ကိုရီးယားလူမျိုးတွေရဲ့ အကြောင်းတွေကိုတော့ စိတ်ဝင်စားပြီး ကိုရီးယားနိုင်ငံရဲ့ ပထဝီမြေအနေအထားကိုရော သင်သိပါသလား။

ကိုရီးယားတစ်နိုင်ငံလုံးသည် အရှေ့ဘက်တွင် မြင့်ပြီး အနောက်ဘက်မှာ နိမ့်သောနိုင်ငံဖြစ်ပြီး အရပ်သုံးမျက်နှာတွင် ပင်လယ်များဖြင့် ဝန်းရံထားပါတယ်။ အဲ့ဒါကြောင့် ကိုရီးယားနိုင်ငံတွင် တောင်တန်းဒေသ မြေပြန့်ဒေသ၊ ပင်လယ်စသည်ဖြင့် အမျိုးအစားစုံလင်စွာ တွေ့ရှိနိုင်ပါသည်။

ကိုရီးယားနိုင်ငံတွင် တစ်နိုင်ငံလုံး၏ ၆၅ရာခိုင်နှုန်းသည် တောင်တန်းဒေသဖြစ်ပြီး နိုင်ငံရဲ့ အရှေ့ဘက်တွင် ကိုရီးယားကျွန်းဆွယ်၏ ပင်မ ကျောရိုးဟုခေါ်သော ထယ်ဘယ်တောင်တန်းဒေသတလျှောက် တောင်များကို တွေ့နိုင်ပါသည်။ထယ်ဘက်တောင်တန်း၏ အဓိကတောင်တန်းများမှာ ဆောရက်တောင်နှင့် အိုဒယ်တောင်တို့ ဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်မှ ဂျယ်ဂျူကျွန်းတွင်ရှိသော ဟန်လာတောင်သည် ကိုရီးယားတွင် အမြင့်ဆုံးတောင်ဖြစ်ပါသည်။ကိုရီးယား၏ အနောက်ဘက်နှင့် တောင်ဘက်တွင် မြစ်ရှိပြီး မြေပြန့်ဒေသရှိပါသည်။ အဓိကမြေပြန့်ဒေသများမှာ ဟိုနမ်းမြေပြန့်ဒေသနှင့် နာဂျူမြေပြန့်ဒေသတို့ဖြစ်ပြီး ကိုရီးယားနိုင်ငံ၏ အဓိကစားသောက်ကုန်ဖြစ်တဲ့ ဆန်ကို စိုက်ပျိုးလျက်ရှိပါတယ်။

ဒါ့ပြင် ကိုရီးယား ကျွန်းဆွယ် အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့မှာ ပင်လယ်များဝန်းရံလျက်ရှိပြီး ပင်လယ်ကမ်းရိုးတန်းဒေသများကိုလည်း မြင်တွေ့နိုင်ပါတယ်။ ကမ်းရိုးတန်းဒေသသုံးခုတွင် မြောက်ကမ်းရိုးတန်းနှင့် အနောက်ဘက်ကမ်းရိုးတန်းတို့မှာ ကမ်းရိုးတန်းများ ရှုပ်ထွေးပြီး အရှေ့ဘက်ကမ်းရိုးတန်းမှာ သဲသောင်တွေကျယ်ပြန့်စွာဖြစ်ပေါ်နေလျက်ရှိပါတယ်။

487 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.