တစ်ချိန်က ဂျူမုံဇာတ်ကောင်ဖြင့် နာမည်ကြီးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသား Song ll kook(송일국)

၁၉၉၈ ခုနှစ်မှစပြီး အနုပညာလောကသို့စတင်ဝင်ရောက်ခဲ့တဲ့ မင်းသား ဆုန်းအီဂုကို ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ဖခင် Song Jung-woong နဲ့ မိခင် Kim Eul-dong တို့မှ တာင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ အရပ် ၁.၈၅ မီတာရှိပြီး အေ သွေးအမျိုးအစားဖြစ်ပါတယ်။Cheongju University မှာ အနုပညာအထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။Song Song-yi လို့ခေါ်တဲ့ အစ်မတစ်ယောက်ရှိပါတယ်။ ၂၀၀၆ခုနှစ်မှာ ဂျူမုံဇာတ်ကောင်ဖြင့် ပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားနိုင်ခဲ့ပြီး ယခုတိုင်အောင်မြင်နေဆဲ မင်းသားတစ်ယောက်ဖြစ်ပါတယ်။
မင်းသမီး Jung Seung-yeon နှင့် ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ယခုဆိုရင် ချစ်စရာသားလေးသုံးယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ Song Min-gook, Song Dae-han နှင့် Song Man-se ဆိုတဲ့ သားသုံးယောက်ကတော့ ချစ်စရာအပြုအမူလေးတွေနဲ့ ပရိသတ်တွေအသည်းကိုဆွဲဆောင်ထားတဲ့ ပြည်သူ့အချစ်တော်လေးတွေပဲဖြစ်ပါတယ်။ အေ့ဂျင့်ကတော့ C-JeS Entertainment ဖြစ်ပါတယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.