[ Unicode ]
ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်ဖို့ ကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မဲ့ ဗိုက်တာမင် စီရဲ့ အကျိုးကျေးဇူးတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ကဲ…ကိုယ်ခံအားကို မြှင့်တင်ဖို့ Vitamin C များများစားပေးစို့နော်။ ဘေးဘယာ ဝေးကွာကြပါစေ။
Vitamin C ဓာတ်က ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာလိုအပ်တဲ့ Vitamin C ဓာတ်ကိုလုံလောက်စွာရှိခြင်းဖြင့် သွားဖုံးသွေးယိုရောဂါဖြစ်ခြင်းမှလည်းကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးတာကြောင့် အအေးမိ၊တုပ်ကွေး၊ဖျားနာ၊ အဆုတ်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာတွေနဲ့ ရောဂါပိုးကူစက်ခံရခြင်းတွေမှလည်း လျှော့နည်းစေပါတယ်။
ဒါ့အပြင် Vitamin C ဓာတ်က ခန္ဓာကိုယ်အတွင်းမှာ Collagen တွေကိုထုတ်လုပ်ဖို့ကူညီပေးတာကြောင့် အသားအရည်ကိုတင်းရင်းလှပစေပါတယ်။
သွေးတိုးရောဂါရှိတဲ့သူတွေမှာလည်း ခန္ဓာကိုယ်မှာလိုအပ်တဲ့ Vitamin C ဓာတ်ကိုဖြည့်တင်းပေးခြင်းဖြင့် သွေးတိုးကိုလျော့ကျစေဖို့အတွက်ကူညီပေးပါတယ်။
ခန္ဓာကိုယ်မှာ ပျက်စီးနေတဲ့တစ်ရှုးတွေကို ပြန်လည်ပြုပြင်ပေးပြီး ဒဏ်ရာအနာတရဖြစ်တဲ့အခါမှာလည်း လျှင်မြန်စွာသက်သာပျောက်ကင်းစေပါတယ်။
အကြောင်းအမျိုးမျိုးကြောင့်ဒဏ်ရာအနာတရ ရတဲ့သူတွေနဲ့ခွဲစိတ်မူပြုလုပ်ထားတဲ့လူတွေ ဟာဆိုရင်တော့ Vitamin C ကြွယ်ဝတဲ့အစားအစာများကို ပိုမိုစားသောက်သင့်ပါတယ်…
နေ့စဉ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Vitamin C ဓာတ်ကို အစားအစာတွေကနေ လုံလောက်စွာမရရှိတဲ့သူတွေအတွက်ကတော့ Vitamin C ဖြည့်စွက်ဆေးဝါးများကို သောက်သုံးနိုင်ပါတယ်။
Ref; goodhealth
229 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.