ကိုရီးယားလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ကောက်ရိတ်သိမ်းပွဲတော်ကတော့ ရိုးရာလပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်နေ့ဖြစ်ပြီး ဟန်ဂါဝီလို့လဲခေါ်ပါတယ်။
ကောက်ရိတ်သိမ်းပွဲတော်မှာလည်း ဘိုးဘွားတွေရဲ့ အုတ်ဂူကို ကန်တော့ကာ၊ သေဆုံးသွားတဲ့ ဘိုးဘွားတွေအတွက် ကန်တော့တဲ့စားပွဲကို ပြင်ဆင်ပြီး ကန်တော့တာတွေလုပ်ပါတယ်။
ကောက်ရိတ်သိမ်းပွဲတော်မှာတော့ လက်လက်ဆက်ဆက် ရိတ်သိမ်းထားတဲ့ ဆန်သစ်နဲ့ ထမင်းချက်ပြီး ဆုံးဖျော(န်) မုန့်ကို ပြုလုပ်ပြီး စားပါတယ်။ ပြီးတော့ ညဘက်မှာတော့ လပြည့်ဝန်းကို ကြည့်ပြီး (ဆန္ဒ)ဆုတောင်းပါတယ်။
ကောက်ရိတ်သိမ်းပွဲတော်ရဲ့ ထင်ရှားတဲ့ ကစားနည်းကတော့ (ဝိုင်းကြီးပတ်ပတ်) ကစားနည်းဖြစ်ပါတယ်။ ဒီကစားနည်းကတော့ ညဘက်မှာ လရောင်အောက်မှာ မိန်းကလေးတွေက စက်ဝိုင်းပုံလက်တွေကိုတွဲပြီး သီချင်းကိုဆိုရင်း ဝိုင်းပတ်လှည့်ပြီး ကစားတာဖြစ်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။