တိုဟူးေႏြးေႏြးေလး ျပဳလုပ္နည္း

အိမ္မွာအဝဆြဲဖို႔ စားၿပီးရင္း စားခ်င္မဲ့ ေမႊးႀကိဳင္လတ္ဆတ္တဲ့ အရသာရွိရွိ တိုဟူးေႏြးေႏြးေလး ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။


ဟင္းအနွစ္အတြက္ ပါဝင္ပစၥည္းမ်ား
၁။ ၾကက္သား/ဝက္သား – ၁၅ က်ပ္သား(အတံုးေသးေသးလွီး)
၂။ ခရမ္းခ်ဥ္သီး – ၃ လံုး( ပါးပါးလွီး)
၃။ ၾကက္သြန္နီ -၁ လံုး(ပါးပါးလွီး)
၄။ ၾကက္သြန္ျဖဴ – ၃ မႊာ(ပါးပါးလွီး)
၅။ ငရုတ္သီးမႈန္.- စားပြဲတင္ဇြန္း ၁ ဇြန္း
၆။ ဆား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း
၇။ သၾကား- စားပြဲတင္ဇြန္း – ၁ ဇြန္း
၈။ ပဲငံျပာရည္အၾကည္ – စားပြဲတင္ဇြန္း ၁ ဇြန္း

တိုဟူးက်ိဳရန္ ပါဝင္ပစၥည္းမ်ား
၁။ ကုလားပဲစိမ္းမႈန္.တစ္ရာတန္ – ၂ ထုပ္
၂။ ဆား- လက္ဖက္ရည္ဇြန္း ၁ ဇြန္း
၃။ နႏြင္းမႈန္႔- လက္ဖက္ရည္ဇြန္း ၃ပံု ၁ပံု
၄။ အခ်ိဳမႈန္႔- လက္ဖက္ရည္ဇြန္း ၁ ဇြန္း
၅။ ေရ – ဆန္ခ်ိန္ခြက္ ၂ ခြက္

က်န္ပစၥည္းမ်ား
၁။ ဆန္စီးေခါက္ဆြဲ – ၁ ဝက္
၂။ ေျမပဲ – ပန္းကန္လံုး ၁ လံုး(မညက္တညက္ေထာင္း)
၃။ ၾကက္သြန္ျမိတ္ – အနည္းငယ္ (ပါးပါးလွီး)
၄။ ငံျပာရည္

ခ်က္ျပဳတ္နည္း
၁။ အရင္ဆံုး ဆန္စီးေခါက္ဆြဲကို ေရဆူဆူမွာ ခဏျပဳတ္ျပီီး ကပ္မသြားေအာင္ ေရေအးစိမ္္ထားပါ။
၂။ ဒယ္ထဲ ဆီ စားပြဲတင္ဇြန္း ၃ စြန္းထည့္ျပီး ျကက္သြန္ျဖဴျကက္သြန္နီ ငရုတ္သီးမႈန္.ဆီသတ္ပါ။
၃။ ခရမ္းခ်ဥ္သီးထည့္ပါ။ ခရမ္းခ်ဥ္သီးမ်ားေျကသြားေအာင္ ေရအနည္းငယ္ထည့္ျပီး အဖံုးအုပ္တည္ေပးပါ။
၄။ ခရမ္းခ်ဥ္သီးမ်ား အနည္းငယ္ႏြမ္းျပီဆိုလ်ွင္ အသားထည့္ပါ။အရသာအတြက္ ဆား သျကား ငံျပာရည္ထည့္ျပီး ေမႊေပးပါ။အသားမ်ား က်က္ေအာင္ တည္ေပးပါ။အသားမ်ားက်က္ျပီဆိုရင္ ပန္းကန္ထဲေျပာင္းထည့္ထားပါ။
၅။ တိုဟူးက်ိဳရန္အတြက္ ဇလံုတစ္ခုထဲသို.ကုလားပဲစိမ္းမႈန္.ထည့္ပါ။ေရတစ္ခြက္ထည့္ျပီး ပဲမႈန္.ကို ေလမဥေအာင္ ေခ်ေပးပါ။ျပီးမွ ေရတစ္ခြက္ထပ္ထည့္ပါ။ဆား နႏြင္း အခ်ိဳမႈန္.ထည့္ျပီး သမေအာင္ ေမႊေပးျပီး ဒယ္အိုးထဲ ေလာင္းထည့္ပါ။ မီးေအးေအးေလးနဲ.အဆက္မျပတ္ေမႊေပးပါ။ တိုဟူးကို ပံုပါအတိုင္း မပ်စ္မက်ဲအေျခအေနေရာက္ရင္ အိုးကိုခ်ပါ။

