မိမိနိုင်ငံသားမဟုတ်တဲ့ နိုင်ခြားသားလူမျိုးခြားတွေနဲ့လက်ထပ်ထားတဲ့ ကိုရီးယားဆယ်လီတွေကို သင်သိပါသလား။

1) Kim Tae Young


တောင်ကိုရီးယားနိုင်ငံရဲ့ ဒါရိုက်တာနှင့် ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်တဲ့ Kim Tae-Young ကတော့ တရုတ်နိုင်ငံရဲ့ နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Tang Wei နဲ့ လက်ထပ်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတွေကိုလဲ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

2) Jeong Jun-ha


ဟာသမင်းသားတစ်ယောက်အနေနဲ့လဲ လူသိများတဲ့ မင်းသား Jeong Jun-ha ကတော့ ဂျပန်လေယာဉ်မယ်တစ်ဦးဖြစ်တဲ့ Nina Yagi နဲ့လက်ထပ်ခဲ့ပါတယ်။

3) Shin Joo-ah


တောင်ကိုရီးယားရဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ Shin Joo-ah ကတော့ ထိုင်းလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Rachanacun နဲ့လက်ထပ်ခဲ့ပါတယ်။

4) Park Joo-ho


တောင်ကိုရီးယားရဲ့ ဘောလုံးအားကစားသမားတစ်ဦးဖြစ်တဲ့ Park Joo-ho ကတော့ Basel FC မှာ ကစားရင်း သူရဲ့ ဇနီးဖြစ်တဲ့ Anna နဲ့ တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ သမီးလေးနှစ်ယောက်ကိုပါပိုင်ဆိုင်ထားပြီး ပျော်ရွင်ဖွယ်မိသားစုလေးဖြစ်နေပါပြီ။

5) Chae Rim


တောင်ကိုရီးယားနိုင်ငံရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီး Chae Rim ကတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီးမင်းသား Gao Ziqi ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

6) Choi Soo-Jong


Choi Soo-Jonng နဲ့ သူ့ရဲ့ ဇနီး Ha Hee Ra တို့ကတော့ ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ရင်းတွေ့ခဲ့ပြီး ၃ နှစ်အကြာမှာ လက်ထပ်ခဲ့ပါတယ်။

7) Ham So-won


ချစ်စရာမျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီး Ham So-won ကတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး မင်းသားတစ်ဦးဖြစ်တဲ့ Jin Hua နဲ့လက်ထပ်ခဲ့ပြီးချစ်စရာသမီးလေးတစ်ယောက်လဲ ရှိနေပြီဖြစ်ပါတယ်။

8) Choo Ja-hyun


တောင်ကိုရီးယား သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Choo Ja-hyun ကတော့ တရုတ်နိုင်ငံရဲ့ အဆိုတော်နှင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသား Yu Xiaoguang နဲ့ ၂၀၁၇ မှာ လက်ထပ်ခဲ့ပါတယ်။

9) Kim Jung-min


မင်းသား Kim Jumg-min ကတော့ အဆိုတော်နှင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဂျပန်အဆိုတော်တစ်ဦးဖြစ်တဲ့ Rumiko Tani နဲ့ ၂၀၀၆ ခုနှစ်မှာလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.