ဒီနှစ် ၂၀၁၄ခုနှစ်ဟာ တရုတ်ဆယ့်နှစ်ရာသီ ပြက္ခဒိန်မှာ မြင်းနှစ်ဖြစ်တာကြောင့် Puma ဖိနပ်ကုမ္ပဏီက မြင်းနှစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖိနပ်ဒီဇိုင်းသစ်တွေ ထုတ်လုပ်ခဲ့ပါတယ်။ အထင်ကရ ပုံရိပ်မည်းနှစ်မျိုးဖြစ်တဲ့ လည်တို Puma Suede နဲ့ လည်လတ် Suede ဘွတ်ဖိနပ်တွေပါပဲ။
ဖိနပ်နှစ်ရံစလုံးက ဂျပန်ထုတ် တွေဖြစ်ပြီး အနက်ရောက်၊ အညိုရောင် ကာလာတွေနဲ့ တန်ဖိုးကြီး မြင်းပုမွှေး ပုံစံဖော်ထားပါတယ်။ ခြေခုံနဲ့ ဖနောင့်နေရာက သားရေထည်တွေဟာ ဂျပန်နည်းစနစ်နဲ့ ထုတ်လုပ်ထားတဲ့ မြင်းသားရေ အဆင့်မှီတွေဖြစ်တဲ့အတွက် တိရိစ္ဆာန် သနားညှာတာရေး အဖွဲ့ (PETA) အတွက်တော့ မျက်မှောင်ကြုတ်ချင်စရာပါပဲ။
ဘွတ်ဖိနပ်လျှာ နေရာပေါ်မှာ “မြင်း” ဆိုတဲ့ တရုတ်အက္ခရာနဲ့ ၀င့်ကြွားအောင် လုပ်ထားပြီး အညိုရောင်၊ အဖြူရောင် အောက်ခံဖိနပ်ခုံတွေနဲ့ အဆုံးသတ်ပေးထားပါတယ်။
ဒီဖိနပ်ဝတ်ပြီး စတိုင်အကျဆုံး ဖြစ်မှာပါ။နီးစပ်ရာ ဖက်ရှင်စတိုးတွေမှာ ၀ယ်ယူလို့ ရနေပြီလို့ သိရပါတယ်။
ဖိနပ်ပုံလေးတွေ ကြည့်ကြည့်ပါဦး။
Ref: www.theboombox.com