တရုတ်ရိုးရာနဂါးအကနှင့် မိုးခေါ်ခြင်းအနုပညာ

တရုတ်နှစ်သစ်ကူးနှင့် အထိမ်းအမှတ်ပွဲတော်များတွင် တရုတ်ရိုးရာနဂါး က, ပွဲများပြုလုပ်လေ့ရှိကြပါတယ်။ပျော်ပွဲရွှင်ပွဲများ၊မင်္ဂလာယူအခမ်းအနားများတွင် ရိုးရာနဂါးအကကို ကပြလေ့ရှိပြီး ကံကောင်းခြင်းတို့ကို သယ်ဆောင်လာနိုင်၊ ပေးစွမ်းလာနိုင်ကြသည်ဟု ယုံကြည်ကြသည်။ယင်းအကသည် တရုတ်ပြည် ဟန်မင်းဆက် လက်ထက်ကတည်းက စတင်ခဲ့သည်ဟု လက်ခံကြပြီးမိုးခေါ်သည့် အကတွင် နဂါးပုံရိပ်များကို ထည့်သွင်းကပြခြင်းကနေ တရုတ်ရိုးရာ နဂါးအကဟူ၍ ပေါ်ပေါက်ခဲ့သည်ဟု ဆိုကြသည်။


နဂါးများနှင့် မိုးသည် ဆက်စပ်မှုရှိသည်ဟု ယုံကြည်ကြပြီး (Yinglong) ယင်းလုံလို့ ခေါ်ကြသည့် နဂါးမင်းသည် မိုးရွာသွန်းခြင်းကို ဖန်တီးနိုင်သည့် အစွမ်းရှိသည်ဟု ယုံကြည်လေသည်။ထိုသို့ ယုံကြည်သည်မှစပြီး ဟန်မင်းဆက်လက်ထက်တွင် ဖျော်ဖြေရေးပုံစံတစ်ခုဖြစ်လာပါတယ်။ဖျော်ဖြေပွဲများတွင် အထူးချူပ်လုပ်ထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ကာ တောတောင်များ၊ ငါးများ၊နဂါးပုံစံများ စသည်ဖြင့်အသွင်ယူ ဝတ်ဆင်ကပြကြရပါသည်။

နဂါးအရုပ်၏ ခေါင်းနှင့် ကိုယ်ထည်ကို သစ်သား၊ အဝတ်စတို့ဖြင့်ပြုလုပ်ပြီး ထိုသို့ ပြုလုပ်မှုကို ခရစ်နှစ် ၁၂၀၀ ပြည့်နှစ် ဝန်းကျင်မှစပြီး ပေါ်ပေါက်လာသည်ဟု ဆိုကြပါတယ်။Tongliang ဒေသ၏ နဂါးအကသည် မြေအရုပ်များနှင့် ဝတ်ပြုဆုတောင်းခြင်းမှ စတင်ခဲ့သည်ဟု ဆိုကြပြီး ကွင် မင်းဆက်လက်ထက်တွင် တဖြည်းဖြည်းကျော်ကြားလာခဲ့ပါတယ်။

တရုတ်ရိုးရာနဂါးအက ကသည့်ပုံစံအမျိုးမျိုးရှိပြီး မှတ်တမ်းတင်ထားသည့် ကကွက်ပေါင်း ၇၀၀ ကျော်ခန့်ရှိသည်ဟု ဆိုကြပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်ရိုးရာနဂါးအကသည် တရုတ်ခြင်္သေ့ အကနည်းတူ ပျော်ပွဲရွှင်ပွဲ၊ မင်္ဂလာအချိန်များနှင့် နှစ်သစ်ကူးကာလများတွင် မပါမဖြစ် ပါဝင်ရသည့် အကတစ်ခုဖြစ်လာပြီး တရုတ်လူမျိုးတို့၏ နေထိုင်ရာအလိုက် တွေ့ရသည့် ရိုးရာအက တစ်ခုအဖြစ် ဖြစ်တည်လာခဲ့ပါသည်။

 

78 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.