အခ်စ္ရဲ့ အဓိပၸါယ္

အခ်စ္ကို အမ်ဳိးမ်ဳိးဖဲြ႔ဆိုၾကပါတယ္။ တခ်ဳိ႕က အခ်စ္ရဲ႕နာက်င္ခါးသီးမႈအေၾကာင္း ဖဲြ႔ဆိုတယ္၊ ဝမ္းနည္းေၾကကဲြမႈအေၾကာင္း ဖဲြ႔ဆိုတယ္၊ အခ်စ္အေၾကာင္းအမ်ိဳးမ်ိဳးဖြဲ႔ဆိုတဲ့အထဲကမွ Trend ပရိသတ္ႀကီးအတြက္ အခ်စ္ရဲ႕ တစ္ဦးအေပၚတစ္ဦးနားလည္ခြင့္လႊတ္မႈ၊ ေပ်ာ္႐ႊင္ၾကည္ႏူးမႈ၊ ေပးဆပ္မႈေတြကို ဖြဲ႔ဆိုထားတဲ့ အခ်စ္ရဲ့ အဓိပၸါယ္ေတြကို ေဝမၽွလိုက္ပါတယ္ေနာ္။

၁။ အခ်စ္ဆိုတာ ေရဆာေနတုန္း ေသာက္ရတဲ့ေရတစ္ေပါက္ျဖစ္တယ္။ ပင္ပန္းေနတုန္း ေသာက္ရတဲ့ ေရေႏြးၾကမ္းတစ္ခြက္ျဖစ္တယ္။
၂။ အခ်စ္ဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ အေဝးေရာက္ေနတုန္း အခ်င္းခ်င္းဆက္တဲ့ဖုန္းျဖစ္တယ္။ လြမ္းဆြတ္ေဝးကြာေနတဲ့ ႏွလံုးသားတစ္စံုကို နီးကပ္ေစတယ္။
၃။ အခ်စ္ဆိုတာ စိတ္မၾကည္လင္တုန္း နမ္း႐ႈံ႕လိုက္တဲ့ ပန္းကေလးတစ္ပြင့့္ျဖစ္တယ္။
၄။ အခ်စ္ဆိုတာ စိတ္ညစ္အားငယ္ေနတုန္း ႏွစ္သိမ့္အားေပးတဲ့စကားျဖစ္တယ္။ စိတ္တိုေဒါသထြက္တုန္း ေနာက္ေျပာင္တဲ့ဟာသျဖစ္တယ္။
၅။ အခ်စ္ဆိုတာ စိတ္ေနစိတ္ထားတစ္ခုျဖစ္တယ္။ ႏွင္းဆီတစ္ပြင့္ပဲျဖစ္ျဖစ္၊ စိန္လက္စြပ္တစ္ကြင္းပဲျဖစ္ျဖစ္ လွပတဲ့အခ်စ္ကို ပိုင္ဆိုင္ႏိုင္တယ္။ အခ်င္းခ်င္းၾကည့္တ့ဲ အၾကည့္ထဲကေန ေပ်ာ္ရႊင္မႈကို ရေစတယ္။
၆။ အခ်စ္ဆိုတာ ယံုၾကည္မႈတစ္မ်ဳိးျဖစ္တယ္။ ဘယ္လိုပခံုးမ်ဳိးကိုမီွရမယ္ဆုိတာ သင္သိတယ္။
ဘယ္လိုရင္ခြင္မွာအိပ္မွ အိပ္ေပ်ာ္မယ္ဆိုတာကို သူသိတယ္။
၇။ အခ်စ္ဆိုတာ ဘဝတစ္မ်ဳိးျဖစ္တယ္။ မခဲြမခြာ၊ ဒိုးတူေပါက္ဖက္၊ လက္ခ်င္းယွက္ၿပီး ေလျပင္းမုန္တိုင္းေတြကို အတူတူရင္ဆိုင္တယ္။ ႏွစ္ၾကာေလ အဖိုးတန္ေလျဖစ္တဲ့ ႏွစ္ခ်ဳိ႕ဝိုင္ျဖစ္တယ္။
၈။ အခ်စ္ဆိုတာ မထင္မွတ္၊ ေမွ်ာ္လင့္မထားတဲ့အခ်ိန္မွာ သင့္လက္ကိုေႏြးေထြးေစၿပီး သင့္ႏွလံုးသားကို လႈပ္ရွားေစတဲ့အရာျဖစ္ပါတယ္။
၉။ အခ်စ္ဆိုတာ သူ႔ဆံပင္ေလးကို သပ္တင္ေပးလိုက္တာ ျဖစ္ပါတယ္။
၁၀။ ေနာက္ဆံုးေတာ့ အခ်စ္ဆိုတာ ေႏြမိုးေဆာင္းအေျပာင္းအလဲၾကားမွာ အတူတူ တျဖည္းျဖည္းအိုမင္းသြားတာ ျဖစ္ပါတယ္။

