လူကြီးမင်းများ Instagram သုံးမယ်ဆိုရင် ပထမဆုံး ရီဟားနားကို follow လုပ်ပါ။ သူမကြည့်ရတာ လွန်ခဲ့တဲ့နှစ်ရက်အတွင်း Instagram မှာ အတော်လေးအလုပ်များနေပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆက်စီအကျဆုံး ဓါတ်ပုံအတော်များများအတွက် အိုက်တင်ထုတ်ရ ၊ ပိုစ့်ပေးရတာတွေအပြင် ၀တ်ထားတဲ့ ဘီကီနီကလည်း ရွှေရောင်လေးနဲ့ဆိုတော့ အတော်ပဲလှပါတယ်။
အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့အဆိုတော်ဟာ သူ့မိတ်ဆွေ Jennifer Rosales နဲ့ ဘရာဇီးကမ်းခြေမှာ အပန်းဖြေခရီးထွက်နေတာဖြစ်ပြီး သူမရဲ့ခရီးကိုမျှဝေတဲ့သဘောနဲ့ ဒါဇင်နဲ့ချီတဲ့ပုံတွေလည်း ရိုက်ကူးနေပါတယ်။
သူမရဲ့ အချိန်တော်တော်များကို ရွက်လှေပေါ်မှာ ကုန်ဆုံးနေပုံရပြီး လှော်တက်လေးခတ်လို့ ရွက်လွှင့်နေပုံတွေ အများအပြားပါပါတယ်။ နေ၀င်ချိန်မှာ ရိုက်ထားတဲ့ နောက်တစ်ပုံဆိုရင် ဆေးရွက်ကြီးကို သောက်လို့ ခပ်မျောမျောလေး လှော်ခတ်နေဟန် ရိုက်ကူးထားတာ တကယ်ပဲ အသက်ဝင်ပါတယ်။
အမေရိကန်ဒေါ်လာ ၂၁၀တန် ရွှေအိုရောင်ဘီကီနီနဲ့ သူမရဲ့အလှဓါတ်ပုံတွေကို အားလုံးခံစား နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။
Ref:starpulse