ကခ်င္ဒံေပါက္ထမင္းနယ္ ျပဳလုပ္နည္း

အဝဆြဲၿပီး လုိက္ပြဲပါယူရမဲ့ ကခ်င္ဒံေပါက္ထမင္းနယ္ေမႊးေမႊးေလး ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

လိုအပ္ေသာပစၥည္းမ်ား
၁။ ၾကက္သား၊ အမဲသား(သို႔) ၀က္သား တစ္မ်ိဳးမ်ိဳး
၂။ ဆန္ (ဂ်ပ္စမင္းဆန္(သို႔)ဘတ္စမာတီဆန္) ဆန္ေပ်ာ႔ေကာင္းေကာင္းဆိုရတယ္။
၃။ ၾကက္သြန္နီ၊ ျဖဴ၊ ဂ်င္း၊ ဆား၊ ၾကက္သားမွုန္႔၊ သၾကားအနည္းငယ္၊ ဆီ၊ ငရုတ္ေကာင္း၊ ငံျပာရည္
၄။ မိႈကပ္ေျခာက္၊ မွ်စ္ခ်ဥ္ခ်ိဳ ႏွင္႔ ပင္စိမ္း၊ ဖက္ဖယ္ရြက္
( မႈိကပ္ေျခာက္နဲ႔ ဖက္ဖယ္ရြယ္ကို မရွိရင္ မထည့္လို႔လည္း ရပါတယ္ )

ျပဳလုပ္နည္း
၁။ ပထမဆံုး ဆန္ကိုေရေဆးျပီး ေပါင္းအိုးျဖင္႔ မိမိလိုအပ္သေလာက္ေပါင္းထားေပးပါ။ ျဖစ္နိုင္ရင္ ေကာက္ညွင္းေပါင္းသလို ဆန္ကိုေပါင္းရပါမယ္။
၂။ ၾကက္သားကို ေရေဆးျပီး ျပဳတ္မဲ့အိုးထဲထည္႔ပါ။ ဆား၊သၾကား၊ ၾကက္သားမႈန္႔အနည္းငယ္၊ ဂ်င္းကိုဒါးျပားရိုက္ထည္႔၊ ၾကက္သြန္ျဖဴ၂ဥကိုဒါးျပားရိုက္ထည္႔ ျပီး ေရအနည္းငယ္ထည္႔ပါ။ ျပီးေတာ႔ေရခန္းေအာင္ခ်က္လိုက္ပါ။ ေရခန္းလွ်င္ၾကက္သားကိုဆယ္ယူျပီး လက္ျဖင္႔ အသားေခ်ာင္းေလးေတြျဖစ္ေအာင္ မြထားပါ။
၃။ မႈိကပ္ေျခာက္ကို ေရစိမ္၊ ပြလာရင္ ဆီအနည္းငယ္နဲ႔ ေၾကာ္ပါ။ ေၾကာ္တဲ့အခ်ိန္ ဆားထည္႔ပါမယ္။
၄။ မ်ွစ္ခ်ဥ္ကိုပါးပါးလွီးျပီးေျခာက္ေျခာက္ေလးေၾကာ္ပါ။ ၾကက္သြန္နီးပါးပါးလွီးျပီးေၾကာ္ထားပါ။ ၾကက္သြန္ျဖဴကိုပါ နုတ္နုတ္စဥ္းျပီးဆီသပ္ထားပါ။

ျပင္ဆင္ပံု
ကခ်င္ထမင္းနယ္အတြက္ လိုအပ္တဲ့ အစာပလာေတြကို စံုေအာင္ျပင္ဆင္ထားျပီးရင္ေတာ့ ထမင္းနယ္ပါေတာ႔မယ္။ ထမင္းကိုေပါင္းအိုးထဲကေန နယ္မဲ့အိုးထဲထည္႔ပါေနာ္။ ျပီးရင္ ျပင္ဆင္ထားတဲ့ အစာပလာေတြကိုလိုသလို ထည္႔ေနာ္။ ၾကက္သားမႈန္႔ကို ထပ္ထည္႔ေနာ္။ ၾကက္သြန္နီေၾကာ္၊ ၾကက္သြန္ျဖဴေၾကာ္ကိုပါ ဆီေလးနဲ႔ ထည္႔ပါ။ အေပါ႔အငံျမည္းၾကည္႔ပါ။ ျပီးရင္ ပန္းကန္လံုးထဲကို နယ္ထားတဲ့ထမင္းေတြသြပ္ထည္႔ပါ။ ျပီးရင္ေတာ႔ ကိုယ္စားမဲ့ ပန္းကန္ျပားေပၚေမာက္ထည္႔လိုက္ပါ။ ျပီးရင္ သခြားသီး၊ ၾကက္သြန္မိတ္တို႔ိကိုပါတင္ေပးပါ။ ကခ်င္ဒံေပါက္ နဲ႔တြဲစားဖို႔ ၾကက္သားဟင္းရည္ကိုပါ ျပင္ဆင္ထားမယ္။ Kimchi (သို႔) သခြားသီးသုပ္ထားမယ္။
ခုဆိုရင္ေတာ့ ေမႊးေမႊးေလးနဲ႔ အာဟာရျပည့္ဝတဲ့ ကခ်င္ဒံေပါက္ထမင္းနယ္ကို သံုးေဆာင္ၾကမယ္ေနာ္။

