ေကြ႔သယိုေခါက္ဆြဲခ်က္နည္း

အိမ္မွာအဝဆြဲႏိုင္ဖုိ႔ လုပ္ရတာ အရမ္းလြယ္ကူ၊ ရိုးရွင္းတဲ့ ေကြ႔သယိုေခါက္ဆြဲ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ အရိုးျပဳတ္ရည္ပဲေလဆိုၿပီး ေရထဲကို အရိုးထည့္၊ ဆား၊ အရသာမွဳန္႕ထည့္ၿပီး ၿပီးလြယ္၊ စီးလြယ္ မလုပ္ပဲ ေအာက္ပါနည္းေလးအတိုင္း တိတိက်က်ေလး တစ္ခါေလာက္လုပ္စားၾကည့္ရင္ အေျဖကိုသိရမွာပါ။ ပါဝင္ပစၥည္းမ်ားေပမယ့္ ခက္ခက္ခဲခဲရွာရတာ မလြယ္တဲ့ ပစၥည္းေတြ မဟုတ္လို႕ မလုပ္စားေတာ့ဘူးလို႕လည္း အဆံုးအျဖတ္ မျမန္ေစခ်င္ပါဘူးေနာ္။

ကိုက္လိုက္ရင္ ဆတ္ေတာက္၊ ဆတ္ေတာက္ ready made ဝက္သားလံုး၊ ျမန္မာျပည္က ပုဇြန္ထုပ္အသားေလးေတြလိုပဲ မြၿပီးစားလို႕ေကာင္းလွတဲ့ tiger prawn၊ spices အမ်ဳိးမ်ဳိး နဲ႕ဝက္ရိုးအမ်ားၾကီးကို သံုးၿပီး အၾကာၾကီးျပဳတ္ထားတာေၾကာင့္ ခ်ဳိေမႊးလွတဲ့ အရည္၊ ခ်ဥ္လည္းခ်ဥ္ စပ္လည္းစပ္တဲ့ ငရုတ္သီးအခ်ဥ္၊ သင္းသင္းေလးေမႊးေစတဲ့ ၾကက္သြန္ျဖဴ ဆီခ်က္၊ အရည္နဲ႕ေတြ႕ရင္ အိအိေလးစားေကာင္းသြားတဲ့ ဝက္ေခါက္ေၾကာ္တို႕ကို ကန္ဇြန္းရြက္၊ ေခါက္ဆြဲတို႕နဲ႕ တြဲဖက္ၿပီး၊ သံပုရာရည္ေလးညစ္၊ ၾကက္သြန္ပင္ေလးျဖဴးထားတဲ့ အရသာရိွလွေသာ ေကြ႕သယိုေလး စလုပ္ၾကရေအာင္။

ပါဝင္ေသာပစၥည္းမ်ား
1. ဝက္ရိုး – 500 g (၃၂ က်ပ္သားခန္႕)
2. ပုဇြန္ေျခာက္မွဳန္႕ – ထမင္စားဇြန္း ၁ ဇြန္း
3. နာနတ္ပြင့္ (star anise) – ၄ ပြင့္
4. လက္ညိွဳးအရြယ္ခန္႕ သစ္ဂ်ပိုး (cinnamon stick) – ၂ ေခ်ာင္း
5. အမည္းေရာင္ ဖာလာေစ့ (black cardamon pod) – ၂ ခု
6. အနည္းငယ္ေၾကေအာင္ ေထာင္းထားေသာ ငရုတ္ေကာင္းေစ့ – လက္ဖက္ရည္ဇြန္း ၁ ဇြန္းခြဲ
7. အခြံမခြါပဲ ဓါးျပားရိုက္ထားေသာ ၾကက္သြန္ျဖဴ အတက္ၾကီး – ၄ တက္
8. ေရေျပာင္စင္ေအာင္ေဆးကာ အနည္းငယ္ေၾကေအာင္ထုထားေသာ ၆ လက္မ အရွည္ခန္႕ နံနံပင္အျမစ္(သို႕) ၾကက္သြန္ပင္အျမစ္ – ၂ ခု
9. ငါးငံျပာရည္ – ထမင္းစားဇြန္း ၂ ဇြန္း
10. ဆား (ခ်င့္ခ်ိန္ထည့္ေပးပါ။)
11. အရသာမွဳန္႕ (ခ်င့္ခ်ိန္ထည့္ေပးပါ။)
12. ေက်ာခြဲ အေၾကာထုတ္ ေခါင္းျဖဳတ္ထားေသာ tiger prawn
13. ready made ဝက္သားလံုး
14. ရွမ္းေခါက္ဆြဲဖတ္ (သို႕) ေရစိမ္ေခါက္ဆြဲဖတ္ (သို႕) ဆန္ၾကာဇံ
15. ကန္ဇြန္းရြက္
16. ဝက္ေခါက္ေၾကာ္
17. pickled chilli
18. ground chilli
19. ၾကက္သြန္ပင္
20. နႏြင္းမပါေသာ ၾကက္သြန္ျဖဴဆီခ်က္
21. သံပုရာသီး

