ပန္းႏုေသြးေရာင္ႏႈတ္ခမ္းပိုင္ရွင္မေလးျဖစ္ဖုိ႔

လွပစြဲမက္ဖြယ္ ပင္ကိုယ္ႏႈတ္ခမ္းတစ္စံုနဲ႔ ပန္းႏုေသြးေရာင္ႏႈတ္ခမ္းပိုင္ရွင္မေလးျဖစ္ဖုိ႔ အလွအပႀကိဳက္တဲ့ Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ ပန္းႏုေရာင္ႏႈတ္ခမ္းေလး ပိုင္ဆိုင္ၾကပါေစေနာ္။

၁။ သၾကား ( Sugar )
သၾကားနဲ ့ပြတ္ပါ။ ႏႈတ္ခမ္းမည္းမည္းေတြအတြက္ သၾကားက အေကာင္းဆံုးေဆးပါဘဲ။ လၻက္ရည္ဇြန္း ၃-ဇြန္းစာပမာဏရွိတဲ့ သၾကားမႈန္ ့ျဖဴျဖဴေလးေတြကို ေထာပတ္နဲ ့ေရာျပီးေနာက္၊ ရလာတဲ့အႏွစ္ကို ႏႈတ္ခမ္းေပၚလိမ္းေပးပါ။ ေထာပတ္က ႏႈတ္ခမ္း သား အစိုဓာတ္ကိုထိန္းေပးသလို၊ သၾကားက ႏႈတ္ခမ္းေပၚရွိ ဆဲလ္အေသေတြကို ဖယ္ရွားေပးပါတယ္။

၂။ သၾကားမုန္လာ ( Beetroot )
သၾကားမုန္လာ ( Beetroot ) ကိုသံုးပါ။ေသြးၾကည္ေရာင္လို ရဲရဲနီတဲ့ သၾကားမုန္လာဥေတြက အေရျပားေပၚရွိဆဲလ္အေသေတြကို ေကာင္းစြာဖယ္ရွားေပးနိုင္ျပီးေတာ့၊
ႏႈတ္ခမ္းသာမည္းျခင္းကို တျဖည္းျဖည္းေလ်ာ့ပါးသြားေစပါ တယ္။

၇။ ဆား ( Salt )
ဆားနဲ ့ပြတ္ပါ။ အိမ္သံုးဆားမႈန္ေလးေတြကို ႏြားႏို ့ နဲ ့ေရာျပီးေတာ့၊ ရလာတဲ့ အႏွစ္ပ်စ္ပ်စ္ေတြကို ႏႈတ္ခမ္းသားေပၚ ခပ္ဖြဖြ ပြတ္တိုက္ေပးပါ။ ၁၅-မိနစ္ခန ့္အၾကာ ေရေအးျဖင့္ေဆးပါ (ေရခဲေရမဟုတ္္ပါ)

၃။ သံလြင္ဆီ ( Olive Oil )
သံလြင္ဆီလိမ္းပါ။ အသားအေရကိုေကာင္းက်ိဳးျပဳကာ အာဟာရတန္ဖိုးေျမာက္မ်ားစြာပါတဲ့ သံလြင္ဆီကို ႏႈတ္ခမ္းေပၚမွာ အစက္ကေလးေတြခ်ျပီးေတာ့ ႏႈတ္ခမ္းသားထဲစိမ့္၀င္ေအာင္ ပြတ္လိမ္းေပးပါ။

၄။ ႏွင္းဆီ (Rose)
ႏွင္းဆီပြင့္ခ်ပ္ေလးေတြသံုးပါ။ ႏွင္းဆီပြင့္ခ်ပ္ေလးေတြကို ေထာပတ္နဲ ့ေရာေထာင္းျပီးေတာ့ ရလာတဲ့ အႏွစ္ေတြကို ႏႈတ္ခမ္းေပၚ အံုတင္ထားေပးပါ။
အဲဒီလို ရက္သတၱ ၁-ပတ္မွာ ၂-ၾကိမ္ေလာက္ လုပ္ေပးျခင္းျဖင့္ မည္းေနတဲ့ႏႈတ္ခမ္းသားေတြ တျဖည္းျဖည္း အေရာင္ ေဖ်ာ့သြားလာပါလိမ့္မယ္။

