ရွဴးရွဲေျပာင္းဖူးေထာင္း ျပဳလုပ္နည္း

အိမ္တြင္းပုန္းရင္း ရွဴးရွဴးရွဲရွဲ ေထာင္းစားၾကဖုိ႔ အရမ္းေကာင္းတဲ့ ခ်ိဳခ်ဥ္ငန္စပ္ ေျပာင္းဖူးေထာင္း ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ပစၥည္းမ်ား
၁။ ေျပာင္းဖူး – တဖူး
၂။ သေဘၤာသီး ျခစ္ျပီးသား – လက္ဖက္ရည္ပန္းကန္လံုး တလံုးေမာက္ေမာက္
၃။ မုန္လာဥနီ ျခစ္ျပီးသား – လက္ဖက္ရည္ ပန္းကန္လံုး တလံုးေမာက္ေမာက္
၄။ ခရမ္းခ်ဥ္သီး – ၄လံုးခန္႕
၅။ ပဲေတာင့္႐ွည္ – ၅ေတာင့္ခန္႕
၆။ ၾကက္သြန္ျဖဴ – ၃မႊာ
၇။ ပုဇြန္ေျခာက္ – ၁၅ေကာင္ခန္႕
၈။ င႐ုတ္သီး အေျခာက္ေတာင့္ – ၇ေတာင့္ခန္႕
၉။ ထန္းလ်ွက္ခဲ – တခဲ
၁၀။ ငါးငံျပာရည္ – ထမင္းစားဇြန္း တဇြန္း
၁၁။ ဆား – အနည္းငယ္
၁၂။ သံပုရာသီး – တျခမ္း
၁၃။ ၾကက္ဥျပဳတ္ -၂လံုး

ျပင္ဆင္နည္း
-ေျပာင္းဖူးကို က်က္ေအာင္ျပဳပ္ျပီး ဓါးႏွင့္လွီးခ်ေပးထားပါ။
-သေဘၤာသီး ျခစ္ျပီးသားႏွင့္ မံုလာဥနီ ျခစ္ျပီးသားကို ျပင္ထားပါ။
-ၾကက္သြန္ျဖဴကို အခြံခြာကာ ေရေဆးထားပါ။
-ပဲေတာင့္႐ွည္ကို ေရေဆးျပီး အေနေတာ္ လွီးထားပါ။
-ခရမ္းခ်ဥ္သီးကို ေရေဆးျပီး ထက္၀က္ျခမ္းထားပါ။
-ပုဇြန္ေျခာက္ကို ေရေဆးထားပါ။
-င႐ုတ္သီး အေျခာက္ေတာင့္ကို ေရေဆးထားပါ။
-င႐ုတ္သီးေတာင့္ကို အညွာေႁခြျပီး ေရေဆးထားပါ။
-ၾကက္ဥကို အခြံခြာျပီး အေနေတာ္ စိတ္ေပးထားပါ။
-က်န္လိုအပ္ေသာ ပစၥည္းမ်ားကို ျပင္ထားပါ။
င႐ုတ္ဆံုထဲမွာ အရင္ဆံုး င႐ုတ္သီးေတာင့္ႏွင့္ ပုဇြန္ေျခာက္ကို မညက္တညက္ ရေအာင္ ထည့္ေထာင္းပါ။
ျပီးတာနဲ႕ထန္းလ်ွက္ခဲ မံုလာဥနီ သေဘၤာသီး ပဲသီးတို႕ကို ခပ္ဖြဖြ ထည့္ထားပါ။
ေထာင္းထားတာေတြကို သမေအာင္ ဇြန္းနဲ႕ေမႊေပးျပီး ခရမ္းခ်ဥ္သီး ဆား ငံျပာရည္ႏွင့္ သံပုရာရည္တို႕ထည့္ကာ ခပ္ဖြဖြထည့္ေထာင္းကာ ဇြန္းႏွင့္သမေအာင္ ေမႊေပးကာ အရသာျမည္းျပီး လိုသလို ျပင္ေပးပါ။
အရသာျပင္ျပီးတာနဲ႕ ပန္းကန္တခုထဲထည့္ကာ ၾကက္ဥကိုထည့္ေပးျပီး ေျပာင္းဖူးေထာင္း ခ်ဳိခ်ဥ္ငံစပ္ေလးကို စားသံုးရန္ ျပင္ေပးပါ။
ခုဆိုရင္ေတာ့ အရမ္းေကာင္းတဲ့ ေျပာင္းဖူးေထာင္းေလးကို ရွဴးရွဴးရွဲရွဲ သံုးေဆာင္ၾကမယ္ေနာ္။

