ဟောလိဟုဒ်ရဲ့ နာမည်ကျော် အက်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Angelina Jolie ရဲ့သင်မသိသေးတဲ့အကြောင်းအရာများ

နာမည်ကျော်ဇာတ်ကားပေါင်းများစွာထဲကမှ Mr.&Mrs Smith ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် အိန်ဂျလိနာ ဂျိုဝီ လို့ လူသိများတဲ့ Angelina Jolie Pitt Voight ကိုတော့ အနုပညာမိသားစုဖြစ်တဲ့ မင်းသားကြီး Jon Voight နှင့် မင်းသမီး Marcheline Bertrand တို့မှ ၁၉၇၅ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊လော့အိန်ဂျလိ မြို့မှာ မွေးဖွားခဲ့ပြီးမေထုန်ရာသီဖွားဖြစ်ပါတယ်။
အရပ်ကတော့ ၅ပေ ၇ လက်မဖြစ်ပြီး သွေးအမျိုးအစားကတော့ A – ဖြစ်ပြီး ဘယ်သန်တစ်ယောက်ဖြစ်ပါတယ်။ကိုယ်အလေးချိန်ကတော့ ၅၄ ကီလိုပဲဖြစ်ပါတယ်။မျက်လုံးအရောင်ကတော့ အပြာရောင်ဖြစ်ပြီး ဆံပင်အရောင်ကတော့ ချောကလက်အညိုရောင်ပဲဖြစ်ပါတယ်။
Moreno High School မှာတတ်ရောက်ခဲ့ပြီး သူမအသက် အသက် ၁၆ နှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ အကြိုက်ဆုံးအစားအစာကတော့ McDonalds နဲ့ Cheerios cereal ကိုကြိုက်နှစ်သက်ပါတယ်။အမဲရောင်ကို ကြိုက်ပြီး Carolina Herrera ရနံ့ ရေမွှေးကို နှစ်သက်ပါတယ်။မက္ကဆီကို အရက်ပြင်းပြင်း (Tequila) ကိုကြိုက်နှစ်သက်ပါတယ်တဲ့။ အကြိုက်ဆုံးအိမ်မွေး တိရစ္ဆာန်ကတော့ Bulldog ဖြစ်ပါတယ်။


သူမက Filmmaker နဲ့ Humanitarian တစ်ယောက်လဲဖြစ်ပါသေးတယ်။
၁၉၈၂ မှာ အနုပညာလောကသို့စတင်ဝင်ရောက်ပြီး အခုလက်ရှိအောင်မြင်နေဆဲ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။
သူမက ၁၉၉၆ ခုနှစ်မှာ Jonny Lee Miller နဲ့ လက်ထပ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ တရားဝင်ကွာရှင်းခဲ့ပါတယ်။ Shiloh Nouvel Jolie-Pitt, Maddox Chivan Jolie-Pitt, Vivienne Marcheline Jolie-Pitt, Knox Leon Jolie-Pitt, Zahara Marley Jolie-Pitt, Pax Thien Jolie-Pitt ဆိုတဲ့ သားသမီး ၆ ယောက် ရှိပါတယ်။
၂၀၀၀ ခုနှစ်မှာ Billy Bob Thornton နဲ့ လက်ထပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ လမ်းခွဲခဲ့ပါတယ်။ Mr & Mrs. Smith ဇာတ်ကားရိုက်ကူးစဉ်မှာ Brad Pitt တွေ့ဆုံခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ Bard Pitt ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရကြောင်း အသိပေးခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ Brad Pitt နှင့် လက်ထပ်ခဲ့ပြီး၂၀၁၆ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။
၂၀၂၀ခုနှစ်မှာ သူမရဲ့ပုံမှန်ဝင်ငွေကတော့ $ 150 million ပဲဖြစ်ပါတယ်။

Ref;NAVER

 

95 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.