ေဆးဖက္ဝင္ ငပိရည္ေဖ်ာ္နည္း

ေန႔တိုင္း ထမင္းၿမိန္ၿမိန္စားၾကဖို႔ ေဆးဖက္ဝင္ ငါးပိ ျပဳလုပ္နည္းနဲ႔ ငါးပိရည္ ေဖ်ာ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ငါးပိျပဳလုပ္နည္း (ငါးပိတစ္ပိႆာအတြက္)
ငါးတစ္ပိႆာ နွစ္ဆယ့္ငါးက်ပ္သားေလာက္ ၀ယ္ရပါမယ္။ ငါးေျပမကေတာ့ေျပာစမွတ္ျဖစ္ရေအာင္ အခ်ိဳ ဓာတ္ ေလးေလးပင္ပင္ရွိလွပါတယ္။ေစ်းမွာလြယ္လြယ္၀ယ္လို ့ရတဲ့ ငါးရံ ့၊ ငါးခူ၊ ငါးက်ီး၊ ငါးေျမြထိုး စတဲ့ ေရခ်ိဳငါးတို့ကိုလည္း သံုးႏိုင္ ပါတယ္။ ဦးစြာ ငါးေတြကို ဗိုက္ခြဲ အူထုတ္ျပီးေရေျပာင္ေအာင္ေဆးေပးပါ။ ငါးတစ္ေကာင္ခ်င္းစီကို တစ္ထြာေလာက္ထက္ ပို၍မႀကီးသင့္ပါဘူး။

ငါးအေကာင္ႀကီးရင္ေတာ့ ထက္ျခမ္းခြဲသင့္ပါတယ္။ ဒါမွသာ ပထမေန ့မွာပဲအေတာ္အသင့္
အစိုဓာတ္နဲသြားမွာ ပါ။ ဆားနယ္တဲ့အခါမွာ ပံုမွန္ဟင္းခ်က္တာထက္ပိုျပီးနယ္ရမွာပါ။ သို
့ေသာ္ ဆားထဲ့မ်ားရင္ ငံလြန္းေနျပီး ဆားနည္းရင္ေတာ့ ငါး ေတြပုပ္တတ္ပါတယ္။
သဘာ၀နည္းျဖစ္လို ့အခ်ိဳမႈန္ ့နဲ ့ ယမ္းစိမ္း လံုး၀ထည့္စရာ မလိုပါ။ *(သတိျပဳရန္။
ငါးေနလွန္းတဲ့အခါ ယင္ ေကာင္မ်ားနားပါက၊ ဥခ်ခဲ့ရင္ ငပိထဲမွာေလာက္ေကာင္မ်ား ေတြ
့ရတတ္လို ့ ယင္မနားပါေစႏွင့္) *ငါးေျခာက္ျဖစ္တဲ့ အထိ ေနမ လွန္းပဲ အစိုဓာတ္
ထက္၀က္ေလာက္ေလ်ာ့က်သြားခ်ိန္မွာ ငရုပ္ဆံုထဲထည့္ျပီးေထာင္းေပးပါ။ သို
့ေသာ္ အထူးညက္စရာမလိုပါ။

