Sony နှင့် Panasonic ပူးပေါင်းပြီး 300GB ဝင်ဆံ့နိုင်သော Discs ပြား ထုတ်လုပ်ရန်ရှိ။

1003152_546995232004158_754324700_n.jpg

ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး အီလက်ထရောနစ် ပြိုင်ဘက် ကုမ္ပဏီနှစ်ခုဖြစ်ကြတဲ့ Sony နဲ့  Panasonic တို့ က data ပေါင်း အနည်းဆုံး 300GB ဝင်ဆံ့တဲ့ မျိုးဆက်သစ် Discs အမျိုးအစားတစ်မျိုးကို ပူးပေါင်းတီထွင်ကြပြီး ၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှာ စတင်ထုတ်ဝေဖို့ ရှိပါတယ်။

“DVD discs တွေမှာဆိုရင် 4.7 GB သာပါရှိပြီး၊ single-layer Blu-ray discs မှာဆိုရင် 25 GB အထိသာ ဝင်ဆံ့နိုင်တာကြောင့်မလို့ ရေရှည်အသုံးခံနိုင်တဲ့ 300 GB ဝင်ဆံ့နိုင်မယ့် Discs မျိုးကို တီထွင်ထုတ်လုပ်ဖို့  စီစဉ်နေတာပါ။” လို့  ကုမ္ပဏီမှ ကွာဟချက်များကို နှိုင်းယှဉ်ပြီး ရှင်းပြခဲ့ပါတယ်။

ယခုလို Sony နဲ့  Panasonic ကုမ္ပဏီတို့ ပူးပေါင်းတီထွင်တာက ပထမဆုံး အကြိမ်မဟုတ်တော့ပါဘူး။ OLED မျက်နှာပြင် နဲ့ မော်ဂျူး ပါရှိတဲ့ တီဗီ နဲ့  တခြား အီလက်ထရောနစ် ပစ္စည်းတွေကို မနှစ်ကလည်း ဒီကုမ္ပဏီနှစ်ခုက ပူးပေါင်းတီထွင်ဆောင်ရွက်ခဲ့ကြပါသေးတယ်။

http://mashable.com/2013/07/29/sony-panasonic-300gb-optical-discs/ မှ ကောက်နှုတ် ဘာသာပြန်၍ တင်ဆက်ထားပါသည်။
“Laser and video discs 24” © 26th July 2013 Windell Oskay, used under a Creative Commons Attribution-ShareAlike license:http://creativecommons.org/licenses/by/2.0/deed.en

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.