၅။ စေတာ္ဘယ္ရီ ( Strawberry )
စေတာ္ဘယ္ရီသီးေတြနဲ ့ပြတ္ပါ။ စေတာ္ဘယ္ရီသီးေတြကလည္း ႏႈတ္ခမ္းသား
မည္းျခင္းအတြက္ အေကာင္းဆံုး သဘာ၀ေဆး ေလးေတြပါဘဲ။ အဲဒီအသီးမွည့္မွည့္ေတြကို ရွာေစာင္းလက္ပပ္ဂ်ယ္လီ၊ ပ်ားရည္တို ့နဲ႔ ေရာျပီး ႏႈတ္ခမ္းသားကိုပြတ္တိုက္ေပးပါ။ ၁၀-မိနစ္ခန္ ့အၾကာမွာ ေရေအးျဖင့္ေဆးပါ (ေရခဲေရမဟုတ္္ပါ)

၆။ သလဲသီး ( Pomegranate )
သလဲသီးသံုးပါ။သလဲသီးကိုအေစ့ဖယ္ျပီးေနာက္ရလာတဲ့အသားဖတ္ေလးေတြကို
ေထာပတ္နဲ ့နယ္၍၊ ႏႈတ္ခမ္းသားေတြကို သုတ္လိမ္းေပးပါ။
ညအိပ္ယာ၀င္ခါးနီးတိုင္းလုပ္ေပးျခင္းျဖင့္ ရက္အနည္းငယ္အတြင္းမွာပင္
ႏႈတ္ခမ္းသားေလး သိသိသာသာ ပန္းေရာင္ ေျပာင္းလာနိုင္ပါတယ္။

၇။ ဆား ( Salt )
ဆားနဲ ့ပြတ္ပါ။ အိမ္သံုးဆားမႈန္ေလးေတြကို ႏြားႏို ့ နဲ ့ေရာျပီးေတာ့၊ ရလာတဲ့ အႏွစ္ပ်စ္ပ်စ္ေတြကို ႏႈတ္ခမ္းသားေပၚ ခပ္ဖြဖြ ပြတ္တိုက္ေပးပါ။ ၁၅-မိနစ္ခန ့္အၾကာ ေရေအးျဖင့္ေဆးပါ (ေရခဲေရမဟုတ္္ပါ)

၈။ ရွားေစာင္းလက္ပတ္ ( Aloe )
ရွားေစာင္းလက္ပတ္ဂ်ယ္လီသံုးပါ။ မည္းညစ္ေနတဲ့ နႈတ္ခမ္းသားကို မူလအေရာင္ျပန္ရေစဖို ့အတြက္ ရွားေစာင္းလက္ပတ္ဂ်ယ္လီ က အေကာင္းဆံုးသမားေတာ္ျဖစ္ပါတယ္။
အဲဒီအပင္ထဲက အႏွစ္ေတြကိုညွစ္ခ်ျပီးေတာ့ ႏႈတ္ခမ္းသားေပၚတင္ျပီး ပြတ္လိမ္း လိုက္ရံုပါဘဲ။

၉။ ငွက္ေပ်ာသီး ( Banana )
ငွက္ေပ်ာသီးသံုးပါ။ ဌက္ေပ်ာသီးမွည့္မွည့္ကို ႏြားနို ့၊ ပ်ားရည္တို ့ျဖင့္ သမေအာင္ေရာနယ္ျပီးေတာ့ ေန ့စဥ္လိမ္းေပးပါ။ ရက္ အနည္းအတြင္းမွာပင္ ထူးျခားတဲ့ အာနိသင္ကို လက္ေတြ ့ခံစားရပါလိမ့္မယ္။

[ Unicode ]

လှပစွဲမက်ဖွယ် ပင်ကိုယ်နှုတ်ခမ်းတစ်စုံနဲ့ ပန်းနုသွေးရောင်နှုတ်ခမ်းပိုင်ရှင်မလေးဖြစ်ဖို့ အလှအပကြိုက်တဲ့ Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ပန်းနုရောင်နှုတ်ခမ်းလေး ပိုင်ဆိုင်ကြပါစေနော်။

၁။ သကြား ( Sugar )
သကြားနဲ့ပွတ်ပါ။ နှုတ်ခမ်းမည်းမည်းတွေအတွက် သကြားက အကောင်းဆုံးဆေးပါဘဲ။ လ္ဘက်ရည်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ သကြားမှုန့်ဖြူဖြူလေးတွေကို ထောပတ်နဲ့ရောပြီးနောက်၊ ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်း သား အစိုဓာတ်ကိုထိန်းပေးသလို၊ သကြားက နှုတ်ခမ်းပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။