ငါးပံုပ်က္ျပီး အနဲငယ္ပဲ့ရြဲ ႔၍ ဖိသိပ္ထဲ့လို့ရတဲ့အေနအထားထိေပ်ာ့ေပ်ာင္းလာရင္ေတာ့ ပလပ္စတစ္ဗူး၊ ဖန္ဘူးမ်ားထဲ သိပ္ထည့္ထားပါ။ ျပီးရင္အေပၚမွ ဆားမ်ားကိုျဖဴး၍(အနဲဆံုး လက္တစ္ဆုပ္ခန္ ့)အဖံုးကိုလံုေအာင္ ပိတ္ထားလိုက္ရံုပါဘဲ။ ယခုလို သဘာ၀ နည္းျဖင့္ ငါးငပိလုပ္နည္းကငါးကေလးဆိုရင္နွစ္လခြဲ ခန္ ့ၾကာမွာျဖစ္ျပီး၊ ငါးႀကီးဆိုလွ်င္ သံုးလခြဲခန္ ့ၾကာနိုင္ပါတယ္။
ငပိနပ္လို ့ အိုးစဖြင့္တယ္္ ဆိုရင္ဘဲ ငပိအိုးတက္ရည္မ်ားကိုေတြ ့ရပါလိမ့္မယ္။
အဲဒီအိုးတက္ရည္ေတြဟာ သဘာ၀ငပိမွထြက္တဲ ့ ငံျပာရည္ မ်ားျဖစ္လို ့ေဘးအႏၱရယ္ကင္းစြာ အသံုးျပဳနိုင္ပါတယ္။ ဒီအတိုင္းသံုးရင္ အနံ ့မေကာင္းတဲ့အတြက္အိုးထဲမွငံျပာရည္ (အိုးတက္ ရည္)မ်ားကို ခပ္ယူျပီးပြက္ပြက္ဆူေအာင္က်ိဳခ်က္ထားရပါမယ္။ ငံျပာရည္အခ်ိဳၾကိဳက္ရင္ေတာ့သၾကားထဲ့ေပးႏိုင္ပါတယ္။
ျပီးရင္ ပုလင္းအလြတ္ တစ္လံုးထဲမွာသိမ္းျပီး သဘာ၀ငါးငံျပာရည္စစ္စစ္အျဖစ္
လိုသလိုအသံုးျပဳနိုင္ပါတယ္။ ဒါဆိုရင္ျဖင့္ အိမ္ရွင္မမ်ား မိမိအိမ္မွာငါးငပိလုပ္ရင္း၊ ငါးငံျပာစစ္စစ္ကိုပါ သံုးစြဲလို ့ရပါျပီ။

<< ေဆးဖက္္၀င္ ငပိရည္ေဖ်ာ္နည္း >>
ငပိဆိုတာ ငါးကိုေရေဆး၊ ဗိုက္ခြဲကာအူေတြထုတ္ျပီး၊ ဆား(အငန္ဓာတ္ေတြ)နဲ ့
အပုပ္ခံလုပ္ ထားတာမို ့လည္း ငပိရည္က စား လို ့ေတာ့ေကာင္းပါရဲ ့ အငန္ဓာတ္ကဲေနပါတယ္။
ဒါ့ေၾကာင့္လည္း ေသြးတိုးေရာဂါသည္မ်ား ႏွင့္ ၀က္ျခံေပါက္သူမ်ားက ထမင္း
၀ိုင္းမွာ ငပိရည္ရနံ ့ေမႊးေမႊးေလးကို စိတ္ရွိတိုင္းမစားရဲၾကပါဘူး။ သို
့ေသာ္ အထက္မွာေဖာ္ျပထားသလိုသဘာ၀နညး္နဲ ့ျပဳလုပ္ ေဖာ္စပ္ထားတဲ့ ငပိရည္ကို ေဆးဖက္၀င္ေအာင္ေဖ်ာ္၍သင့္တင့္တဲ့ပမာဏစားျခင္း လူကိုေဘးထြက္ဆိုးက်ိဳးမျဖစ္ေစပါဘူး။ ဦးစြာ
ငပိရည္က်ိဳတဲ့အခါမွာ နႏြင္း(စႏြင္း)မႈန္ ့ကိုထဲ့၍ ၾကိဳေပးရမွာပါ။ဘာေၾကာင့္လဲဆိုရင္ နႏြင္းမႈန္ ့က အညွီအေဟာက္မ်ားကို လြန္စြာေျပေပ်ာက္ေစတဲ့အျပင္၊ အေရာင္လွပရံုသာမက ငပိရည္၏ အနံ ့ႏွင့္အရသာကိုပါပိုေကာင္းေစနိုင္လို ့ပါဘဲ။ နႏြင္းႏွင့္ ေရာ ၾကိဳျပီး ပြက္ပြက္ဆူလာတဲ့အခါ
အုိးေပၚမွခ်၍ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴနိုင္နိုင္ထည့္ေပးလိုက္ျခင္းျဖင့္စားခ်င့္စဖြယ္ “ေဆး ဖက္၀င္ ငပိေဖ်ာ္ရည္ ” ရပါျပီ။ အစပ္ၾကိဳက္သူမ်ားကငရုပ္သီးစိမ္းကိုေလွာ္၍ ေထာင္းထဲ့စားနိုင္ပါတယ္။ ငရုပ္သီးစိမ္းေလွာ္ က ငပိရည္ရနံ ့ကိုပို၍ဆြဲေဆာင္မႈျဖစ္ေစရံုသာမက၊ ငရုပ္သီးစိမ္းစားလို့ဗိုက္နာျခင္းမွလည္း ၾကိဳတင္ကာကြယ္ရာေရာက္ပါတယ္။