[ Unicode ]

အိမ်တွင်းပုန်းရင်း ရှူးရှူးရှဲရှဲ ထောင်းစားကြဖို့ အရမ်းကောင်းတဲ့ ချိုချဉ်ငန်စပ် ပြောင်းဖူးထောင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ပြောင်းဖူး – တဖူး
၂။ သင်္ဘောသီး ခြစ်ပြီးသား – လက်ဖက်ရည်ပန်းကန်လုံး တလုံးမောက်မောက်
၃။ မုန်လာဥနီ ခြစ်ပြီးသား – လက်ဖက်ရည် ပန်းကန်လုံး တလုံးမောက်မောက်
၄။ ခရမ်းချဉ်သီး – ၄လုံးခန့်
၅။ ပဲတောင့်ရှည် – ၅တောင့်ခန့်
၆။ ကြက်သွန်ဖြူ – ၃မွှာ
၇။ ပုဇွန်ခြောက် – ၁၅ကောင်ခန့်
၈။ ငရုတ်သီး အခြောက်တောင့် – ၇တောင့်ခန့်
၉။ ထန်းလျှက်ခဲ – တခဲ
၁၀။ ငါးငံပြာရည် – ထမင်းစားဇွန်း တဇွန်း
၁၁။ ဆား – အနည်းငယ်
၁၂။ သံပုရာသီး – တခြမ်း
၁၃။ ကြက်ဥပြုတ် -၂လုံး

ပြင်ဆင်နည်း
-ပြောင်းဖူးကို ကျက်အောင်ပြုပ်ပြီး ဓါးနှင့်လှီးချပေးထားပါ။
-သင်္ဘောသီး ခြစ်ပြီးသားနှင့် မုံလာဥနီ ခြစ်ပြီးသားကို ပြင်ထားပါ။
-ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ။
-ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ။
-ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ။
-ပုဇွန်ခြောက်ကို ရေဆေးထားပါ။
-ငရုတ်သီး အခြောက်တောင့်ကို ရေဆေးထားပါ။
-ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ။
-ကြက်ဥကို အခွံခွာပြီး အနေတော် စိတ်ပေးထားပါ။
-ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ။
ငရုတ်ဆုံထဲမှာ အရင်ဆုံး ငရုတ်သီးတောင့်နှင့် ပုဇွန်ခြောက်ကို မညက်တညက် ရအောင် ထည့်ထောင်းပါ။
ပြီးတာနဲ့ထန်းလျှက်ခဲ မုံလာဥနီ သင်္ဘောသီး ပဲသီးတို့ကို ခပ်ဖွဖွ ထည့်ထားပါ။
ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး ခရမ်းချဉ်သီး ဆား ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
အရသာပြင်ပြီးတာနဲ့ ပန်းကန်တခုထဲထည့်ကာ ကြက်ဥကိုထည့်ပေးပြီး ပြောင်းဖူးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးပါ။
ခုဆိုရင်တော့ အရမ်းကောင်းတဲ့ ပြောင်းဖူးထောင်းလေးကို ရှူးရှူးရှဲရှဲ သုံးဆောင်ကြမယ်နော်။

Ref; asianfood

 

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.