ဆီးချိုရောဂါသည် ကမ္ဘာပေါ်တွင်အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေထဲကမှ တစ်ခုဖြစ်ပါတယ်။ဆီးချိုရောဂါဖြစ်ပြီဆိုရင် ကုသမှုခံယူလိုအပ်ပါတယ်။မကုသပဲ ထားမိပါက သကြားဓာတ်လျော့နည်းသွားအတွက်အတွက်ကြောင့် ရုတ်တရက် သတိလစ်တာမျိုးတွေဖြစ်တတ်ပြီး ရေရှည်မှာတော့ နှလုံးသွေးကြော၊ ကျောက်ကပ်၊ မျက်စိ စတာတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ဆီးချိုကို၁၊၂၊၃၊ ဆိုပြီး အမျိုးအစားသုံးမျိုးခွဲထားပါတယ်။
၁) ခန္ဓာကိုယ်အတွက် အချိုဓာတ်ကို သရွက်ရွက်က ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို မထုတ်ပေးနိုင်တော့တာကြောင့် ဖြစ်ရပြီး ငယ်ရွယ်သူတွေမှာများသောအားဖြင့် ဖြစ်တတ်ပါတယ်။
၂) သရွက်ရွက်က အင်ဆူလင်ကို ထုတ်ပေးနေသော်လည်းခန္ဓာကိုယ်က အင်ဆူလင်မတိုးတော့တဲ့ အတွက် အချိုဓာတ်ကို မထိန်းနိုင်ပဲ ဖြစ်ရတဲ့ အကြောင်းအရင်းပါ။
၃) ကိုယ်ဝန်ဆောင်တွေမှာအများဆုံးဖြစ်တတ်ပြီး တစ်နဲ့ နှစ်ကတော့ နာတာရှည်ရောဂါဖြစ်ပြီး (၃)ကတော့ ကလေးမွေးပြီး သွားတဲ့အချိန်မှာ ပျောက်သွားတတ်ပါတယ်။
ဒါမှမဟုတ် အမျိုးအစား(၂) အဖြစ်လဲ အသွင်ပြောင်းသွားနိုင်ပါတယ်။
လုံးဝရှောင်ကြဉ်ရမယ့်အစားအစာများ
ဂလူးကိုစ့်၊ သကြား၊နို့ဆီ၊ထန်းလျက်၊ ကြံသကာ စတာတွေနှင့်ပြုလုပ်ပြီး အချိုလွန်ကဲတဲ့ အစားအသောက်များကို လုံးဝရှောင်ကြဉ်ရပါမည်။
အသင့်အတင့် စားသောက်နိုင်သော အစားအစာများ
ဆန်၊ဂျုံ၊ အာလူး၊ကန်စွန်းဥ၊ ပိန်းဥ စတာတွေကဲ့သို့ ကစီဓာတ်ပါဝင်တဲ့ အစားအစာတွေ၊ အရသာအလွန်ချိုတဲ့ သစ်သီးများ၊ ပဲ၊ပဲအမျိုးမျိုးနှင့် ပြုလုပ်ထားသော အစားအသောက်များကိုမူ အသင့်အတင့်သာ စားသုံးသင့်သည်။
ပုံမှန်စားသုံးနိုင်သော အစားအစာများ
အသား၊ငါး၊ အချိုဓာတ်မရှိသော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်ပါတယ်။
Ref;NAVER