(ငရုပ္သီးအက်က္မႈန္ ့ကိုမွၾကိဳက္သူမ်ားကလည္း မိမိအလိုရွိသလိုထဲ့လို ့ရပါတယ္) ေဆးဖက္၀င္ငပိရည္ေဖ်ာ္အတြက္အခ်ိဳမႈန္ ့ မထဲ့သင့္ပါဘူး၊ အခ်ိဳမႈန္ ့အစား ပုစြန္ေျခာက္မႈန္
့အနည္းငယ္ထဲ့ေပးနိုင္ပါတယ္(သို ့မဟုတ္)မိမိအဆင္ေျပရာ ျပဳတ္ထားေသာ ငက်ည္း
ငၾကင္း ငျမစ္ခ်င္းအသားအနည္းကို အရိုးႏႊင္၍ ငပိရည္ထဲခတ္ေပးနိုင္ပါတယ္။
ထမင္း၀ိုင္းျပင္ခါနီးမွာ ငပိရည္ခြက္ထဲကို သံပုရာ ရည္ညွစ္ထည့္ေပးလိုက္ပါဦး။
သံပုရာရည္က ေသြးတိုးကိုထိန္းေပးနိုင္သလို ျမန္မာ့အၾကိဳက္ ခ်ဥ္၊ ငံ၊ စပ္
အရသာျပီးျပည့္ စံုတဲ့ ငပိရည္တစ္ခြက္ရပါျပီ။ (အတို ့အျမွဳပ္အျဖစ္
မန္က်ည္းသီးျဖင့္ျပဳတ္ထားေသာ ကန္စြန္းရိုးနီ၊ ဖန္ခါးသီး၊ ဆီးျဖဴသီး၊ သခြား
သီး၊ ဖရဲသီးငယ္(သို ့မဟုတ္)ဗူးသီးျပဳတ္၊ ခရမ္းကြ်တ္သီး၊ ပူစီနံရြက္၊
မုန္လာဥနီ၊ ခ်ဥ္ဖတ္အမ်ိဳးမ်ိဳး၊ ေရေႏြးေဖ်ာထားတဲ့ ပဲေစာင္း
ခါးသီး-ေဂၚဖီ-ပဲေတာင့္ရွည္-ကနေဖာ့-မႈိနတို-စာကေလးေျခေထာက္-ပဲပုစြန္ စတဲ့
သဘာ၀ဟင္းသီးဟင္းရြက္မ်ားကို ငပိရည္ျဖင့္ တြဲဖက္စားျခင္းျဖင့္ ခံတြင္းလိုက္
ေစသလို ေဆးဖက္လည္း ၀င္ေစမွာ အမွန္ပါ)

[ Unicode ]

နေ့တိုင်း ထမင်းမြိန်မြိန်စားကြဖို့ ဆေးဖက်ဝင် ငါးပိ ပြုလုပ်နည်းနဲ့ ငါးပိရည် ဖျော်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ငါးပိပြုလုပ်နည်း (ငါးပိတစ်ပိဿာအတွက်)
ငါးတစ်ပိဿာ နှစ်ဆယ့်ငါးကျပ်သားလောက် ဝယ်ရပါမယ်။ ငါးပြေမကတော့ပြောစမှတ်ဖြစ်ရအောင် အချို ဓာတ် လေးလေးပင်ပင်ရှိလှပါတယ်။ဈေးမှာလွယ်လွယ်ဝယ်လို့ရတဲ့ ငါးရံ့၊ ငါးခူ၊ ငါးကျီး၊ ငါးမြွေထိုး စတဲ့ ရေချိုငါးတို့ကိုလည်း သုံးနိုင် ပါတယ်။ ဦးစွာ ငါးတွေကို ဗိုက်ခွဲ အူထုတ်ပြီးရေပြောင်အောင်ဆေးပေးပါ။ ငါးတစ်ကောင်ချင်းစီကို တစ်ထွာလောက်ထက် ပို၍မကြီးသင့်ပါဘူး။

