အသည္းကြဲသူတစ္ေယာက္ရဲ႕ ႏွလံုးသားပဲ့တင္သံမ်ား

လူတစ္ေယာက္ကို ခ်စ္လာေအာင္ လူေတြကစြမ္းေဆာင္ႏိုင္သလို လူတစ္ေယာက္ကို ထားရစ္ခဲ့ဖို႕လည္း မတြန္႕ဆုတ္ၾကတတ္ဘူး။ ဒါေၾကာင့္ အသည္းကြဲသူတိုင္း ျဖစ္ေပၚေလ့ရွိတဲ့ ခံစားခ်က္တို႔ကို Trend ပရိသတ္ႀကီးလည္း နားလည္စာနာေစဖို႔ ေဝမၽွလိုက္ပါတယ္။ အရာအားလံုးကို အခ်ိန္က ကုစားႏိုင္ပါေစ။

၁။ ကိုယ္ဟာ က်န္ရစ္ေနခဲ့မယ္မွန္း သိထားေနခဲ့ေတာ့ သူ ထားရစ္ခဲ့လဲ ေအးေဆးပါပဲ။
၂။ အသည္းကြဲတဲ့အခ်ိန္မွာ ရည္းစားတစ္ေယာက္တည္းထားတာထက္ ရည္းစားႏွစ္ေယာက္ထားတာ ပိုျပီး ခံသာပါေသးတယ္။
၃။ သူနဲ႕ လမ္းခြဲသြားေတာ့ ပိုေကာင္းတာေပါ့။ ငါ့ရဲ့ အခ်စ္စစ္အခ်စ္မွန္ကို ရွာေဖြဖို႕ လမ္းဖြင့္ေပးလိုက္တာပဲ။
၄။ ဂြတ္ဘိုင္ပါ။ နင္နဲ႕ငါနဲ႕ ထာ၀ရလက္တြဲဖို႕ မသင့္ေတာ္ေသးလို႕။
၅။ နင့္ရဲ့ အခ်စ္ကို ေစာေစာစီးစီး နားလည္သေဘာေပါက္လိုက္ရတာ ငါ ကံေကာင္းလို႕ပဲ။
၆။ ရပါတယ္…ငါ့ ႏွလံုးသားထဲကို ၀င္လာဖို႕လဲ ငါ မဖိတ္ေခၚခဲ့သလို ထြက္သြားဖို႕လဲဲ ငါ မနင္ထုတ္ခဲ့ပါဘူး။ ထြက္မသြားဖို႕လဲ ငါ့မွာ တားပိုင္ခြင့္မရွိဘူးေလ။
၇။ နင္ ေရြးခ်ယ္ဆံုးျဖတ္ခဲ့တဲ့ လမ္း……. အဆံုးစြန္ထိ ေလွ်ာက္လွမ္းႏိုင္ဖို႕က အေရးၾကီးပါတယ္။
၈။ ငါဟာ နင့္ ဘ၀အတြက္ ဆူးေျငာင့္ခလုတ္သဖြယ္ျဖစ္ေနခဲ့တယ္ဆိုရင္ ငါ့ကို နားလည္ေအာင္ ရွင္းျပျပီး နင္ ထြက္သြားလို႕ရပါတယ္။
၉။ ငါ အတတ္ႏိုင္ဆံုး ခ်စ္သူ႕၀တၱရားေက်ပြန္ေအာင္ ထမ္းေဆာင္ခဲ့ျပီးျပီပဲ။ နင္ ငါ့ကို မေရြးခ်ယ္ခဲ့လဲ ငါ ေက်နပ္ပါတယ္။ အဓိက နင္ ေပ်ာ္ေနဖို႕ပဲ။
၁၀။ သူနဲ႕ ခ်စ္သူရည္းစားဘ၀တုန္းက သူ႕ကို ေပ်ာ္ရႊင္ေအာင္ မထားႏိုင္ခဲ့တာကိုပဲ ငါ ၀မ္းနည္းမိတယ္။
၁၁။ နင့္ ဘ၀အတြက္ ေပ်ာ္ရႊင္မႈရမယ္လို႕ မင္းထင္ရင္ ေရြးခ်ယ္ပိုင္ခြင့္ မင္းမွာ ရွိပါတယ္။
