ေထာပတ္သီးေရခဲေခ်ာင္းဆိမ့္ဆိမ့္ေလး ျပဳလုပ္နည္း

လတ္လတ္ဆတ္ဆတ္ေထာပတ္သီးေမႊးအိအိေလးနဲ႔ အေမာေျပ ေရခဲေခ်ာင္းလုပ္စားၾကဖုိ႔ Trend ပရိသတ္ႀကီးအတြက္ ေထာပတ္သီးေရခဲေခ်ာင္း ျပဳလုပ္နည္းကို ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ပစၥည္းမ်ား
၁။ ေထာပါတ္သီး – တစ္လံုး
၂။ သၾကား – ထမင္းစားဇြန္း တစ္ဇြန္းခြဲ (အခ်ဳိၾကိဳက္လွ်င္ သၾကားပိုထည္႔ပါ)
၃။ ဆား – လက္ဖက္ရည္ဇြန္း ေလးပံုတစ္ပံု
၄။ ေရက်က္ေအး – ေရခဲေခ်ာင္းလုပ္မည္႔မိုလ္ ေလးခုစာ
၅။ ေရခဲေခ်ာင္းလုပ္မည္႔မိုလ္ – ၆ခု
( မိုလ္နဲ႔ မလုပ္ဘဲ ပလတ္စတစ္အိတ္နဲ႔ လုပ္ရင္လည္း ရပါတယ္ )

ျပင္ဆင္ပံု
– ေထာပါတ္သီး လတ္လတ္ဆတ္ဆတ္ကို အခြံခြာျပီး ေက်ေနေအာင္ ေခ်ထားပါ။
– ဆား သၾကား ေရႏွင္႔ ေရခဲေခ်ာင္းလုပ္မည္႔ မိုလ္မ်ားကို ျပင္ထားပါ။
– ေက်ေနေအာင္ ေခ်ထားေသာ ေထာပါတ္သီးပန္းကန္ထဲမွာ ဆား သၾကား ေရက်က္ေအးတို႔ကိုထည္႔ျပီး သမေအာင္ ေမႊေပးပါ။
– ျပီးတာနဲ႔ ေထာပါတ္သီးေဖ်ာ္ရည္မ်ားကို ေရခဲေခ်ာင္း မိုလ္မ်ားထဲသို႔ ဇြန္းျဖင္႔ခတ္ထည္႔ေပးပါ။
– ျပီးတာနဲ႔ ေရခဲေခ်ာင္းလုပ္မည္႔ ဒုတ္ေခ်ာင္းေလးေတြကို စိုက္ထည္႔ေပးပါ။
– အားလံုးအဆင္သင္႔ျဖစ္တာနဲ႔ ေရခဲေသတၱာ ခဲတဲ႔အကန္႔ထဲမွာ ၈နာရီေလာက္ထည္႔ျပီး ခဲေပးထားပါ။
ေရခဲေခ်ာင္း စားဖို႔ျပင္တဲ႔အခါ ေရခဲေသတၱာထဲမွ ထုတ္ယူျပီး ရိုးရိုးေရျဖင္႔ သံုးမိနစ္ခန္႔ စိမ္ထားေပးျပီးမွ မိုလ္ထဲမွ ထုတ္ယူကာ ေထာပါတ္သီး ေရခဲေခ်ာင္း စိမ္႔မိမ္႔ေအးေအးေလးကို စားသံုးရန္ ျပင္ေပးပါ။

ခုဆိုရင္ေတာ့ ေထာပတ္သီးဆိမ္႔ဆိမ့္ေရခဲေခ်ာင္းေလးသံုးေဆာင္ရင္း အေမာေျပႏိုင္ပါၿပီေနာ္။

[ Unicode ]

လတ်လတ်ဆတ်ဆတ်ထောပတ်သီးမွှေးအိအိလေးနဲ့ အမောပြေ ရေခဲချောင်းလုပ်စားကြဖို့ Trend ပရိသတ်ကြီးအတွက် ထောပတ်သီးရေခဲချောင်း ပြုလုပ်နည်းကို ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ထောပါတ်သီး – တစ်လုံး
၂။ သကြား – ထမင်းစားဇွန်း တစ်ဇွန်းခွဲ (အချိုကြိုက်လျှင် သကြားပိုထည့်ပါ)
၃။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၄။ ရေကျက်အေး – ရေခဲချောင်းလုပ်မည့်မိုလ် လေးခုစာ
၅။ ရေခဲချောင်းလုပ်မည့်မိုလ် – ၆ခု
( မိုလ်နဲ့ မလုပ်ဘဲ ပလတ်စတစ်အိတ်နဲ့ လုပ်ရင်လည်း ရပါတယ် )

ပြင်ဆင်ပုံ
– ထောပါတ်သီး လတ်လတ်ဆတ်ဆတ်ကို အခွံခွာပြီး ကျေနေအောင် ချေထားပါ။
– ဆား သကြား ရေနှင့် ရေခဲချောင်းလုပ်မည့် မိုလ်များကို ပြင်ထားပါ။
– ကျေနေအောင် ချေထားသော ထောပါတ်သီးပန်းကန်ထဲမှာ ဆား သကြား ရေကျက်အေးတို့ကိုထည့်ပြီး သမအောင် မွှေပေးပါ။
– ပြီးတာနဲ့ ထောပါတ်သီးဖျော်ရည်များကို ရေခဲချောင်း မိုလ်များထဲသို့ ဇွန်းဖြင့်ခတ်ထည့်ပေးပါ။
– ပြီးတာနဲ့ ရေခဲချောင်းလုပ်မည့် ဒုတ်ချောင်းလေးတွေကို စိုက်ထည့်ပေးပါ။
– အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ၈နာရီလောက်ထည့်ပြီး ခဲပေးထားပါ။
ရေခဲချောင်း စားဖို့ပြင်တဲ့အခါ ရေခဲသေတ္တာထဲမှ ထုတ်ယူပြီး ရိုးရိုးရေဖြင့် သုံးမိနစ်ခန့် စိမ်ထားပေးပြီးမှ မိုလ်ထဲမှ ထုတ်ယူကာ ထောပါတ်သီး ရေခဲချောင်း စိမ့်မိမ့်အေးအေးလေးကို စားသုံးရန် ပြင်ပေးပါ။

ခုဆိုရင်တော့ ထောပတ်သီးဆိမ့်ဆိမ့်ရေခဲချောင်းလေးသုံးဆောင်ရင်း အမောပြေနိုင်ပါပြီနော်။

Ref; icecandy

10K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.