[ Unicode ]

အဝဆွဲပြီး လိုက်ပွဲပါယူရမဲ့ ကချင်ဒံပေါက်ထမင်းနယ်မွှေးမွှေးလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁။ ကြက်သား၊ အမဲသား(သို့) ဝက်သား တစ်မျိုးမျိုး
၂။ ဆန် (ဂျပ်စမင်းဆန်(သို့)ဘတ်စမာတီဆန်) ဆန်ပျော့ကောင်းကောင်းဆိုရတယ်။
၃။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၊ သကြားအနည်းငယ်၊ ဆီ၊ ငရုတ်ကောင်း၊ ငံပြာရည်
၄။ မှိုကပ်ခြောက်၊ မျှစ်ချဉ်ချို နှင့် ပင်စိမ်း၊ ဖက်ဖယ်ရွက်
( မှိုကပ်ခြောက်နဲ့ ဖက်ဖယ်ရွယ်ကို မရှိရင် မထည့်လို့လည်း ရပါတယ် )

ပြုလုပ်နည်း
၁။ ပထမဆုံး ဆန်ကိုရေဆေးပြီး ပေါင်းအိုးဖြင့် မိမိလိုအပ်သလောက်ပေါင်းထားပေးပါ။ ဖြစ်နိုင်ရင် ကောက်ညှင်းပေါင်းသလို ဆန်ကိုပေါင်းရပါမယ်။
၂။ ကြက်သားကို ရေဆေးပြီး ပြုတ်မဲ့အိုးထဲထည့်ပါ။ ဆား၊သကြား၊ ကြက်သားမှုန့်အနည်းငယ်၊ ဂျင်းကိုဒါးပြားရိုက်ထည့်၊ ကြက်သွန်ဖြူ၂ဥကိုဒါးပြားရိုက်ထည့် ပြီး ရေအနည်းငယ်ထည့်ပါ။ ပြီးတော့ရေခန်းအောင်ချက်လိုက်ပါ။ ရေခန်းလျှင်ကြက်သားကိုဆယ်ယူပြီး လက်ဖြင့် အသားချောင်းလေးတွေဖြစ်အောင် မွထားပါ။
၃။ မှိုကပ်ခြောက်ကို ရေစိမ်၊ ပွလာရင် ဆီအနည်းငယ်နဲ့ ကြော်ပါ။ ကြော်တဲ့အချိန် ဆားထည့်ပါမယ်။
၄။ မျှစ်ချဉ်ကိုပါးပါးလှီးပြီးခြောက်ခြောက်လေးကြော်ပါ။ ကြက်သွန်နီးပါးပါးလှီးပြီးကြော်ထားပါ။ ကြက်သွန်ဖြူကိုပါ နုတ်နုတ်စဉ်းပြီးဆီသပ်ထားပါ။

ပြင်ဆင်ပုံ
ကချင်ထမင်းနယ်အတွက် လိုအပ်တဲ့ အစာပလာတွေကို စုံအောင်ပြင်ဆင်ထားပြီးရင်တော့ ထမင်းနယ်ပါတော့မယ်။ ထမင်းကိုပေါင်းအိုးထဲကနေ နယ်မဲ့အိုးထဲထည့်ပါနော်။ ပြီးရင် ပြင်ဆင်ထားတဲ့ အစာပလာတွေကိုလိုသလို ထည့်နော်။ ကြက်သားမှုန့်ကို ထပ်ထည့်နော်။ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်ကိုပါ ဆီလေးနဲ့ ထည့်ပါ။ အပေါ့အငံမြည်းကြည့်ပါ။ ပြီးရင် ပန်းကန်လုံးထဲကို နယ်ထားတဲ့ထမင်းတွေသွပ်ထည့်ပါ။ ပြီးရင်တော့ ကိုယ်စားမဲ့ ပန်းကန်ပြားပေါ်မောက်ထည့်လိုက်ပါ။ ပြီးရင် သခွားသီး၊ ကြက်သွန်မိတ်တို့ိကိုပါတင်ပေးပါ။ ကချင်ဒံပေါက် နဲ့တွဲစားဖို့ ကြက်သားဟင်းရည်ကိုပါ ပြင်ဆင်ထားမယ်။ Kimchi (သို့) သခွားသီးသုပ်ထားမယ်။
ခုဆိုရင်တော့ မွှေးမွှေးလေးနဲ့ အာဟာရပြည့်ဝတဲ့ ကချင်ဒံပေါက်ထမင်းနယ်ကို သုံးဆောင်ကြမယ်နော်။

Ref; asianfood

191 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.