၁၂။ ထြက္သြားမယ္ဆိုရင္လဲ ႏွဳတ္ဆက္ဖို႕မေမ႕နဲ႕ေနာ္။ ေတာ္ၾကာ ငါ ထပ္ျပီး ေမွ်ာ္လင့္ေနမိမွာစိုးလုိ႕။
၁၃။ မမုန္းပါဘူး……။ သူ႕ကို ေပ်ာ္ရႊင္မႈေပးႏိုင္တဲ့ လူကိုေတာင္ ေက်းဇူးတင္ရအံုးမယ္။
၁၄။ ငါ တစ္ေယာက္တည္းျဖစ္ပါတယ္။ နင့္ လမ္း နင္ မွန္ေအာင္သာ ေလွ်ာက္လိုက္ပါ။
၁၅။ ထြက္သြားျပီးရင္ ေနာက္ျပန္လွည့္မၾကည့္ပါနဲ႕ေတာ့။ ေရွ႕တည့္တည့္ကိုသာ အာရုံစူးစိုက္ပါ။
၁၆။ ဟုတ္ကဲ့……ငါ မငိုပါဘူး။ ငါ ငိုေနရင္ နင္ ငါ့ကို ဘယ္စြန္႕လႊတ္ႏိုင္ေတာ့မလဲ။
၁၇။ မ်က္ရည္မက်တာ ၀မ္းမနည္းလို႕ မဟုတ္ပါဘူး။ နင့္ အျမင္ထဲမွာ ငါဟာ အက်ဥ္းတန္သူတစ္ေယာက္ျဖစ္သြားမွာ စိုးလို႕။
၁၈။ ၀မ္းနည္းေၾကကြဲတိုင္း ျငီးျငဴငိုယိုေနမယ္ဆိုလွ်င္ ေပ်ာ္ရႊင္မႈက ကိုယ့္ဆီဘယ္လာရဲ ေတာ့မလဲ။
၁၉။ အခ်စ္အတြက္ ဘယ္ေတာ့မွ သတၱိမေၾကာင္ဘူး။
၂၀။ အခုခ်ိန္မွာ နင္ ငါ့ကို ပစ္မသြားဘူးဆိုရင္ တစ္ေန႕တစ္ခ်ိန္မွာ ငါ နင့္ကို ပစ္သြားမိမွာပါပဲ။
၂၁။ စိတ္ခ်…… ငါ ေၾကကြဲေနရတဲ့အခ်ိန္မွာ သူငယ္ခ်င္းေတြဟာ မင္း ေပးခဲ့တဲ့ ဒဏ္ရာေတြကို ေပ်ာက္ကင္းေအာင္ အခ်ိန္ေပးျပီး ကုသေပးပါလိမ့္မယ္။
၂၂။ အခ်စ္စက္၀န္းထဲမွာ ကိုယ္မနာရင္ သူနာမယ္။ သူမနာရင္ ကိုယ္နာမယ္။ အခ်စ္စစ္နဲ႕ မေတြ႕ေသးသေရြ႕ေပါ့။
၂၃။ ေရေအးခြက္ထဲမွာ ေရပူေလာင္းထည့္လိုက္ရင္ ေရတစ္ခြက္လံုးပူျပီး လွ်ံက်လာသလို အခ်စ္မွာလဲ ခက္ခဲအတူ ေပ်ာ္ရႊင္အတူ ျဖစ္ေနမွ ခ်စ္ျခင္းေတြ ခိုင္ျမဲေနမွာျဖစ္တယ္။
၂၄။ ငါ နင့္ကို ယံုၾကည္ခဲ့တယ္ဆိုေပမယ့္ နင့္ရဲ့ လုပ္ရက္ေတြ ငါ့ကို ဘယ္ေလာက္ထိ အယံုၾကည္ေပးႏိုင္မလဲဆိုတာကိုပဲ ငါ စိတ္၀င္စားေနတယ္။
၂၅။ ေဟး…..ေျဖးေျဖးေနာ္။ အေၾကာင္းတိုက္ဆိုင္မႈေလးေတြရွိခဲ့ရင္ ငါ့ကို သတိရျပီး ေနာင္တရမေနနဲ႕အံုးလို႕ မွာခ်င္တယ္။
၂၆။ နင္ေတာင္ ငါ့ကို လမ္းခဲြဖို႕ ၀န္မေလးခဲ့တာ ငါက နင့္ကို ဘာလို႕ ဆြဲထားေနရမွာလဲ။
