ကိုရီးယားနိုင်ငံမှာရာသီဥတုလေးမျိုးရှိပြီး ရာသီအလိုက် စိုက်ပျိုးကြတဲ့ သီးနှံတွေက ဘာတွေလဲ။

ကိုရီးယားလူမျိုးတွေက နွေဦးရာသီမှာတော့ လယ်ယာစိုက်ပျိုးဖို့ကို ပြင်ဆင်ကြပါတယ်။ မြေသြဇာကို ကြဲပြီး ယာခင်းကို ထွန်ပြီး မျိုးစေ့ကို ကြဲတာဖြစ်ဖြစ်၊ ပျိုးပင်ကို စိုက်ဖို့ ပြင်ဆင်ခြင်းတွေလုပ်ကြပါတယ်။ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ သခွားသီး၊ ဖရုံသီး၊ ငရုပ်သီး စတာတွေကို စိုက်ပျိုးကြပါတယ်။

နွေရာသီမှာတော့ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ရိတ်သိမ်းရပါတယ်။ လယ်ထဲကို ဆေးဖျန်းပြီး နှုတ်တဲ့ အလုပ်ကို ဆက်တိုက်လုပ်ရပါတယ်။ စိုက်ခင်းမှာ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ် စတာတွေကို စိုက်ပြီး ကြီးထွားအောင်လုပ်ရပါတယ်။ထို့နောက် ဆောင်းရာသီ ဂင်မ်ချီသိပ်ခြင်းမှာ လိုအပ်တဲ့ မုန်ညှင်းထုပ်ကိုလဲ စိုက်ပျိုးပါတယ်။


ဆောင်းဦးရာသီကတော့ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းတဲ့ ရာသီဖြစ်ပါတယ်။ နွေရာသီမှာ စိုက်ပျိုးခဲ့တဲ့ ဟင်းသီးဟင်းရွက်နှင့် စပါးတို့ကို ရိတ်သိမ်းရပါတယ်။
ဆောင်းရာသီရောက်ရင်တော့ တစ်နှစ်ပတ်လုံးအသုံးပြုခဲ့တဲ့ လယ်ယာသုံးပစ္စည်းတွေကို ပြင်ဆင်ပြီး နောက်နှစ်အတွက် လယ်ယာစိုက်ပျိုးခြင်း အစီအစဉ်ကို ရေးဆွဲကြပါတယ်။

ဆောင်းရာသီမှာလဲ ပလတ်စတစ်အိမ်မှာ အမျိုးမျိုးသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို စိုက်ပျိုးကြပါတယ်။ဒီလိုဆိုရင်တော့ ပရိသတ်ကြီးလဲ ကိုရီးယားရဲ့ ရာသီဥတုတွေအလိုက် ဘယ်လိုမျိုးသီးနှံတွေကို စိုက်ပျိုးကြလဲဆိုတာ သိရှိပြီး ဗဟုသုတရရှိမယ်လို့ မျှော်လင့်မိပါတယ်။

242 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.