တည္ၿငိမ္သူႀကီးျဖစ္ဖုိ႔

ဒီအခ်က္ေတြကို လုပ္ႏိုင္ရင္ သင္ဟာ တည္ၿငိမ္ရင့္က်က္သူတစ္ေယာက္ ျဖစ္ပါၿပီ။ ဒါဆို တည္ၿငိမ္ရင့္က်က္သူတစ္ေယာက္မွာ ရွိေလ့ရွိၾကတဲ့ အျပဳအမူစိတ္ေနစိတ္ထားေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ ဖတ္ၾကည့္လိုက္ပါဦး။

(၁) လမ္းေလွ်ာက္ခ်ိန္ ကိုယ္ကိုတည့္တည့္မတ္မတ္ထားပါ။ စိတ္ရႈပ္ခ်ိန္ လမ္းမွာေတြ႔တဲ့လူေတြကို ႏႈတ္မဆက္ခ်င္ရင္ ေခါင္းညိတ္ၿပံဳးျပပါ။
(၂) သူငယ္ခ်င္းဆိုတဲ့ သတ္မွတ္ခ်က္က သင္အဆင္ေျပခ်ိန္ သူေပ်ာ္မယ္။ သင္အဆင္မေျပခ်ိန္ သင္နဲ႔အတူ သူပူပန္မယ္။ ဒါကို ေသခ်ာမွတ္ထားပါ။
(၃) ကိုယ့္ဆံုးျဖတ္ခ်က္ ကိုယ္ခ်ပါ။ ျဖစ္လာသမွ် ခံယူဖို႔ ျပင္ဆင္ပါ။ စမလုပ္ခင္ ေလာကႀကီးမွာ ေနာင္တကုေဆးဆိုတာ မရွိေၾကာင္း ကိုယ့္ကိုယ္သတိေပးပါ။
(၄) ကိုယ္လုပ္ေဆာင္ရမယ့္အလုပ္ကို ရာႏႈန္းျပည့္ႀကိဳးစားၿပီး လုပ္ပါ။
(၅) ကိုယ့္ကိုယ္ “ေသးေသးေလး”(ႏွိမ့္ခ်)လို႔ လက္ခံၿပီး မ်က္စိထဲမွာေတာ့ “ေလာက အႀကီးႀကီး”ကို ထည့္သြင္းထားပါ။
(၆) လူတစ္ေယာက္ကို တကယ္ခ်စ္ရင္ သူ႔ကိုလြတ္လပ္ခြင့္ေပး၊ သြားခြင့္ေပးပါ။ တကယ္လို႔ သင့္ကိုသူတကယ္ခ်စ္ရင္ သင့္ဆီသူျပန္လာလိမ့္မယ္။
(၇) ကိုယ့္ကိုယ္ကာကြယ္ဖို႔ ဘယ္ေတာ့မွ ဆင္ေျခမရွာပါနဲ႔။ အမွားေနာက္ကဆင္ေျခေတြကို ဘယ္သူမွ နားမေထာင္ခ်င္ၾကဘူး။
(၈) ရမ္းသမ္းၿပီး ေဒါသမထြက္နဲ႔။ ဘယ္သူကမွ သင့္အေပၚ အေၾကြးမတင္ဘူး။
(၉) မလိမ္ညာပါနဲ႔။ အမွန္တရားဆိုတာ တစ္ေန႔မွာ ေပၚစၿမဲပါ။
(၁၀) ဘယ္တစ္ဦးတစ္ေယာက္ကိုမွ အထင္မေသးနဲ႔။
(၁၁) သင့္မွာ ပရိသတ္ေတြ အဲဒီေလာက္မမ်ားဘူး။ သိပ္ အပင္ပန္းမခံနဲ႔။
(၁၂) အတိတ္ကို သင္မေမ့ခ်င္လဲရတယ္။ ဒါေပမဲ့ လက္လြတ္တတ္ရမယ္။
(၁၃) တျခားလူေျပာတဲ့စကားကို ဦးေႏွာက္ထဲမွတ္ပါ။ ကိုယ့္ကိုယ္ကိုေတာ့ စိတ္ထဲမွာမွတ္ပါ။
(၁၄) ေလာကႀကီးမွာ အတန္းအစားရွိတယ္။ မတရားမႈေတြလည္း မ်ားတယ္။ မညည္းညဴပါနဲ႔။
(၁၅) သင္ကိုယ္သင္ေတြးထင္သေလာက္ သင္ဘယ္ေတာ့မွ အေရးမပါႏိုင္ဘူး။
(၁၆) ေငြေၾကးနဲ႔ေျဖရွင္းလို႔ရသမွ် ျပႆနာကို ျပႆနာလို႔မေခၚဘူး။
(၁၇) “ခ်စ္တယ္” ဆိုတဲ့စကားကို ဘယ္အခ်ိန္မွာေျပာေျပာ၊ ဘယ္ေနရာမွာေျပာေျပာ ေျပာၿပီဆိုရင္ တကယ့္စိတ္ရင္းနဲ႔ေျပာပါ။ “ေဆာရီး”ဆိုတဲ့စကားကို ဘယ္အခ်ိန္မွာေျပာေျပာ၊ ဘယ္ေနရာမွာေျပာေျပာ ေျပာၿပီဆိုရင္ တစ္ဘက္လူရဲ႕မ်က္လံုးကို ၾကည့္ၿပီးေျပာပါ။
(၁၈) အျပင္ပံုပန္းသ႑ာန္နဲ႔ ဘယ္ေတာ့မွ တစ္ဘက္သားကို မဆံုးျဖတ္နဲ႔။ ေျပာစရာရွိတာကို ေျဖးေျဖးေျပာပါ။ ေတြးစရာရွိတာကို ျမန္ျမန္ေတြးပါ။
(၁၉) ကိုယ့္ကိုယ္အားလပ္ခ်ိန္ေလးေပးၿပီး တစ္ေယာက္ထဲ ထီးထီးေနၾကည့္ပါ။
(၂၀) ကိုယ့္ပစၥည္းမဟုတ္ရင္ မယူပါနဲ႔။ ဘယ္ေလာက္ပဲႏွစ္သက္ ႏွစ္သက္ လက္လြတ္တတ္ဖို႔ နားလည္ပါ။
(၂၁) ကံၾကမၼာက ကိုယ့္အေပၚ အေၾကြးတင္ေနတာမဟုတ္ဘူး။ တကယ္ေတာ့ ကိုယ့္ႀကိဳးစားမႈ မလံုေလာက္ေသးတာ။
(၂၂) ႀကိဳးစားပါ။ နည္းနည္းထပ္ႀကိဳးစားပါ… ထပ္ထပ္ၿပီးႀကိဳးစားပါ။ စိတ္ကူးအိပ္မက္ေတြ အေကာင္အထည္ေပၚလိမ့္မယ္။
(၂၃) ဇဲြေကာင္းတဲ့ဆံုးရႈံးျခင္းဆိုတာ ဘယ္ေတာ့မွမရွိႏိုင္သလို လမ္းထက္ဝက္တင္ လက္ေလ်ာ့လိုက္တဲ့ ေအာင္ျမင္ျခင္းဆိုတာလည္း မရွိဘူး။
(၂၄) လူသံုးေယာက္ရွိရင္ တစ္ေယာက္က ကိုယ့္ထက္ေတာ္သူျဖစ္တယ္။ ကိုယ့္ထက္ညံ့သူ မရွိဘူး။ “ငါ ႀကိဳးစားၾကည့္ၿပီးၿပီးလား” လို႔ ကိုယ့္ကိုယ္ေမးၾကည့္ပါ။