၂၇။ လမ္းမွာေတြ႕ရင္ ငါ့ကို ႏွဳတ္မဆက္နဲ႕ေနာ္။ ေတာ္ၾကာ နင္ ငါ့ကို ခ်စ္ေနေသးတယ္လို႕ ငါ သတ္မွတ္လိုက္ရင္ေတာ့ နင္ မလြယ္ေတာ့ဘူး။
၂၈။ နင့္ ေနာက္ကြယ္မွာ ငါ ဘယ္ေလာက္ဘဲ ျပိဳလဲလို႕မထမရပ္ႏိုင္ျဖစ္ေနပါေစ … နင့္ ေရွ႕ေမွာက္မွာ ငါ မားမားမတ္မတ္ရပ္တည္ႏိုင္ေအာင္ ၾကိဳးစားပါမယ္။
၂၉။ ကံတရားေတာင္တည္ျမဲမႈမရွိတာ။ ဒီေန႕ ဒီခ်ိန္ထိ ငါတို႕ အတူတူလက္တြဲလာႏိုင္ခဲ့တာ ငါတို႕ရဲ့ ၾကိဳးစားမႈေၾကာင့္ ေအာင္ျမင္မႈရခဲ့တာပဲ။
၃၀။ ငါ့ စာ ငါ့ ကဗ်ာေတြက ငါ့ အခ်စ္ကို သက္ေသမျပေပးႏိုင္ခဲ့ေပမယ့္ မင္းကို ခ်စ္တဲ့အခ်စ္ေတြေၾကာင့္ ထြက္ေပၚလာတဲ့ ခံစားခ်က္ေတြကို ထာ၀ရသိမ္းဆည္းခြင့္ရခဲ့တာ ငါ ေက်နပ္တယ္။
၃၁။ ငါ့ကို ယံုုပါ။ ငါ့ကို ခ်စ္ပါလို႕ ငါမေတာင္းဆိုခဲ့သလို ငါ့ကို ပစ္သြားပါလို႕လဲ ငါ မေတာင္းဆိုခဲ့ပါဘူး။
၃၂။ ခ်စ္သူရည္းစားဘ၀အခုိက္အတံ့ေလးအတြင္းမွာ မင္းရဲ့ ၾကင္နာယုယမႈေလးေတြကို ရခဲ့တာ ငါ အတိုင္းမသိ ၀မ္းသာမိပါတယ္။
၃၃။ မင္း ငါ့ကို “ခ်စ္တယ္” လို႕ဖြင့္ေျပာခဲ့တဲ့ ေန႕ကတည္းကစ ခုခ်ိန္ထိ အဲ့ဒီ စကားလံုးဟာ ငါ့ နားထဲမွာ ၾကားေနရတုန္းပဲ။
၃၄။ မင္းကို ခ်စ္ဖို႕ ငါ ဆံုးျဖတ္လိုက္ကတည္းက မင္းကို ငါ မုန္းဖို႕အတြက္ မဟုတ္ဘူး ခ်စ္သူ။
၃၅။ ခ်စ္ဖို႕ဆံုးျဖတ္ခဲ့ျပီးမွ ေနာင္တရေနမယ္ဆိုလွ်င္ အခ်စ္ကို လက္မခံဘဲ တစ္ဘ၀လံုး ဒီတိုင္းပဲ ေနသြားတာအေကာင္းဆံုးပဲျဖစ္မယ္။
၃၆။ နင္ မရွိလည္းငါ အထီးမက်န္ဘူး။ ငါ့ ေဘးနားမွာ သီခ်င္းေတြ ဂီတေတြ သူငယ္ခ်င္းေတြရွိပါေသးတယ္။
၃၇။ ငါ့ ေဘးနားမွာ အားေပးေဖာ္တစ္ေယာက္ေလွ်ာ့သြားတယ္ဆိုေပမယ့္ ငါ့ကိုယ္ ငါ ၾကံ့ခိုင္လာပါတယ္။
၃၈။ နင္ ေပးလိုက္တဲ့ ဒဏ္ရာေတြေၾကာင့္ ခ်စ္ျခင္းေမတၱာတရားေတြကို ဒီထက္မက ပိုတန္ဖိုးထားသင့္တယ္ဆိုတဲ့ အသိတရားေလး ေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ခ်စ္သူ။

[ Unicode ]

