မြောက်အမေရိကရဲ့ Grizzly Bear လို့ခေါ်တဲ့ အညိုရောင်ဝက်ဝံလေးရဲ့နေထိုင်မှုပုံစံ

Grizzly Bear လို့ခေါ်တဲ့ အညိုရောင်ဝက်ဝံလေးတွေကတော့ မြောက်အမေရိကမှာ နေထိုင်ကြပြီး ပုံမှန် ဝက်ဝံမဲလေးတွေထက် သန်မာပါတယ်။ပုံမှန်အရောင်ကတော့ အနက်ပြာရောင်၊ အညိုရောင်၊ သစ်ကြံပိုးခေါက်ရောင် စတဲ့အရောင်အမျိုးမျိုးရှိပါတယ်။ သူတို့မှာ ကြီးမားတဲ့ ပုခုံးအထက်မှာ ဘို့အကြီးကြီးတွေရှိပါတယ်(ဝက်ဝံအမဲတွေမှာတော့ ပုခုံးအထက်မှာ ဘို့တွေမရှိဘဲသူတို့ရဲ့ ပုခုံးတွေက ကျယ်ပြီးအမွှေးတွေနဲ့ ပြည့်နေပါတယ်)မျက်လုံးကအတော်လေးဝေး၍
နှာတံတိုသော်လည်းဖြောင့်စင်းနေပါတယ်။နားရွက်သေးသေးလေးတွေလဲရှိပြီး ရှည်ပြီး ချွန်ထက်နေတဲ့ လက်သည်းရှည်တွေလဲ ရှိပါသေးတယ်။
အရပ်အမြင့်ကတော့ ၁ မီတာပတ်လည်ရှိပြီး၊ နို့တိုက်သတ္တဝါအမျိုးအစားဖြစ်ပါတယ်။နှစ်၂၀ မှ ၂၅ ဝန်းကျင်အထိသက်တမ်းရှိပြီး၊ကိုယ်အလေးချိန်ကတော့ အဖို၂၇၀ ကီလိုရှိပြီ အမကတော့ ၁၃၀ မှ ၂၀၀ ကီလိုရှိတတ်ပါတယ်။အသားစားသတ္တဝါတွေဖြစ်ကြပါတယ်။သူတို့ကသစ်ပင်မတတ်ကြပါဘူး။ဒါပေမယ့် သူတို့က အတိုက်အခိုက်တော့ ကျွမ်းကျင်ကြပါတယ်။၇၀ရာခိုင်နှုန်းသော လူများကတော့သူတို့ကို သားရေနဲ့ဆိုင်တဲ့ အိတ်၊အဝတ်အထည်၊ ဖိနပ်စတာတွေ ချူပ်လုပ်ဖို့အတွက် သတ်ဖြတ်ကြလေ့ရှိပါတယ်။အဲ့ဒါကြောင့် သူတို့က သာမန်အားဖြင့် လူတွေနဲ့ ဝေးရာမှာနေပြီး ရှောင်ကြဉ်ကြပါတယ်။

83 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.