[ Unicode ]

ဒီအချက်တွေကို လုပ်နိုင်ရင် သင်ဟာ တည်ငြိမ်ရင့်ကျက်သူတစ်ယောက် ဖြစ်ပါပြီ။ ဒါဆို တည်ငြိမ်ရင့်ကျက်သူတစ်ယောက်မှာ ရှိလေ့ရှိကြတဲ့ အပြုအမူစိတ်နေစိတ်ထားတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
(၁) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။
(၂) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။
(၃) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်သတိပေးပါ။
(၄) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့်ကြိုးစားပြီး လုပ်ပါ။
(၅) ကိုယ့်ကိုယ် “သေးသေးလေး”(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ “လောက အကြီးကြီး”ကို ထည့်သွင်းထားပါ။
(၆) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။
(၇) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။ အမှားနောက်ကဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။
(၈) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။
(၉) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။
(၁၀) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။
(၁၁) သင့်မှာ ပရိသတ်တွေ အဲဒီလောက်မများဘူး။ သိပ် အပင်ပန်းမခံနဲ့။
(၁၂) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။
(၁၃) တခြားလူပြောတဲ့စကားကို ဦးနှောက်ထဲမှတ်ပါ။ ကိုယ့်ကိုယ်ကိုတော့ စိတ်ထဲမှာမှတ်ပါ။
(၁၄) လောကကြီးမှာ အတန်းအစားရှိတယ်။ မတရားမှုတွေလည်း များတယ်။ မညည်းညူပါနဲ့။
(၁၅) သင်ကိုယ်သင်တွေးထင်သလောက် သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။
(၁၆) ငွေကြေးနဲ့ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။
(၁၇) “ချစ်တယ်” ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။ “ဆောရီး”ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။
(၁၈) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာရှိတာကို ဖြေးဖြေးပြောပါ။ တွေးစရာရှိတာကို မြန်မြန်တွေးပါ။
(၁၉) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။
(၂၀) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက် နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။
(၂၁) ကံကြမ္မာက ကိုယ့်အပေါ် အကြွေးတင်နေတာမဟုတ်ဘူး။ တကယ်တော့ ကိုယ့်ကြိုးစားမှု မလုံလောက်သေးတာ။
(၂၂) ကြိုးစားပါ။ နည်းနည်းထပ်ကြိုးစားပါ… ထပ်ထပ်ပြီးကြိုးစားပါ။ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လိမ့်မယ်။
(၂၃) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိဘူး။
(၂၄) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။ “ငါ ကြိုးစားကြည့်ပြီးပြီးလား” လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။

Ref; mindset

314 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.