လူတစ်ယောက်ကို ချစ်လာအောင် လူတွေကစွမ်းဆောင်နိုင်သလို လူတစ်ယောက်ကို ထားရစ်ခဲ့ဖို့လည်း မတွန့်ဆုတ်ကြတတ်ဘူး။ ဒါကြောင့် အသည်းကွဲသူတိုင်း ဖြစ်ပေါ်လေ့ရှိတဲ့ ခံစားချက်တို့ကို Trend ပရိသတ်ကြီးလည်း နားလည်စာနာစေဖို့ ဝေမျှလိုက်ပါတယ်။ အရာအားလုံးကို အချိန်က ကုစားနိုင်ပါစေ။

၁။ ကိုယ်ဟာ ကျန်ရစ်နေခဲ့မယ်မှန်း သိထားနေခဲ့တော့ သူ ထားရစ်ခဲ့လဲ အေးဆေးပါပဲ။
၂။ အသည်းကွဲတဲ့အချိန်မှာ ရည်းစားတစ်ယောက်တည်းထားတာထက် ရည်းစားနှစ်ယောက်ထားတာ ပိုပြီး ခံသာပါသေးတယ်။
၃။ သူနဲ့ လမ်းခွဲသွားတော့ ပိုကောင်းတာပေါ့။ ငါ့ရဲ့ အချစ်စစ်အချစ်မှန်ကို ရှာဖွေဖို့ လမ်းဖွင့်ပေးလိုက်တာပဲ။
၄။ ဂွတ်ဘိုင်ပါ။ နင်နဲ့ငါနဲ့ ထာဝရလက်တွဲဖို့ မသင့်တော်သေးလို့။
၅။ နင့်ရဲ့ အချစ်ကို စောစောစီးစီး နားလည်သဘောပေါက်လိုက်ရတာ ငါ ကံကောင်းလို့ပဲ။
၆။ ရပါတယ်…ငါ့ နှလုံးသားထဲကို ဝင်လာဖို့လဲ ငါ မဖိတ်ခေါ်ခဲ့သလို ထွက်သွားဖို့လဲ ငါ မနင်ထုတ်ခဲ့ပါဘူး။ ထွက်မသွားဖို့လဲ ငါ့မှာ တားပိုင်ခွင့်မရှိဘူးလေ။
၇။ နင် ရွေးချယ်ဆုံးဖြတ်ခဲ့တဲ့ လမ်း……. အဆုံးစွန်ထိ လျှောက်လှမ်းနိုင်ဖို့က အရေးကြီးပါတယ်။
၈။ ငါဟာ နင့် ဘဝအတွက် ဆူးငြောင့်ခလုတ်သဖွယ်ဖြစ်နေခဲ့တယ်ဆိုရင် ငါ့ကို နားလည်အောင် ရှင်းပြပြီး နင် ထွက်သွားလို့ရပါတယ်။
၉။ ငါ အတတ်နိုင်ဆုံး ချစ်သူ့ဝတ္တရားကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီးပြီပဲ။ နင် ငါ့ကို မရွေးချယ်ခဲ့လဲ ငါ ကျေနပ်ပါတယ်။ အဓိက နင် ပျော်နေဖို့ပဲ။
၁၀။ သူနဲ့ ချစ်သူရည်းစားဘဝတုန်းက သူ့ကို ပျော်ရွှင်အောင် မထားနိုင်ခဲ့တာကိုပဲ ငါ ဝမ်းနည်းမိတယ်။
၁၁။ နင့် ဘဝအတွက် ပျော်ရွှင်မှုရမယ်လို့ မင်းထင်ရင် ရွေးချယ်ပိုင်ခွင့် မင်းမှာ ရှိပါတယ်။
၁၂။ ထွက်သွားမယ်ဆိုရင်လဲ နှုတ်ဆက်ဖို့မမေ့နဲ့နော်။ တော်ကြာ ငါ ထပ်ပြီး မျှော်လင့်နေမိမှာစိုးလို့။