၂။ သကြားမုန်လာ ( Beetroot )
သကြားမုန်လာ ( Beetroot ) ကိုသုံးပါ။သွေးကြည်ရောင်လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေက အရေပြားပေါ်ရှိဆဲလ်အသေတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပြီးတော့၊
နှုတ်ခမ်းသာမည်းခြင်းကို တဖြည်းဖြည်းလျော့ပါးသွားစေပါ တယ်။

၇။ ဆား ( Salt )
ဆားနဲ့ပွတ်ပါ။ အိမ်သုံးဆားမှုန်လေးတွေကို နွားနို့ နဲ့ရောပြီးတော့၊ ရလာတဲ့ အနှစ်ပျစ်ပျစ်တွေကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

၃။ သံလွင်ဆီ ( Olive Oil )
သံလွင်ဆီလိမ်းပါ။ အသားအရေကိုကောင်းကျိုးပြုကာ အာဟာရတန်ဖိုးမြောက်များစွာပါတဲ့ သံလွင်ဆီကို နှုတ်ခမ်းပေါ်မှာ အစက်ကလေးတွေချပြီးတော့ နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။

၄။ နှင်းဆီ (Rose)
နှင်းဆီပွင့်ချပ်လေးတွေသုံးပါ။ နှင်းဆီပွင့်ချပ်လေးတွေကို ထောပတ်နဲ့ရောထောင်းပြီးတော့ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင်ထားပေးပါ။
အဲဒီလို ရက်သတ္တ ၁-ပတ်မှာ ၂-ကြိမ်လောက် လုပ်ပေးခြင်းဖြင့် မည်းနေတဲ့နှုတ်ခမ်းသားတွေ တဖြည်းဖြည်း အရောင် ဖျော့သွားလာပါလိမ့်မယ်။

၅။ စတော်ဘယ်ရီ ( Strawberry )
စတော်ဘယ်ရီသီးတွေနဲ့ပွတ်ပါ။ စတော်ဘယ်ရီသီးတွေကလည်း နှုတ်ခမ်းသား
မည်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေး လေးတွေပါဘဲ။ အဲဒီအသီးမှည့်မှည့်တွေကို ရှာစောင်းလက်ပပ်ဂျယ်လီ၊ ပျားရည်တို့နဲ့ ရောပြီး နှုတ်ခမ်းသားကိုပွတ်တိုက်ပေးပါ။ ၁၀-မိနစ်ခန့်အကြာမှာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

၆။ သလဲသီး ( Pomegranate )
သလဲသီးသုံးပါ။သလဲသီးကိုအစေ့ဖယ်ပြီးနောက်ရလာတဲ့အသားဖတ်လေးတွေကို
ထောပတ်နဲ့နယ်၍၊ နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။
ညအိပ်ယာဝင်ခါးနီးတိုင်းလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာပင်
နှုတ်ခမ်းသားလေး သိသိသာသာ ပန်းရောင် ပြောင်းလာနိုင်ပါတယ်။

၇။ ဆား ( Salt )
ဆားနဲ့ပွတ်ပါ။ အိမ်သုံးဆားမှုန်လေးတွေကို နွားနို့ နဲ့ရောပြီးတော့၊ ရလာတဲ့ အနှစ်ပျစ်ပျစ်တွေကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

၈။ ရှားစောင်းလက်ပတ် ( Aloe )
ရှားစောင်းလက်ပတ်ဂျယ်လီသုံးပါ။ မည်းညစ်နေတဲ့ နှုတ်ခမ်းသားကို မူလအရောင်ပြန်ရစေဖို့အတွက် ရှားစောင်းလက်ပတ်ဂျယ်လီ က အကောင်းဆုံးသမားတော်ဖြစ်ပါတယ်။
အဲဒီအပင်ထဲက အနှစ်တွေကိုညှစ်ချပြီးတော့ နှုတ်ခမ်းသားပေါ်တင်ပြီး ပွတ်လိမ်း လိုက်ရုံပါဘဲ။

၉။ ငှက်ပျောသီး ( Banana )
ငှက်ပျောသီးသုံးပါ။ ဌက်ပျောသီးမှည့်မှည့်ကို နွားနို့၊ ပျားရည်တို့ဖြင့် သမအောင်ရောနယ်ပြီးတော့ နေ့စဉ်လိမ်းပေးပါ။ ရက် အနည်းအတွင်းမှာပင် ထူးခြားတဲ့ အာနိသင်ကို လက်တွေ့ခံစားရပါလိမ့်မယ်။

Ref; skincare

 

484 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.