မဲဇလီဖူး၏ အသုံးဝင်ပုံများ(winged cassia)
မဲဇလီပွင်းကို ပြုတ်သောက်ပါက လည်ချောင်းနာ၊ချောင်းဆိုးရင်ကျပ်ခြင်းများကို သက်သာစေပါတယ်။
မဲဇလီရွက်နှင့် မုရားကြီးရွက်ဆတူရောပြီး သုံးခွက်တစ်ခွက်ကျို၍ ငုံပေးခြင်း၊သောက်ပေးခြင်းဖြင့် ချောင်းဆိုးသွေးပါခြင်း၊ချောင်းခြောက်ဆိုးခြင်းတို့ကို ပျောက်ကင်းစေပါတယ်။
ညဘက် အိပ်မပျော်ခြင်းဖြစ်လျှင် မဲဇလီဖူးကိုသုပ်စားခြင်းဖြင့် အိပ်ပျော်စေပါတယ်။ မဲဇလီအပွင့်နှင့်အရွက်တို့ကိုပြုတ်သောက်ခြင်းဖြင့်လည်း ပါးစပ်အတွင်းအပူနာထွက်ခြင်း၊ သွားဖုံးနှင့် ပတ်သတ်သော ရောဂါအမျိုးမျိုးဖြစ်ခြင်းတို့ကို သက်သာစေပါတယ်။
မဲဇလီအမြစ်ကို သွေးပြီး မျက်စိကွင်းပေးခြင်း၊မျက်စဉ်းခတ်ခြင်းပြုလုပ်ပါက မျက်စိနာခြင်းကို ပျောက်စေပါတယ်။
မဲဇလီအရွက်ပြုတ်ရည်(သို့)အရွက်ကို အမှုန့််လုပ်ပြီး ပျားရည်ဖြင့် စားပါက သွေးသားသန့်စင်ပြီး အားအင်ပြည့်စေပါတယ်။
ကင်း၊ပုရွက်ဆိတ်အနီစတဲ့ အဆိပ်ရှိတဲ့သတ္တဝါများကိုက်ခံရပါကအရွက်ကို ကြိတ်၍အုံပေးလျှင်အဆိပ်ပြေစေပါတယ်။
မဲဇလီိအရွက်ကို သံပုရာရည်နှင့် ကြိတ်ပြီး နှင်းခူနာပေါ်တွင် အုံပေးခြင်း၊ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးခြင်းပြုလုပ်ပေးပါက နှင်းခူအစိုနာကို သက်သာစေပါတယ်။