၁၃။ မမုန်းပါဘူး……။ သူ့ကို ပျော်ရွှင်မှုပေးနိုင်တဲ့ လူကိုတောင် ကျေးဇူးတင်ရအုံးမယ်။
၁၄။ ငါ တစ်ယောက်တည်းဖြစ်ပါတယ်။ နင့် လမ်း နင် မှန်အောင်သာ လျှောက်လိုက်ပါ။
၁၅။ ထွက်သွားပြီးရင် နောက်ပြန်လှည့်မကြည့်ပါနဲ့တော့။ ရှေ့တည့်တည့်ကိုသာ အာရုံစူးစိုက်ပါ။
၁၆။ ဟုတ်ကဲ့……ငါ မငိုပါဘူး။ ငါ ငိုနေရင် နင် ငါ့ကို ဘယ်စွန့်လွှတ်နိုင်တော့မလဲ။
၁၇။ မျက်ရည်မကျတာ ဝမ်းမနည်းလို့ မဟုတ်ပါဘူး။ နင့် အမြင်ထဲမှာ ငါဟာ အကျဉ်းတန်သူတစ်ယောက်ဖြစ်သွားမှာ စိုးလို့။
၁၈။ ဝမ်းနည်းကြေကွဲတိုင်း ငြီးငြူငိုယိုနေမယ်ဆိုလျှင် ပျော်ရွှင်မှုက ကိုယ့်ဆီဘယ်လာရဲ တော့မလဲ။
၁၉။ အချစ်အတွက် ဘယ်တော့မှ သတ္တိမကြောင်ဘူး။
၂၀။ အခုချိန်မှာ နင် ငါ့ကို ပစ်မသွားဘူးဆိုရင် တစ်နေ့တစ်ချိန်မှာ ငါ နင့်ကို ပစ်သွားမိမှာပါပဲ။
၂၁။ စိတ်ချ…… ငါ ကြေကွဲနေရတဲ့အချိန်မှာ သူငယ်ချင်းတွေဟာ မင်း ပေးခဲ့တဲ့ ဒဏ်ရာတွေကို ပျောက်ကင်းအောင် အချိန်ပေးပြီး ကုသပေးပါလိမ့်မယ်။
၂၂။ အချစ်စက်ဝန်းထဲမှာ ကိုယ်မနာရင် သူနာမယ်။ သူမနာရင် ကိုယ်နာမယ်။ အချစ်စစ်နဲ့ မတွေ့သေးသရွေ့ပေါ့။
၂၃။ ရေအေးခွက်ထဲမှာ ရေပူလောင်းထည့်လိုက်ရင် ရေတစ်ခွက်လုံးပူပြီး လျှံကျလာသလို အချစ်မှာလဲ ခက်ခဲအတူ ပျော်ရွှင်အတူ ဖြစ်နေမှ ချစ်ခြင်းတွေ ခိုင်မြဲနေမှာဖြစ်တယ်။
၂၄။ ငါ နင့်ကို ယုံကြည်ခဲ့တယ်ဆိုပေမယ့် နင့်ရဲ့ လုပ်ရက်တွေ ငါ့ကို ဘယ်လောက်ထိ အယုံကြည်ပေးနိုင်မလဲဆိုတာကိုပဲ ငါ စိတ်ဝင်စားနေတယ်။
၂၅။ ဟေး…..ဖြေးဖြေးနော်။ အကြောင်းတိုက်ဆိုင်မှုလေးတွေရှိခဲ့ရင် ငါ့ကို သတိရပြီး နောင်တရမနေနဲ့အုံးလို့ မှာချင်တယ်။
၂၆။ နင်တောင် ငါ့ကို လမ်းခွဲဖို့ ဝန်မလေးခဲ့တာ ငါက နင့်ကို ဘာလို့ ဆွဲထားနေရမှာလဲ။
