ကိုရီးယားတွေရဲ့ ကံမကောင်းတဲ့နံပါတ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ ကိန်းဂဏန်းနံပါတ် (၄)အကြောင်း(숫자)

ကိုရီးယားမှာတော့ နံပါတ်(၄)ကို ကံမကောင်းတဲ့ ကိန်းဂဏန်းအဖြစ် သတ်မှတ်ကြပါတယ်။ ဓာတ်လှေကားအများအပြားမှာ ၄ လွှာကို (F) ဟု ရေးသားတတ်ကြပါတယ်။ အချို့အဆောက်အဦးတွေမှာဆိုရင် (F)လွှာ လို့တောင်ရေးမထားဘဲ (၅) လွှာ လို့ တန်းရေးထားတတ်ပါတယ်။

ဘာဖြစ်လို့အခုလို ရေးကြလဲဆိုရင် ရှေးဟောင်းကိုရီးယား စကားလုံးတစ်လုံးဖြစ်တဲ့ ဟန်ဂျာမှာပါတဲ့ သေဆိုတဲ့ စာလုံးရဲ့ အသံထွက်ကလဲ(사-ဆာ)၊ နံပါတ် (၄) ရဲ့ အသံထွက်ကလဲ (사 -ဆာ)ဖြစ်ပြီးအသံထွက်ချင်းက တူနေသောကြောင့်ဖြစ်ပါတယ်။အဲ့ဒါကြောင့် ကိုရီးယားလူမျိုးတွေအတွက် နံပါတ်(၄)က သေခြင်းတရားရဲ့ သင်္ကေတ၊ ကံမကောင်းခြင်းတွေရဲ့ နိမိတ်ရယ်လို့ တွေးတောသတ်မှတ်ကြပါတယ်။

한국사람들은 숫자 4 를 보면 죽음을 떠올립니다.
(ကိုရီးယားလူမျိုးတွေကတော့ နံပါတ်(၄) ကိုမြင်ရင် သေခြင်းတရားကို တွေးတောနေတတ်ပါတယ်။

Ref;NAVER

194 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.