Stay at home လုပ်နေရတဲ့ အချိန်မှာ အိမ်မှာနေရင်း ကရင်ရိုးရာ တာလပေါဟင်းချက်စားကြရအောင်

ဒီတစ်ပတ်မှာတော့ ရိုးရာဟင်းချက်နည်းများစွာထဲကမှ ကရင်တိုင်းရင်းသားတို့ရဲ့ ရိုးရာဟင်းချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့

မျှစ်ဆက် (၅ကျပ်သား)
ပုဇွန်အကောင်သေး ၁၅၀ဂရမ်
ပြောင်းဖူး – ၁ဖူး
ဖရုံညွှန့် (သို့)ဘူးညွှန့်
ဒညင်းသီး ၁ လုံး
ရုံးပတီသီး ၂ တောင့်
ခနောဆန်ပြုတ်မှုန့် ထမင်းစားဇွန်း ၃ ဇွန်း
ပင်စိမ်း ၂၀ ဂရမ်
ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
စိမ်းစားငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ ၄ခွက်(၁လီတာ)
ငရုတ်သီးစိမ်းတောင့် ၃ တောင့်

မျှစ်တွေကိုရေစင်အောင်ဆေးပြီး ပုဇွန်ကို အခွံခွာထားပါ။ ပြောင်းဖူးစေ့တွေကို ပါးပါးလှီးထားပြီး ဖရုံညွှန့်(သို့)ဘူးညွှန့်တွေကို အရွက်သင်ပါ။ထို့နောက် ဒညင်းသီးကို ပါးပါးလှီးပေးထားပါ။
ပထမဦးစွာ အိုးထဲကို ရေထည့်ပြီး အိုးကို အပူးပေးထားပါ။
ရေဆူလာတဲ့အခါ ငါးပိစိမ်းသားနဲ့ ပုဇွန်ကို ထည့်ပေးပါ။
၁ မိနစ်ခန့်ကြာသောအခါ ပုဇွန်တွေကို ဆယ်ထားပြီး မျှစ်နဲ့ ဒညင်းသီးတွေကို ထည့်ပါ။
ခနေဆန်ပြုတ်မှုန့်ထည့်ပြီး မွှေပါ။
ပင်စိမ်းကလွဲပြီး ကျန်အသီးအရွက်များကို ထည့်ပေးပါ။
ပြောင်းဖူးနှင့် ဒညင်းသီးကျက်သည်အထိ ၁၅ မိနစ်လောက်ချက်ပေးပါ။
ငရုတ်သီးစိမ်းထည့်ပြီး ဆယ်ထားတဲ့ ပုဇွန်တွေကို ပြန်ထည့်ပေးပါ။ ၁၀ မိနစ်ခန့်လောက် တည်ထားပေးပါ။

နောက်ဆုံးမှာတော့ ပင်စိမ်းအုပ်ပြီး အရသာရှိတဲ့ ကရင်တာလပေါဟင်းကို သုံးဆောင်နိုင်ပါပြီ။

484 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.