တိုဟူးေႏြးျပင္ဆင္ရန္အတြက္ ပန္းကန္ထဲသို.ဆန္ေခါက္ဆြဲလက္တစ္ဆုပ္စာထည့္ပါ။က်ိဳထားတဲ့တိုဟူးကို ေခါက္ဆြဲဖံုးသြားေအာင္ ထည့္ပါ။ ျပီးမွ အသားခရမ္းခ်ဥ္သီးအနွစ္ စားပြဲတင္ဇြန္း ၂စြန္း ေျမပဲေထာင္း ၁ စြန္း ငံျပာရည္ ၁ စြန္းႏွင့္ ျကက္သြန္ျမိတ္ထည့္ျပီး အရသာရွိရွိသံုးေဆာင္နိုင္ပါျပီေနာ္။

[ Unicode ]

အိမ်မှာအဝဆွဲဖို့ စားပြီးရင်း စားချင်မဲ့ မွှေးကြိုင်လတ်ဆတ်တဲ့ အရသာရှိရှိ တိုဟူးနွေးနွေးလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ဟင်းအနှစ်အတွက် ပါဝင်ပစ္စည်းများ
၁။ ကြက်သား/ဝက်သား – ၁၅ ကျပ်သား(အတုံးသေးသေးလှီး)
၂။ ခရမ်းချဉ်သီး – ၃ လုံး( ပါးပါးလှီး)
၃။ ကြက်သွန်နီ -၁ လုံး(ပါးပါးလှီး)
၄။ ကြက်သွန်ဖြူ – ၃ မွှာ(ပါးပါးလှီး)
၅။ ငရုတ်သီးမှုန်.- စားပွဲတင်ဇွန်း ၁ ဇွန်း
၆။ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ သကြား- စားပွဲတင်ဇွန်း – ၁ ဇွန်း
၈။ ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ ဇွန်း

တိုဟူးကျိုရန် ပါဝင်ပစ္စည်းများ
၁။ ကုလားပဲစိမ်းမှုန်.တစ်ရာတန် – ၂ ထုပ်
၂။ ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
၄။ အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ရေ – ဆန်ချိန်ခွက် ၂ ခွက်

ကျန်ပစ္စည်းများ
၁။ ဆန်စီးခေါက်ဆွဲ – ၁ ဝက်
၂။ မြေပဲ – ပန်းကန်လုံး ၁ လုံး(မညက်တညက်ထောင်း)
၃။ ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီး)
၄။ ငံပြာရည်

ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဆန်စီးခေါက်ဆွဲကို ရေဆူဆူမှာ ခဏပြုတ်ပြီး ကပ်မသွားအောင် ရေအေးစိမ်ထားပါ။
၂။ ဒယ်ထဲ ဆီ စားပွဲတင်ဇွန်း ၃ စွန်းထည့်ပြီး ကြက်သွန်ဖြူကြက်သွန်နီ ငရုတ်သီးမှုန်.ဆီသတ်ပါ။
၃။ ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီးများကြေသွားအောင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်တည်ပေးပါ။
၄။ ခရမ်းချဉ်သီးများ အနည်းငယ်နွမ်းပြီဆိုလျှင် အသားထည့်ပါ။အရသာအတွက် ဆား သကြား ငံပြာရည်ထည့်ပြီး မွှေပေးပါ။အသားများ ကျက်အောင် တည်ပေးပါ။အသားများကျက်ပြီဆိုရင် ပန်းကန်ထဲပြောင်းထည့်ထားပါ။
၅။ တိုဟူးကျိုရန်အတွက် ဇလုံတစ်ခုထဲသို.ကုလားပဲစိမ်းမှုန်.ထည့်ပါ။ရေတစ်ခွက်ထည့်ပြီး ပဲမှုန်.ကို လေမဥအောင် ချေပေးပါ။ပြီးမှ ရေတစ်ခွက်ထပ်ထည့်ပါ။ဆား နနွင်း အချိုမှုန်.ထည့်ပြီး သမအောင် မွှေပေးပြီး ဒယ်အိုးထဲ လောင်းထည့်ပါ။ မီးအေးအေးလေးနဲ.အဆက်မပြတ်မွှေပေးပါ။ တိုဟူးကို ပုံပါအတိုင်း မပျစ်မကျဲအခြေအနေရောက်ရင် အိုးကိုချပါ။

တိုဟူးနွေးပြင်ဆင်ရန်အတွက် ပန်းကန်ထဲသို.ဆန်ခေါက်ဆွဲလက်တစ်ဆုပ်စာထည့်ပါ။ကျိုထားတဲ့တိုဟူးကို ခေါက်ဆွဲဖုံးသွားအောင် ထည့်ပါ။ ပြီးမှ အသားခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂စွန်း မြေပဲထောင်း ၁ စွန်း ငံပြာရည် ၁ စွန်းနှင့် ကြက်သွန်မြိတ်ထည့်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

4K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.