ကိုရီးယားနိုင်ငံ၏ ရာသီဥတုများအကြောင်း

ကိုရီးယားနိုင်ငံရဲ့ ရာသီဥတုတွေကတော့ နွေဦး၊ နွေရာသီ၊ဆောင်းဦး၊ ဆောင်းရာသီ ဆိုပြီး (၄)မျိုးရှိပါတယ်။

ရာသီတစ်ခုနဲ့တစ်ခုကတော့ ၃ လလောက်ကြာမြင့်ပါတယ်။

(봄) နွေဦး (မတ်လမှ မေလ ၃လပိုင်းမှ ၅လပိုင်း)

နွေဦးရာသီကိုတော့ ပန်းပွင့်ရာသီလို့လဲ တင်စားခေါ်ဝေါ်ကြပါတယ်။မနက်ပိုင်းနဲ့ ညနေပိုင်းမှာတော့ အေးပြီး နေ့ခင်းပိုင်းမှာ နွေးထွေးပါတယ်။ နွေဦးကတော့ ချယ်ရီပန်းနှင့် တခြားပန်းပေါင်းစုံပွင့်တဲ့ အတွက်ကြောင့် ကိုရီးယားလူမျိုးတွေသာမက နိုင်ငံခြားခရီးသွားတွေပါ နွေဦးရာသီကို အရမ်းနှစ်သက်ကြပါတယ်။ လမ်းလျှောက်ဖို့လဲကောင်းပြီး၊ ဓာတ်ပုံရိုက်ဖို့လဲ ကောင်းတဲ့ ရာသီဥတုဖြစ်ပါတယ်။

(여름) နွေရာသီ (ဇွန်လမှ သြဂုတ်လ) ၆လပိုင်းမှ ၈လပိုင်း

နွေရာသီကတော့ ဇွန်လမှစပြီး သြဂုတ်လထိဖြစ်ပါတယ်။ နွေရာသီမှာတော့ များသောအားဖြင့် ပူပါတယ်။  ကိုရီးယားလူမျိုးတွေကတော့ ပူအိုက်တဲ့နွေရာသီမှာ 삼계탐(ကြက်ပေါင်း) ကို စားခြင်းအလေ့အထလဲ ရှိပါသေးတယ်။

(가을) ဆောင်းဦး (စက်တင်ဘာလမှ နိုဝင်ဘာလ)  ၉လပိုင်းမှ ၁၁ လပိုင်း

ဆောင်းဦးရာသီကတော့ စက်တင်ဘာလမှ နိုဝင်ဘာလ ထိဖြစ်ပါတယ်။ ဆောင်းဦးရောက်ပြီဆိုရင် သစ်ပင်တွေကဆောင်းဦးရဲ့ အအေးဓာတ်ကြောင့် အရောင်ပြောင်းပြီး တစ်မျိုးလှနေပြန်ပါတယ်။၁၀ လပိုင်းအလယ်လောက်ကနေ၁၁လပိုင်းအဆန်းလောက်အထိ ရောင်စုံသစ်ရွက်တွေက တစ်ဖြည်းဖြည်းနဲ့ ကြွေကြပြန်ပါတယ်။

(겨울) ဆောင်းရာသီ (ဒီဇင်ဘာလမှ ဖေဖော်ဝါရီ ၁၂ လပိုင်းမှ ၂ လပိုင်း)

၁၁လပိုင်းအလယ်လောက်ကတည်းက အရမ်းအေးတဲ့ ဆောင်းက ၁၂ လပိုင်းလောက်ဆိုရင် အရမ်းကို အေးတဲ့ ဆောင်းရာသီအဖြစ်သို့ ရောက်လာခဲ့ပါတယ်။ထိုအချိန်ကိုရောက်ပြီဆိုရင် သစ်ရွက်တွေကလဲ အရောင်ပြောင်းပြီး ဟန်မြစ်ကြီးကဆိုရင်လဲ ရေခဲစပြုလာပြီပဲဖြစ်ပါတယ်။

 

227 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.