာပြည့်အစားအစာအဖြစ် ကောက်ညှင်းမုန့်၊ ပဲနီဖြင့် ပြုလုပ်သော ကောက်ညှင်းမုန့် ရေညှိဟင်းချိုကို ပြင်ဆင်ပေးပြီး သန့်ရှင်းသော အင်္ကျီ အသစ်အားဝတ်ပေးကာ ကလေးအား ဂုဏ်ပြုပေးပါတယ်။

ကလေးမွေးဖွားပြီး တစ်နှစ်ပြည့်သည့် ပထမဆုံးမွေးနေ့တွင် ဆွေမျိုးမိတ်ဆွေများကို ဖိတ်ကြားကာ တစ်နှစ်ပြည့်မွေးနေ့ပွဲအား ကျင်းပကြပါတယ်။ ကလေးအားကိုရီးယားဝတ်စုံ ဝတ်ဆင်ပေးကာ တစ်နှစ်ပြည့်အထိမ်းအမှတ် စားပွဲအားပြင်ဆင်ပေးပါတယ်။ ရိုးရာဓလေ့ထုံးစံအရ တစ်နှစ်ပြည့်မွေးနေ့ပွဲပေါ်တွင် ကောက်ညှင်းမုန့်၊ ဆုန်းဖျောင်းမုန့်၊ ပဲကောက်ညှင်းမုန့်များ ပြင်ဆင်ပေးထားပြီး အသီး၊ အပ်ချည်ကြိုး၊ ဆန်၊ပိုက်ဆံ၊ ခဲတံ၊စာအုပ် (ယနေ့ခေတ်မှာတော့ နားကြပ်၊မိုက် စသည်ဖြင့်)တင်ထားပြီးနောက် 돌잡이 (ကလေးက မည်သည့်အရာ ရွေးခြယ်ကိုင်သည်ကို ကြည့်ခြင်း) ပြုလုပ်လေ့ရှိပြီး အနာဂတ်အတွက် စကားကောင်းများနှင့်အတူ လက်ဆောင်များ ပေးပါသည်။ယနေ့ခေတ်မှာတော့ စားသောက်ဆိုင်တွင် တစ်နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းသည်မျိုးလဲ ရှိပါတယ်။

생일 ကတော့ မွေးဖွားသော နေ့ကို ခေါ်ခြင်းဖြစ်ပြီး လူကြီးဖြစ်ပါက 생신 ဟုသုံးပါတယ်။ ကိုရီးယားမှာကတော့ ရိုးရာဓလေ့ထုံးစံအရ မွေးနေ့တွင် မနက်စာအဖြစ် ရေညှိဟင်းချိုအား ပြုတ်သောက်ကြပါတယ်။ မိသားစု အခြေအနေကိုလိုက်ကာ အရသာရှိသော အစားအသောက်များ ပြင်ဆင်ကာ ဆွေမျိုးနီးစပ်သူများနှင့် မိတ်ဆွေသူငယ်ချင်းများအား ဖိတ်ကျွေးကြပါတယ်။ ဖိတ်ကြားခံသူကတော့ မွေးနေ့ရှင်အား လိုအပ်မည့် ပစ္စည်းအား အမှတ်တရ ပေးတာပဲဖြစ်ဖြစ် ပိုက်ဆံလက်ဆောင်အား ပေးပါတယ်။

539 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.