ကျွန်တော်တို့ဘာကြောင့် ခရီးသွားသင့်တာလဲ။

၁။သင်ယူဖို့အတွက် ခရီးသွားဖို့လိုတယ်။
ဘယ်အရာမဆိုအသစ်သစ်သော အရာတွေကိုသင်ယူဖို့အတွက် ဘာသာစကား(သို့) သမိုင်းကြောင်းတွေကို သင်ယူဖို့အတွက်ခရီးသွားဖို့လိုအပ်ပါတယ်။ ခရီးသွားခြင်းက သင်ယူဖို့အတွက် မတူညီတဲ့ ဗဟုသုတတွေကို ပေးပါတယ်။ ငါတို့ရဲ့ ကမ္ဘာကြီးမှာ ဘာတွေပြောင်းလဲသွားတယ် ဘယ်လိုနေထိုင်နေရတယ် စတာတွေကိုသိဖို့အတွက်၊ နောက်ပြီး ကမ္ဘာကြီးရဲ့ အလှတရားတွေကို ခံစားနိုင်ဖို့အတွက် ခရီးသွားပေးဖို့လိုအပ်ပါတယ်။

၂။လွတ်မြောက်ဖို့အတွက် ခရီးသွားဖို့လိုအပ်တယ်။
နေ့စဉ်လုပ်ဆောင်နေတဲ့ အရာကနေ ခဏလေးလွတ်မြောက်သွားချင်တယ်ဆိုတဲ့ စိတ်လေးကတော့ တစ်ခါတစ်လေ ဝင်ရောက်လာစမြဲပါ။ ခရီးသွားခြင်းကတော့ စိတ်အပမ်းပြေမှုတွေ၊ ကိုယ်နဲ့ အကျွမ်းတဝင်မဖြစ်သေးတဲ့ နေရာ၊ပတ်ဝန်းကျင်တွေကဆိုရင် အရာရာကအံ့သြမှုအတိနဲ့ ပြည့်နှက်နေပါတယ်။ ဒါကြောင့် အလုပ်တွေ၊ အတန်းတွေ၊တခြား လုပ်ဆောင်ရမယ့်အရာတွေကို လျစ်လျှူရှုပြီး ခရီးထွက်ကြည့်ပါ။နေ့စဉ်လှုပ်ရှားသွားလာနေထိုင်နေတဲ့ ပတ်ဝန်းကျင်ကနေ စိတ်သစ်လူသစ်ဖြစ်စေဖို့အတွက် မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုကို ခရီးထွက်ကြည့်ပါ။

၃။ရှာဖွေဖို့အတွက် ခရီးသွားဖို့လိုတယ်။
ခရီးသွားရင်းခြင်းက ဘယ်အရာမဆို စူးစမ်းရှာဖွေနိုင်သလို၊ မတူညီတဲ့ စိတ်ဝင်စားမှုတွေကိုလဲပေးစွမ်းနိုင်ပါတယ်။ကမ္ဘာကြီးကို ပိုသိ၊ပိုမြင်နိုင်ဖို့အတွက်ခရီးသွားခြင်းသာမက မိမိကိုယ်တိုင် ပိုကောင်းတဲ့ စူးစမ်းရှာဖွေမှုတွေလုပ်ဖို့ ခရီးသွားပါ။

၎။မိတ်ဆွေအသစ်တွေရရှိဖို့အတွက် ခရီးသွားဖို့လိုအပ်တယ်။
ခရီးသွားတဲ့အခါ အမျိုးမျိုးသော မတူညီတဲ့ ပတ်ဝန်းကျင်တဲ့ ထိတွေ့ရတဲ့အခါ ထိုပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ လူတွေနဲ့ထိတွေ့ရတာဟာ ခရီးသွားခြင်းမှာ ပိုပြီး အဓိပ္ပာယ်ရှိစေပါတယ်။

၅။အတွေ့အကြုံအသစ်တွေရဖို့အတွက် ခရီးသွားဖို့လိုအပ်တယ်။
အတွေ့အကြုံရှိဖို့အတွက်နဲ့ ကမ္ဘာကြီးမှာ နေထိုင်တဲ့သူတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ၊ နိုင်ငံတကာ နှင့်ဆိုင်တဲ့ ယဉ်ကျေးမှုတွေ၊ အစားအစာတွေ အသုံးအဆောင်တွေ စတာတွေကို သိရှိဖို့အတွက် ကိုယ်တိုင်ခရီးသွားဖို့လိုအပ်ပါတယ်။

103 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.