နာမည္ႀကီး မာလာရွမ္းေကာခ်က္နည္း

ပိတ္ရက္မွာ အဝဆြဲဖုိ႔ လုပ္ရတာလည္း လြယ္၊ အရသာလည္းရွိတဲ့ မာလာရွမ္းေကာ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းေတြကေတာ့ မာလာဟင္းအႏွစ္ထုပ္ရယ္၊အေမႊးနံ့အထုပ္ရယ္၊ အထံုအရသာအထုပ္ရယ္လိုအပ္ပါတယ္။

1.အသီးအရြက္ (ၾကာစြယ္၊ေရႊပဲရြက္၊ေဂၚရခါးၫႊန္႔၊baby Corn၊ အာလူး၊မုနၫွင္း၊ အပ္မွို)

2.အသားငါး (ႀကိဳက္ႏွစ္သက္ရာ ၾကက္သား၊ ဆိတ္သား၊ဝက္သား၊ ပုစြန္၊ဂဏန္း)

3.ၾကက္အူေခ်ာင္း (CP)

4.ေခါက္ဆြဲေျခာက္ ,ေျမပဲေၾကာ္ ၊ႏွမ္း

5.ၾကက္သြန္ျဖဴ၊ ဂ်င္းလက္တဆစ္

အမယ္မ်ားရင္ေတာ့ အႏွစ္ထုပ္ကတစ္ခါစားတစ္ထုပ္ကုန္ပါတယ္။အထံုနဲ႔ အေမႊးထုပ္ကေတာ့ နည္းနည္းဘဲထည့္ရတာမို ့ေနာက္အေခါက္ေတြျပန္သံုးလို ့ရတာေပါ့။

ခ်က္နည္း

-ပထမဦးစြာေခါက္ဆြဲကိုထည့္ျပဳတ္ပါ။ၿပီးရင္ အာလူး ၾကာစြယ္ baby corn တို႕့ကိုထည့္ျပဳတ္ပါ။

-2မိနစ္ေလာက္ျပဳတ္ၿပီး ဇကာထဲသြန္ခ်ေရေအးေဆးၿပီးေရစစ္ထားပါ။အပူႀကီးထည့္ရင္ေခါက္ဆြဲေတြလံုးၿပီးျပတ္ကုန္လို႔ပါ။

-ဒယ္အိုးတစ္လံုးထဲမွာ ဆီထည့္ၿပီးၾကက္သြန္ျဖဴ ဂ်င္းပါးပါးလွီးထားတာကိုထည့္ဆီသတ္ပါ။

-ျပီးရင္မာလားဟင္းအႏွစ္ရယ္အေမႊးနံ့ရယ္ အထံုမႈန္႔နည္းနည္းထည့္ေမႊၿပီးအသားထည့္ ေၾကာ္္ပါ။

-အသားက်က္ရင္ ၾကက္အူေခ်ာင္းထည့္ပါ။
ျပဳတ္ထားတဲ့ေခါက္ဆြဲအုပ္စုထည့္ေမႊပါ။ၿပီးရင္အရြက္ေတြထည့္ပါ။အပ္မွိုကိုေနာက္ဆံုးမွထည့္ပါ။

-အရသာအတြက္ၾကက္သားမႈန္႔နည္းနည္းထည့္ၿပီးအေပါ့အငံျမည္းပါ။ အရသာအေနေတာ္ဆိုရင္ ဇလံုတစ္ခုထဲေျပာင္းထည့္ၿပီး အေပၚကေနေျမပဲေၾကာ္ႏွင့္ႏွမ္းျဖဴးၿပီးသံုးေဆာင္လို႔ရပါၿပီေနာ္။

[ Unicode ]

ပိတ်ရက်မှာ အဝဆွဲဖို့ လုပ်ရတာလည်း လွယ်၊ အရသာလည်းရှိတဲ့ မာလာရှမ်းကော ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းတွေကတော့ မာလာဟင်းအနှစ်ထုပ်ရယ်၊အမွှေးနံ့အထုပ်ရယ်၊ အထုံအရသာအထုပ်ရယ်လိုအပ်ပါတယ်။

1.အသီးအရွက် (ကြာစွယ်၊ရွှေပဲရွက်၊ဂေါ်ရခါးညွှန့်၊baby Corn၊ အာလူး၊မုနညှင်း၊ အပ်မှို)

2.အသားငါး (ကြိုက်နှစ်သက်ရာ ကြက်သား၊ ဆိတ်သား၊ဝက်သား၊ ပုစွန်၊ဂဏန်း)

3.ကြက်အူချောင်း (CP)

4.ခေါက်ဆွဲခြောက် ,မြေပဲကြော် ၊နှမ်း

5.ကြက်သွန်ဖြူ၊ ဂျင်းလက်တဆစ်

အမယ်များရင်တော့ အနှစ်ထုပ်ကတစ်ခါစားတစ်ထုပ်ကုန်ပါတယ်။အထုံနဲ့ အမွှေးထုပ်ကတော့ နည်းနည်းဘဲထည့်ရတာမို့နောက်အခေါက်တွေပြန်သုံးလို့ရတာပေါ့။

ချက်နည်း

-ပထမဦးစွာခေါက်ဆွဲကိုထည့်ပြုတ်ပါ။ပြီးရင် အာလူး ကြာစွယ် baby corn တို့ကိုထည့်ပြုတ်ပါ။

-2မိနစ်လောက်ပြုတ်ပြီး ဇကာထဲသွန်ချရေအေးဆေးပြီးရေစစ်ထားပါ။အပူကြီးထည့်ရင်ခေါက်ဆွဲတွေလုံးပြီးပြတ်ကုန်လို့ပါ။

-ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီးကြက်သွန်ဖြူ ဂျင်းပါးပါးလှီးထားတာကိုထည့်ဆီသတ်ပါ။

-ပြီးရင်မာလားဟင်းအနှစ်ရယ်အမွှေးနံ့ရယ် အထုံမှုန့်နည်းနည်းထည့်မွှေပြီးအသားထည့် ကြော်ပါ။

-အသားကျက်ရင် ကြက်အူချောင်းထည့်ပါ။
ပြုတ်ထားတဲ့ခေါက်ဆွဲအုပ်စုထည့်မွှေပါ။ပြီးရင်အရွက်တွေထည့်ပါ။အပ်မှိုကိုနောက်ဆုံးမှထည့်ပါ။

-အရသာအတွက်ကြက်သားမှုန့်နည်းနည်းထည့်ပြီးအပေါ့အငံမြည်းပါ။ အရသာအနေတော်ဆိုရင် ဇလုံတစ်ခုထဲပြောင်းထည့်ပြီး အပေါ်ကနေမြေပဲကြော်နှင့်နှမ်းဖြူးပြီးသုံးဆောင်လို့ရပါပြီနော်။

Ref; asianfood

 

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.