ရေစက်ကောင်းဆိုတာ စောင့်ဆိုင်းနေရမယ့်အရာလား…

ရေစက်ကောင်းတွေဆိုတာ ဆုံလို့ပဲရပြီးဆုတောင်းလို့မရပါဘူး။
စောင့်နေပေးဖို့ပဲလိုပါတယ်။(ဘာကိုစောင့်ရမှာလဲ)

မင်းနှလုံးသားထဲမှာ နှင်းခဲမတတ်အေးနေပေမယ့်လည်းမင်းကိုအနွေးဓာတ်ပေးနိုင်တဲ့သူကို စောင့်ရလိမ့်မယ်။ငယ်ငယ်တုန်းက အိပ်တဲ့အခါ ခေါင်းအုံးပေါ်မှာ သားရည်တွေချည်းပဲ၊ ကြီးပျင်းလာတော့ ခေါင်းအုံးပေါ်မှာ မျက်ရည်တွေနဲ့ဖြစ်သွားပြန်ရော၊ငယ်ငယ်ကဆို အပြုံးဆိုတာ စိတ်ရဲ့ ခံစားချက်၊ကြီးလာတော့ အပြုံးဆိုတာ ဟန်ပန်အမူအရာဖြစ်သွားပြန်ရော၊ ငယ်ငယ်က ငိုရင်းငိုရင်းနဲ့ ရယ်ခဲ့ရပေမယ့် ကြီးလာတော့ရယ်ရင်းရယ်ရင်းနဲ့ ငိုနေရပြန်တယ်။

အခုတော့ သူများအားအကျဆုံးအတိုင်းအတာတစ်ခုကို ရောက်ရှိခဲ့ပေမယ့်ငယ်ငယ်တုန်းကဖြစ်ချင်တဲ့ အိမ်မက်တွေကတော့ဖြစ်မလာခဲ့ဘူး။ဒါကြောင့် ရေစက်ဆိုတာ ဆုံလို့ပဲရပြီး ဆုတောင်းလို့မရသလို တစ်ခါတစ်လေ အိမ်မက်ဆိုတာမျိုးက ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးလိုက်ရတဲ့ အခိုက်အတန့်တွေလဲရှိလာတဲ့အခါ ဘယ်အရာကိုမှ အားမလျော့ဘဲစောင့်ဆိုင်းပြီး လုပ်ဆောင်မယ်ဆိုရင် ရေစက်ကောင်းတွေလဲ ရှိလာနိုင်သလို အိမ်မက်တွေလဲအကောင်အထည်ဖော်လာနိုင်ပါလိမ့်မယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.