မိန္းမေကာင္းဆိုတာ

မိန္းကေလးတစ္ေယာက္ဟာ ေမြးရာပါ ရုပ္မလွခ်င္ေန… ဒါေပမဲ့ ဘ၀မွာ လွလွပပေတာ့ ရွင္သန္သင့္တယ္။ ဘယ္အခ်ိန္အခါပဲျဖစ္ျဖစ္ ျပည့္စံုတဲ့ အသိပညာ၊ ေကာင္းမြန္တဲ့စာရိတၱ၊ ထက္ျမက္တဲ့ အျပဳအမူ၊ သိမ္ေမြ႔တဲ့အေျပာအဆို၊ ႀကီးျမတ္တဲ့ စိတ္သေဘာထားနဲ႔ ေမတၱာနဲ႔ျပည့္တဲ့ ႏွလံုးသားတစ္စံုရွိတဲ့ မိန္းကေလးတစ္ေယာက္ဟာ မိန္းမေကာင္းအျဖစ္နဲ႔ ရုပ္ရည္မလွသည့္တိုင္ ဘ၀ကို အမွန္တကယ္ လွပေစႏိုင္ပါတယ္။

၁။ မိန္းမေကာင္းဆိုတာ စာအုပ္ျဖစ္တယ္။ အသိပညာေတြနဲ႔ ျပည့္ႏွက္လို႔ေန တယ္။
၂။ မိန္းမေကာင္းဆိုတာ ဆိပ္ကမ္းျဖစ္တယ္။ ေဘးဒုကၡႀကံဳသူကို လံုလံုၿခံဳၿခံဳ နားခိုခြင့္ေပးတယ္။
၃။ မိန္းမေကာင္းဆိုတာ ေရေႏြးၾကမ္းျဖစ္တယ္။ အရသာခံေသာက္ေလ ေမႊးေလျဖစ္တယ္။
၄။ မိန္းမေကာင္းဆိုတာ တက္မျဖစ္တယ္။ အိမ္ေထာင္ေရးလမ္းေၾကာင္းကို ပဲ့ကိုင္ေပးတယ္။
၅။ မိန္းမေကာင္းဆိုတာ ရွဴခင္းျဖစ္တယ္။ ရာသီအလိုက္ ေရာင္စံုပန္းမန္ေတြနဲ႔ လွပေစတယ္။
၆။ မိန္းမေကာင္းဆိုတိုင္း ရုပ္ရည္လွပေနမွ မဟုတ္ဘူး။ ျဖဴစင္ရိုးသားတဲ့စိတ္ ရွိတယ္။ ေက်ာ္ၾကားျခင္းနဲ႔ ၾကြယ္၀ျခင္းရဲ႕ ျဖားေယာင္းျမဴဆြယ္မႈေၾကာင့္ စိတ္ကို မညစ္ႏြမ္းေစဘဲ ကိုယ့္လမ္းကိုယ္ဆက္ေလွ်ာက္သူ၊ လုပ္သင့္တာ ကို ဆက္လုပ္သူျဖစ္တယ္။ အေနနိမ့္က်၊ ဆင္းရဲဒုကၡနဲ႔ ရင္ဆိုင္ရသည့္တိုင္ ရင္ကိုေကာ့ ေခါင္းကိုေမာ့ၿပီး အၿပံဳးမပ်က္သူျဖစ္တယ္။
၇။ မိန္းမေကာင္းဆိုတာ မိခင္ေကာင္း၊ ဇနီးေကာင္းတစ္ဦးျဖစ္တယ္။
၈။ မိန္းမေကာင္းဆိုတာ စားပဲြေပၚမွာ အလွထားတဲ့ ပန္းအိုးမဟုတ္ဘူး။ သူတစ္ပါး တန္ဆာဆင္မွ လွပတာမဟုတ္ပါဘူး။
၉။ မိန္းမေကာင္းဆိုတာ ကိုယ့္ကိုယ္ေလးစားမႈရွိတယ္၊ ေပ်ာ့ညံ့သူမဟုတ္ ဘူး။ ေယာက္်ားေတြကို မွီခိုသူမဟုတ္ဘူး။
၁၀။ မိန္းမေကာင္းဆိုတာ ပိန္တာ၊ ၀တာနဲ႔မဆိုင္ဘူး။ မ်က္ႏွာေပါက္လွတယ္၊ မလွဘူးနဲ႔မဆိုင္ဘူး။ သဘာ၀နဲ႔ဆိုင္တယ္။ ဆဲြေဆာင္ႏိုင္တဲ့ အရည္အခ်င္းနဲ႔ ပိုဆိုင္တယ္။ ျပင္ပအလွျဖစ္တဲ့ ရုပ္ဆိုး တယ္၊ ၀တယ္၊ ပိန္တယ္ဆိုတာကို ေျပာင္းလဲဖို႔ခက္ေပမယ့္ တကယ့္စိတ္ ထဲကျဖစ္လာတဲ့ ႏွစ္လို႔ဖြယ္အလွကိုေတာ့ လူတိုင္းလုပ္ႏိုင္တယ္၊ က်င့္ႀကံႏိုင္ ပါတယ္။

မိန္းကေလးတိုင္း ထူးခၽြန္ ထက္ျမက္မွာမဟုတ္ဘူး။ ထင္ရွားမွာမဟုတ္ဘူး။ ဒါေပမဲ့ ရိုးရွင္းတဲ့ဘ၀မွာ သမီးက သမီး၀တၱရား၊ မယားက မယား၀တၱရား၊ မိခင္က မိခင္၀တၱရားနဲ႔ ကိုယ့္၀တၱရားကို အတတ္ႏိုင္ဆံုး၊ အေကာင္း ဆံုး ေက်ေက်ပြန္ပြန္ ေဆာင္ရြက္ၿပီး နားလည္မႈနဲ႔ ေလးစားမႈကို ေအာင္ႏိုင္ ရယူသူေတြသာ မိန္းမေကာင္းမ်ား ျဖစ္ၾကပါတယ္။

[ Unicode ]

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ… ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့ အသိပညာ၊ ကောင်းမွန်တဲ့စာရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ မိန်းမကောင်းအဖြစ်နဲ့ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။

၁။ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေ တယ်။
၂။ မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
၃။ မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
၄။ မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
၅။ မိန်းမကောင်းဆိုတာ ရှူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။
၆။ မိန်းမကောင်းဆိုတိုင်း ရုပ်ရည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာ ကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။
၇။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။
၈။ မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ပါဘူး။
၉။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ် ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။
၁၀။ မိန်းမကောင်းဆိုတာ ပိန်တာ၊ ဝတာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်လှတယ်၊ မလှဘူးနဲ့မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုး တယ်၊ ဝတယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ် ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင် ပါတယ်။

မိန်းကလေးတိုင်း ထူးချွန် ထက်မြက်မှာမဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝမှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်း ဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင် ရယူသူတွေသာ မိန်းမကောင်းများ ဖြစ်ကြပါတယ်။

Ref; lifehacks

6K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.