ငါးအကောင်ကြီးရင်တော့ ထက်ခြမ်းခွဲသင့်ပါတယ်။ ဒါမှသာ ပထမနေ့မှာပဲအတော်အသင့်
အစိုဓာတ်နဲသွားမှာ ပါ။ ဆားနယ်တဲ့အခါမှာ ပုံမှန်ဟင်းချက်တာထက်ပိုပြီးနယ်ရမှာပါ။ သို
့သော် ဆားထဲ့များရင် ငံလွန်းနေပြီး ဆားနည်းရင်တော့ ငါး တွေပုပ်တတ်ပါတယ်။
သဘာဝနည်းဖြစ်လို့အချိုမှုန့်နဲ့ ယမ်းစိမ်း လုံးဝထည့်စရာ မလိုပါ။ *(သတိပြုရန်။
ငါးနေလှန်းတဲ့အခါ ယင် ကောင်များနားပါက၊ ဥချခဲ့ရင် ငပိထဲမှာလောက်ကောင်များ တွေ
့ရတတ်လို့ ယင်မနားပါစေနှင့်) *ငါးခြောက်ဖြစ်တဲ့ အထိ နေမ လှန်းပဲ အစိုဓာတ်
ထက်ဝက်လောက်လျော့ကျသွားချိန်မှာ ငရုပ်ဆုံထဲထည့်ပြီးထောင်းပေးပါ။ သို
့သော် အထူးညက်စရာမလိုပါ။

ငါးပုံပျက်ပြီး အနဲငယ်ပဲ့ရွဲ့၍ ဖိသိပ်ထဲ့လို့ရတဲ့အနေအထားထိပျော့ပျောင်းလာရင်တော့ ပလပ်စတစ်ဗူး၊ ဖန်ဘူးများထဲ သိပ်ထည့်ထားပါ။ ပြီးရင်အပေါ်မှ ဆားများကိုဖြူး၍(အနဲဆုံး လက်တစ်ဆုပ်ခန့်)အဖုံးကိုလုံအောင် ပိတ်ထားလိုက်ရုံပါဘဲ။ ယခုလို သဘာ၀ နည်းဖြင့် ငါးငပိလုပ်နည်းကငါးကလေးဆိုရင်နှစ်လခွဲ ခန့်ကြာမှာဖြစ်ပြီး၊ ငါးကြီးဆိုလျှင် သုံးလခွဲခန့်ကြာနိုင်ပါတယ်။
ငပိနပ်လို့ အိုးစဖွင့်တယ် ဆိုရင်ဘဲ ငပိအိုးတက်ရည်များကိုတွေ့ရပါလိမ့်မယ်။
အဲဒီအိုးတက်ရည်တွေဟာ သဘာဝငပိမှထွက်တဲ့ ငံပြာရည် များဖြစ်လို့ဘေးအန္တရယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ ဒီအတိုင်းသုံးရင် အနံ့မကောင်းတဲ့အတွက်အိုးထဲမှငံပြာရည် (အိုးတက် ရည်)များကို ခပ်ယူပြီးပွက်ပွက်ဆူအောင်ကျိုချက်ထားရပါမယ်။ ငံပြာရည်အချိုကြိုက်ရင်တော့သကြားထဲ့ပေးနိုင်ပါတယ်။
ပြီးရင် ပုလင်းအလွတ် တစ်လုံးထဲမှာသိမ်းပြီး သဘာဝငါးငံပြာရည်စစ်စစ်အဖြစ်
လိုသလိုအသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်ဖြင့် အိမ်ရှင်မများ မိမိအိမ်မှာငါးငပိလုပ်ရင်း၊ ငါးငံပြာစစ်စစ်ကိုပါ သုံးစွဲလို့ရပါပြီ။

