ပိတ်ရက်မှာ ဆူရှီလုပ်စားလို့ရအောင် ဆူရှီပြုလုပ်နည်းပြောပြပေးလိုက်ပါတယ်။

ဆူရှီပြုလုပ်နည်း(寿司の作り方)
ရှမ်းဆန် -၂ ဗူး
ရေညှိရွက် (၆)ရွက်
သခွားသီး- ၁လုံး
မုန်လာဥနီ- ၁လုံး
ပုဇွန် – ၆ ကောင်
ဂဏန်းသား – ၆ခု
ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
သကြား – ထမင်းစားဇွန်း တစ်ဇွန်း
မရောနိစ်
ဆလပ်ရွက်
ဆူရှီဆန် ၂ ဗူးကို ရေ ၃ ဗူးထည့်ကာ ထမင်းပေါင်းအိုးဖြင့် ချက်ပေးပါ။
မုန်လာဥနီကို အခွံခွာပြီး လက်တစ်လု့းလောက်အရွယ်ကို အရှည်လိုက် လှီးထားပါ။
သခွားသီးကို အခွံခွာကာ အလယ်အူတိုင်ထုတ်ပြီး လက်တလုံး အနေတော်လိုက် လှီးပါ။
ပုဇွန်ကို ရေမြုပ်အောင်ထည့်လှော်ကာ ခေါင်းဖြုတ် အခွံခွာပြီး ဗိုက်နေရာမှ အကြောကိုအလယ်မှ ဗိုက်သားထိ မပြတ်အောင် အသာလေး အရှည်လိုက်ခွဲချကာ ဖြန့်ပေးထားပါ။
ဂဏန်းချောင်းကို ဆီဖြင့်ကြော်ကာ စစ်ထားပေးပါ။
အားလုံးပြင်ဆင်ပြီးသည်နှင့် ချက်ထားသော ထမင်းပူထဲသို့ သကြား၊ ဆားတို့ထည့်ကာ မွှေပေးပါ။
ထို့နောက် ရေညှိရွက်ကို ယင်းလိပ်ပေါ်မှာ ခင်းပြီး လက်နှစ်ဖက်လုံး ရေစိုရုံစွတ်ကာ ထမင်းကို အနေတော်ယူပြီး ရေညှိပေါ်မှာ ခပ်ပါးပါးဖြန့်တင်ထားပေးပါ။
ထမင်းပေါ်မှ နှစ်သက်ရာ အသားတစ်ခုခုနှင့် ဆလပ်ရွက်၊ မုန်လာဥနီ၊သခွားသီးတို့ကို လိပ်ပေးပါ။
ကျန်သောအသားများကိုလဲ အထက်ပါနည်းအတိုင်းလိပ်ပေးပါ။ ပြီးနောက် အပေါ်မှ မရောနိစ်ကိုထည့်ပြီးလုပ်ပေးပါ။
အားလုံးပြီးလျှင် အနေတော်လေးဖြတ်ပြီးနှစ်သက်သလို စားသုံးနိုင်ပါပြီ။

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.