[ Unicode ]

အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ တချို့က အချစ်ရဲ့နာကျင်ခါးသီးမှုအကြောင်း ဖွဲ့ဆိုတယ်၊ ဝမ်းနည်းကြေကွဲမှုအကြောင်း ဖွဲ့ဆိုတယ်၊ အချစ်အကြောင်းအမျိုးမျိုးဖွဲ့ဆိုတဲ့အထဲကမှ Trend ပရိသတ်ကြီးအတွက် အချစ်ရဲ့ တစ်ဦးအပေါ်တစ်ဦးနားလည်ခွင့်လွှတ်မှု၊ ပျော်ရွှင်ကြည်နူးမှု၊ ပေးဆပ်မှုတွေကို ဖွဲ့ဆိုထားတဲ့ အချစ်ရဲ့ အဓိပ္ပါယ်တွေကို ဝေမျှလိုက်ပါတယ်နော်။

၁။ အချစ်ဆိုတာ ရေဆာနေတုန်း သောက်ရတဲ့ရေတစ်ပေါက်ဖြစ်တယ်။ ပင်ပန်းနေတုန်း သောက်ရတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။
၂။ အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဝေးရောက်နေတုန်း အချင်းချင်းဆက်တဲ့ဖုန်းဖြစ်တယ်။ လွမ်းဆွတ်ဝေးကွာနေတဲ့ နှလုံးသားတစ်စုံကို နီးကပ်စေတယ်။
၃။ အချစ်ဆိုတာ စိတ်မကြည်လင်တုန်း နမ်းရှုံ့လိုက်တဲ့ ပန်းကလေးတစ်ပွင့်ဖြစ်တယ်။
၄။ အချစ်ဆိုတာ စိတ်ညစ်အားငယ်နေတုန်း နှစ်သိမ့်အားပေးတဲ့စကားဖြစ်တယ်။ စိတ်တိုဒေါသထွက်တုန်း နောက်ပြောင်တဲ့ဟာသဖြစ်တယ်။
၅။ အချစ်ဆိုတာ စိတ်နေစိတ်ထားတစ်ခုဖြစ်တယ်။ နှင်းဆီတစ်ပွင့်ပဲဖြစ်ဖြစ်၊ စိန်လက်စွပ်တစ်ကွင်းပဲဖြစ်ဖြစ် လှပတဲ့အချစ်ကို ပိုင်ဆိုင်နိုင်တယ်။ အချင်းချင်းကြည့်တဲ့ အကြည့်ထဲကနေ ပျော်ရွှင်မှုကို ရစေတယ်။
၆။ အချစ်ဆိုတာ ယုံကြည်မှုတစ်မျိုးဖြစ်တယ်။ ဘယ်လိုပခုံးမျိုးကိုမှီရမယ်ဆိုတာ သင်သိတယ်။
ဘယ်လိုရင်ခွင်မှာအိပ်မှ အိပ်ပျော်မယ်ဆိုတာကို သူသိတယ်။
၇။ အချစ်ဆိုတာ ဘဝတစ်မျိုးဖြစ်တယ်။ မခွဲမခွာ၊ ဒိုးတူပေါက်ဖက်၊ လက်ချင်းယှက်ပြီး လေပြင်းမုန်တိုင်းတွေကို အတူတူရင်ဆိုင်တယ်။ နှစ်ကြာလေ အဖိုးတန်လေဖြစ်တဲ့ နှစ်ချို့ဝိုင်ဖြစ်တယ်။
၈။ အချစ်ဆိုတာ မထင်မှတ်၊ မျှော်လင့်မထားတဲ့အချိန်မှာ သင့်လက်ကိုနွေးထွေးစေပြီး သင့်နှလုံးသားကို လှုပ်ရှားစေတဲ့အရာဖြစ်ပါတယ်။
၉။ အချစ်ဆိုတာ သူ့ဆံပင်လေးကို သပ်တင်ပေးလိုက်တာ ဖြစ်ပါတယ်။
၁၀။ နောက်ဆုံးတော့ အချစ်ဆိုတာ နွေမိုးဆောင်းအပြောင်းအလဲကြားမှာ အတူတူ တဖြည်းဖြည်းအိုမင်းသွားတာ ဖြစ်ပါတယ်။

Ref; rsgoals

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.