<< ဆေးဖက်ဝင် ငပိရည်ဖျော်နည်း >>
ငပိဆိုတာ ငါးကိုရေဆေး၊ ဗိုက်ခွဲကာအူတွေထုတ်ပြီး၊ ဆား(အငန်ဓာတ်တွေ)နဲ့
အပုပ်ခံလုပ် ထားတာမို့လည်း ငပိရည်က စား လို့တော့ကောင်းပါရဲ့ အငန်ဓာတ်ကဲနေပါတယ်။
ဒါ့ကြောင့်လည်း သွေးတိုးရောဂါသည်များ နှင့် ဝက်ခြံပေါက်သူများက ထမင်း
ဝိုင်းမှာ ငပိရည်ရနံ့မွှေးမွှေးလေးကို စိတ်ရှိတိုင်းမစားရဲကြပါဘူး။ သို
့သော် အထက်မှာဖော်ပြထားသလိုသဘာဝနည်းနဲ့ပြုလုပ် ဖော်စပ်ထားတဲ့ ငပိရည်ကို ဆေးဖက်ဝင်အောင်ဖျော်၍သင့်တင့်တဲ့ပမာဏစားခြင်း လူကိုဘေးထွက်ဆိုးကျိုးမဖြစ်စေပါဘူး။ ဦးစွာ
ငပိရည်ကျိုတဲ့အခါမှာ နနွင်း(စနွင်း)မှုန့်ကိုထဲ့၍ ကြိုပေးရမှာပါ။ဘာကြောင့်လဲဆိုရင် နနွင်းမှုန့်က အညှီအဟောက်များကို လွန်စွာပြေပျောက်စေတဲ့အပြင်၊ အရောင်လှပရုံသာမက ငပိရည်၏ အနံ့နှင့်အရသာကိုပါပိုကောင်းစေနိုင်လို့ပါဘဲ။ နနွင်းနှင့် ရော ကြိုပြီး ပွက်ပွက်ဆူလာတဲ့အခါ
အိုးပေါ်မှချ၍ ထောင်းထားတဲ့ ကြက်သွန်ဖြူနိုင်နိုင်ထည့်ပေးလိုက်ခြင်းဖြင့်စားချင့်စဖွယ် “ဆေး ဖက်ဝင် ငပိဖျော်ရည် ” ရပါပြီ။ အစပ်ကြိုက်သူများကငရုပ်သီးစိမ်းကိုလှော်၍ ထောင်းထဲ့စားနိုင်ပါတယ်။ ငရုပ်သီးစိမ်းလှော် က ငပိရည်ရနံ့ကိုပို၍ဆွဲဆောင်မှုဖြစ်စေရုံသာမက၊ ငရုပ်သီးစိမ်းစားလို့ဗိုက်နာခြင်းမှလည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

(ငရုပ်သီးအကျက်မှုန့်ကိုမှကြိုက်သူများကလည်း မိမိအလိုရှိသလိုထဲ့လို့ရပါတယ်) ဆေးဖက်ဝင်ငပိရည်ဖျော်အတွက်အချိုမှုန့် မထဲ့သင့်ပါဘူး၊ အချိုမှုန့်အစား ပုစွန်ခြောက်မှုန်
့အနည်းငယ်ထဲ့ပေးနိုင်ပါတယ်(သို့မဟုတ်)မိမိအဆင်ပြေရာ ပြုတ်ထားသော ငကျည်း
ငကြင်း ငမြစ်ချင်းအသားအနည်းကို အရိုးနွှင်၍ ငပိရည်ထဲခတ်ပေးနိုင်ပါတယ်။
ထမင်းဝိုင်းပြင်ခါနီးမှာ ငပိရည်ခွက်ထဲကို သံပုရာ ရည်ညှစ်ထည့်ပေးလိုက်ပါဦး။
သံပုရာရည်က သွေးတိုးကိုထိန်းပေးနိုင်သလို မြန်မာ့အကြိုက် ချဉ်၊ ငံ၊ စပ်
အရသာပြီးပြည့် စုံတဲ့ ငပိရည်တစ်ခွက်ရပါပြီ။ (အတို့အမြှုပ်အဖြစ်
မန်ကျည်းသီးဖြင့်ပြုတ်ထားသော ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွား
သီး၊ ဖရဲသီးငယ်(သို့မဟုတ်)ဗူးသီးပြုတ်၊ ခရမ်းကျွတ်သီး၊ ပူစီနံရွက်၊
မုန်လာဥနီ၊ ချဉ်ဖတ်အမျိုးမျိုး၊ ရေနွေးဖျောထားတဲ့ ပဲစောင်း
ခါးသီး-ဂေါ်ဖီ-ပဲတောင့်ရှည်-ကနဖော့-မှိုနတို-စာကလေးခြေထောက်-ပဲပုစွန် စတဲ့
သဘာဝဟင်းသီးဟင်းရွက်များကို ငပိရည်ဖြင့် တွဲဖက်စားခြင်းဖြင့် ခံတွင်းလိုက်
စေသလို ဆေးဖက်လည်း ဝင်စေမှာ အမှန်ပါ)

Ref; asianfood

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.