ကိုရီးယား ပဲခါက်ဆွဲပြုလုပ်နည်း(짜장면)

ပါဝင်ပစ္စည်းတွေကတော့
ခေါက်ဆွဲ
ဝက်သား(အနည်းငယ်)
မုန်လာဥနီ(၁)လုံး
ကြက်သွန်နီ(၁) လုံး
သခွားသီး(အသေး ၁)လုံး
ကော်မှုန့်(လက်ဖက်ရည်ဇွန်းတစ်ဇွန်း)
သကြား(စားပွဲတင်ဇွန်း ၁ ဇွန်း)
ပဲအမဲအနှစ်(စားပွဲတင်ဇွန်း ၂ ဇွန်း-Black bean paste)
ဆီ အနည်းငယ်

၁) ဝက်သားကို ရေဆေးပြီး အတုံးအသေးတုံး၍ အရသာအမှုန့်တွေဖြင့် နယ်ပြီး ဆီနှင့် ကြော်ပေးပါ။

၂) မုန်လာဥဖြူ၊ အာလူး၊ကြက်သွန်နီ၊ ဘူးသီး၊သခွားသီး စတာတွေကို ရေဆေးပြီး လိုအပ်သည့် အရွယ်အစားအလိုက် တုံးပြီး ဝက်သားကြော်အိုးထဲသို့ ထည့်ပြီးကြော်ပါ။

၃)ကြော်ထားတဲ့ အသားနှင့် အသီးတွေရဲ့ ဘေးမှာ ကပ်ပြီး ပဲနှစ်ကို ထည့်ပြီး အပူပေးပါ။ ဆီနည်းပါက အနည်းငယ်ထပ်ထည့်ပါ။

၎) ထို့နောက် ပဲနှစ်ဖြင့် အသားနှင့် အသီးတွေကို ရောမွှေပေးပါ။

၅) ကော်မှုန့်နှင့် သကြားကို လက်ဖက်ရည်ပန်ကန်တစ်လုံးစာတစ်ခွက်လောက်ထည့်ပြီး ကော်ရည်ဖျော်ပါ။

၆) ကော်ရည်အနှစ်တွေကို အသီးနှင့် အသားတွေကြော်ထားတဲ့ အိုးထဲသို့ လောင်းထည့်ပေးပါ။

၇) အနံ့မွှေးပြီး ပဲအနှစ်တွေ ဆူလာရင် ခေါက်ဆွဲထည့်ထားတဲ့ ပန်းကန်ထဲသို့ လောင်းထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။(ဂင်ချီဖြင့်လည်းတွဲဖက် စားသုံးနိုင်ပါသည်)

Ref;NAVER

 

757 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.