သစ်သီးဝလံတွေကို တာရှည်ခံအောင်ဘယ်လိုထားသင့်လဲ။

၁။ သခွားသီးကို သီးသန့်ထားပါ။

ခရမ်းချဉ်သီး၊ငှက်ပျောသီး၊ဖရဲသီးတို့လို အသီးတွေက ရင့်မှည့်တဲ့ ethylene gas ကိုထုတ်ပေးလို့ အမှည့်လွန်အပုပ်လွယ်စေပါတယ်။သခွားသီးက ethylene gas ကို လုံးဝမခံနိုင်တဲ့အတွက်ကြောင့် သီးသန့်သိမ်းဆည်းသင့်ပါတယ်။


၂။ရွှေဖရုံသီးတွေကို ပန်းသီးနဲ့အတူ မထားပါနှင့်။

ရွှေဖရုံသီးက အထားခံပေမယ့် ပန်းသီး(ပန်းသစ်တော်၊သစ်တော်သီး)နဲ့ အတူမထားသင့်ပါဘူး။အဲ့ဒီအသီးတွေက ဖရုံသီးကိုမြန်မြန်မှည့်စေပြီး ပုပ်လွယ်စေပါတယ်။

၃။ဥ မှန်သမျှကို အိတ်နဲ့ထည့်ပါ။

မုန်လာဥနီ၊ ကြက်သွန်နီတို့လို မြေကြီးထဲမှာ ဥတဲ့ ဟင်းသီးဟင်းရွက်တွေကို အာဟာရဓာတ်တွေ မဆုံးရှုံးအောင် သိမ်းဆည်းသင့်ပါတယ်။သိမ်းဆည်းဖို့ဆိုရင် သူတို့ကို အေးပြီး စိုထိုင်းတဲ့ အရိပ်ထဲမှာပဲ သိမ်းဆည်းသင့်ပါတယ်။အကောင်းဆုံးက စက္ကူအိတ် (သို့) စက္ကူနဲ့ပတ်ပြီး သိမ်းပါ။ရေခဲသေတ္တာထဲထည့်လျှင် ပလတ်စတစ်နဲ့ လုံအောင် ထည့်ဖို့ လိုအပ်ပါတယ်။

၎။ဘယ်ရီသီးတွေကို ဆေးကြောပါ။

ဗီနီဂါ ပန်းကန်လုံးတစ်လုံးစာကို ရေပန်းကန်သုံးလုံးနဲ့ ရောပြီး အသီးတွေကို သေချာဆေးကြောပေးနိုင်ပါတယ်

၅။ပန်းသီးနဲ့ လိမ္မော်သီး ခွဲသိမ်းပါ။

ပန်းသီးကို တာရှည်ခံစေချင်ရင် လိမ္မော်သီးနှင့်ခွဲပြီး ရေခဲသေတ္တာထဲသို့ ထည့်သိမ်းပါ။ လေဝင်နိုင်တဲ့ စကာပေါက်အိတ်လေးတွေနဲ့ ထည့်ပါ။ ပလတ်စတစ်နဲ့ထည်ရင် မှိုတတ်နိုင်ပါတယ်။

၆။ငှက်ပျောသီးကို သီးသန့်ထားပါ။

ငှက်ပျောသီးက မှည့်လွယ်တဲ့အသီးဖြစ်တာကြောင့် အပြင်မှာအမှည့်ခံပြီး ရေခဲ့သေတ္တာထဲမှာ ထည့်သိမ်းထားပေးမယ်ဆိုရင် ပိုပြီး တာရှည်ခံပါတယ်။

၇။ကြက်သွန်နီနဲ့ အာလူးကို ရောမထားပါနှင့်။
ကြက်သွန်နီသည် အပူဓာတ်ရှိတာကြောင့်အာလူးနှင့် ရောထားတဲ့အခါ အာလူးကို မြန်မြန်ပုပ်စေပါတယ်။

၈။ ထောပတ်သီးအမှည့်နှင့် ငှက်ပျောသီး အတူမထားပါနှင့်။

ထောပတ်သီးအစိမ်းကို ငှက်ပျောသီးနဲ့ အတူထားရင် အသီးမှည့်တာပိုမြန်စေပါတယ်။ အဲ့ဒါကြောင့် ထောပတ်သီးမှည့်နေရင် ငှက်ပျောသီးနဲ့ အတူထားတဲ့အခါ ပိုပြီး ပုပ်လွယ်စေပါတယ်။

၉။ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်ပါနဲ့။

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားလျှင် အသီးရဲ့ အာနိသင်၊ အရသာတွေကို ပျက်စီးစေနိုင်ပါတယ်။
Ref; NAVER

596 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.