My little bride ဖြင့် လူသိများခဲ့တဲ့ Moon Geun-Young(문근영) ရဲ့ သင်မသိသေးတဲ့ အကြောင်းများ

My little bride ဖြင့် နာမည်ကြီးခဲ့သည့် တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Moon Geun-Young ကို ဖခင် Moon Hong-geun၊ မိခင် Ryu Seon-Young တို့မှ ၁၉၈၇ ခုနှစ် မေလ ၆ ရက်၊ တောင်ကိုရီးယားနိုင်ငံ ဂွန်းဂျူ(광주) မြို့မှာ မွေးဖွားခဲ့ပြီး Moon ji-young(문지영) လို့ ခေါ်တဲ့ အစ်မတစ်ယောက်လဲ ရှိပါသေးတယ်။

အရပ်ကတော့ ၅ပေ ၅ လက်မဖြစ်ပြီး ကိုယ်အလေးချိန်ကတော့ ၄၅ ကီလိုဂရမ်ပဲဖြစ်ပါတယ်။ ဘီ(B)သွေးအမျိုးအစားဖြစ်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ဦးလဲဖြစ်ပါတယ်။ ဆံပင်အရောင်ကတော့ အညိုရောင်ဖြစ်ပြီး မျက်လုံးအရောင်ကတော့ အနက်ရောင်ဖြစ်ပါတယ်။သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း၊ကခြင်း စတာတွေကတော့ သူမရဲ့ ဝါသနာတွေပဲဖြစ်ပါတယ်။ကိုရီးယားဘာသာအဓိကနှင့် ရသစာပေကိုလေ့လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်Sungkyunwan Universityမှ ဘွဲ့ရရှိခဲ့ပါတယ်။ Nation’s little sister လို့လူသိများပြီး အသက် ၁၀ နှစ်အရွယ်မှာ မော်ဒယ်လောကသို့ စတင်ဝင်ရောက်ခဲ့ပါတယ်။

သူမရဲ့ အေဂျင်စီကတော့ Namoo Actors ဖြစ်ပါတယ်။၁၉၉၇ ခုနှစ်မှာ အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ယခုထိတိုင်အောင် အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။၁၉၉၉ ခုနှစ်မှာတော့ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ်လူသိများလာခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ A tale of two sister ဆိုတဲ့ ဇကားမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလဲ ဖြစ်ခဲ့ပါတယ်။

အလုပ်အကိုင်ကတော့ သရုပ်ဆောင်နှင့် မော်ဒယ်တစ်ယောက်ဖြစ်ပြီးသူမရဲ့ ဝင်ငွေကတော့ $1 Million ကနေ $ 5 million ရှိတယ်လို့ ခန့်မှန်းသိရှိရပါတယ်။ Kim Bum လို့လူသိများတဲ့ Kim Sang-Bum(김상범) ဖြင့်၂၀၁၃ အောက်တိုဘာမှစပြီး ၂၀၁၄ ဧပြီလအထိ ၇ လအကြာတွဲခဲ့ပြီး နောက်ဆုံးမှာ နှစ်ဦးသဘောတူ လမ်းခွဲပြီး မိတ်ဆွေကောင်းတွေအဖြစ်တော့ ဆက်လက်ရှိနေခဲ့ပါတယ်။အဆုံးထိဖတ်ပေးတဲ့ ပရိသတ်ကြီးလဲ စိတ်ကျေနပ်မှုရရှိမယ်လို့ မျှော်လင့်မိပါတယ်။

Ref; NAVER

91 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.