၂၇။ လမ်းမှာတွေ့ရင် ငါ့ကို နှုတ်မဆက်နဲ့နော်။ တော်ကြာ နင် ငါ့ကို ချစ်နေသေးတယ်လို့ ငါ သတ်မှတ်လိုက်ရင်တော့ နင် မလွယ်တော့ဘူး။
၂၈။ နင့် နောက်ကွယ်မှာ ငါ ဘယ်လောက်ဘဲ ပြိုလဲလို့မထမရပ်နိုင်ဖြစ်နေပါစေ … နင့် ရှေ့မှောက်မှာ ငါ မားမားမတ်မတ်ရပ်တည်နိုင်အောင် ကြိုးစားပါမယ်။
၂၉။ ကံတရားတောင်တည်မြဲမှုမရှိတာ။ ဒီနေ့ ဒီချိန်ထိ ငါတို့ အတူတူလက်တွဲလာနိုင်ခဲ့တာ ငါတို့ရဲ့ ကြိုးစားမှုကြောင့် အောင်မြင်မှုရခဲ့တာပဲ။
၃၀။ ငါ့ စာ ငါ့ ကဗျာတွေက ငါ့ အချစ်ကို သက်သေမပြပေးနိုင်ခဲ့ပေမယ့် မင်းကို ချစ်တဲ့အချစ်တွေကြောင့် ထွက်ပေါ်လာတဲ့ ခံစားချက်တွေကို ထာဝရသိမ်းဆည်းခွင့်ရခဲ့တာ ငါ ကျေနပ်တယ်။
၃၁။ ငါ့ကို ယုံပါ။ ငါ့ကို ချစ်ပါလို့ ငါမတောင်းဆိုခဲ့သလို ငါ့ကို ပစ်သွားပါလို့လဲ ငါ မတောင်းဆိုခဲ့ပါဘူး။
၃၂။ ချစ်သူရည်းစားဘဝအခိုက်အတံ့လေးအတွင်းမှာ မင်းရဲ့ ကြင်နာယုယမှုလေးတွေကို ရခဲ့တာ ငါ အတိုင်းမသိ ဝမ်းသာမိပါတယ်။
၃၃။ မင်း ငါ့ကို “ချစ်တယ်” လို့ဖွင့်ပြောခဲ့တဲ့ နေ့ကတည်းကစ ခုချိန်ထိ အဲ့ဒီ စကားလုံးဟာ ငါ့ နားထဲမှာ ကြားနေရတုန်းပဲ။
၃၄။ မင်းကို ချစ်ဖို့ ငါ ဆုံးဖြတ်လိုက်ကတည်းက မင်းကို ငါ မုန်းဖို့အတွက် မဟုတ်ဘူး ချစ်သူ။
၃၅။ ချစ်ဖို့ဆုံးဖြတ်ခဲ့ပြီးမှ နောင်တရနေမယ်ဆိုလျှင် အချစ်ကို လက်မခံဘဲ တစ်ဘဝလုံး ဒီတိုင်းပဲ နေသွားတာအကောင်းဆုံးပဲဖြစ်မယ်။
၃၆။ နင် မရှိလည်းငါ အထီးမကျန်ဘူး။ ငါ့ ဘေးနားမှာ သီချင်းတွေ ဂီတတွေ သူငယ်ချင်းတွေရှိပါသေးတယ်။
၃၇။ ငါ့ ဘေးနားမှာ အားပေးဖော်တစ်ယောက်လျှော့သွားတယ်ဆိုပေမယ့် ငါ့ကိုယ် ငါ ကြံ့ခိုင်လာပါတယ်။
၃၈။ နင် ပေးလိုက်တဲ့ ဒဏ်ရာတွေကြောင့် ချစ်ခြင်းမေတ္တာတရားတွေကို ဒီထက်မက ပိုတန်ဖိုးထားသင့်တယ်ဆိုတဲ့ အသိတရားလေး ပေးခဲ့တဲ့အတွက် ကျေးဇူးပါ ချစ်သူ။

Ref; emotions

144 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.