ျပဳလုပ္နည္း
-ပြက္ပြက္ဆူေအာင္ တည္ထားေသာေရထဲ ပါဝင္ပစၥည္း ၁ မွ ၁၁ အထိထည့္ကာ အိုးအဖံုး ဖံုးၿပီး မီးေအးေအးျဖင့္ အနည္းဆံုး ၁ နာရီခြဲခန္႕ ျပဳတ္ထားပါ။ (ျပဳတ္ခ်ိန္ၾကာရင္ အရိုးထဲမွ အဆီအႏွစ္မ်ား ပိုထြက္လာတဲ့အတြက္ အရသာပိုေကာင္းေစပါတယ္။)

-မစားမီွ high heat သို႕တိုး၍ အရမ္းဆူပြက္လာေအာင္ တည္ၿပီးမွ ဝက္သားလံုး နွင့္ ပုဇြန္ကိုထည့္ကာ ၁ မိနစ္ခန္႕ထားပါ။

-ေခါက္ဆြဲ နွင့္ ကန္ဇြန္းရြက္ကို ဇကာထဲထည့္ၿပီး ဟင္းရည္အိုးထဲ နွစ္ျပဳတ္ကာ စားမည့္ပန္းကန္ထဲထည့္ပါ။ (ေခါက္ဆြဲေျခာက္မ်ားကိုသံုးလွွ်င္ ၅ နာရီခန္႕ ၾကိဳတင္ေရစိမ္ထားပါ။)

-အသားလံုး နွင့္ ပုဇြန္ကိုပါ ပန္းကန္လံုးထဲထည့္ၿပီး ဟင္းရည္ကို (spices အဖတ္မ်ားမပါသြားေအာင္) ဇကာခံၿပီး ေလာင္းထည့္ပါ။

– ေနာက္ဆံုးတြင္ ပါဝင္ပစၥည္း ၁၆ မွ ၂၁ အထိထည့္ကာ အရသာရိွစြာ သံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

အိမ်မှာအဝဆွဲနိုင်ဖို့ လုပ်ရတာ အရမ်းလွယ်ကူ၊ ရိုးရှင်းတဲ့ ကွေ့သယိုခေါက်ဆွဲ ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ အရိုးပြုတ်ရည်ပဲလေဆိုပြီး ရေထဲကို အရိုးထည့်၊ ဆား၊ အရသာမှုန့်ထည့်ပြီး ပြီးလွယ်၊ စီးလွယ် မလုပ်ပဲ အောက်ပါနည်းလေးအတိုင်း တိတိကျကျလေး တစ်ခါလောက်လုပ်စားကြည့်ရင် အဖြေကိုသိရမှာပါ။ ပါဝင်ပစ္စည်းများပေမယ့် ခက်ခက်ခဲခဲရှာရတာ မလွယ်တဲ့ ပစ္စည်းတွေ မဟုတ်လို့ မလုပ်စားတော့ဘူးလို့လည်း အဆုံးအဖြတ် မမြန်စေချင်ပါဘူးနော်။

ကိုက်လိုက်ရင် ဆတ်တောက်၊ ဆတ်တောက် ready made ဝက်သားလုံး၊ မြန်မာပြည်က ပုဇွန်ထုပ်အသားလေးတွေလိုပဲ မွပြီးစားလို့ကောင်းလှတဲ့ tiger prawn၊ spices အမျိုးမျိုး နဲ့ဝက်ရိုးအများကြီးကို သုံးပြီး အကြာကြီးပြုတ်ထားတာကြောင့် ချိုမွှေးလှတဲ့ အရည်၊ ချဉ်လည်းချဉ် စပ်လည်းစပ်တဲ့ ငရုတ်သီးအချဉ်၊ သင်းသင်းလေးမွှေးစေတဲ့ ကြက်သွန်ဖြူ ဆီချက်၊ အရည်နဲ့တွေ့ရင် အိအိလေးစားကောင်းသွားတဲ့ ဝက်ခေါက်ကြော်တို့ကို ကန်ဇွန်းရွက်၊ ခေါက်ဆွဲတို့နဲ့ တွဲဖက်ပြီး၊ သံပုရာရည်လေးညစ်၊ ကြက်သွန်ပင်လေးဖြူးထားတဲ့ အရသာရှိလှသော ကွေ့သယိုလေး စလုပ်ကြရအောင်။

ပါဝင်သောပစ္စည်းများ
1. ဝက်ရိုး – 500 g (၃၂ ကျပ်သားခန့်)
2. ပုဇွန်ခြောက်မှုန့် – ထမင်စားဇွန်း ၁ ဇွန်း
3. နာနတ်ပွင့် (star anise) – ၄ ပွင့်
4. လက်ညှိုးအရွယ်ခန့် သစ်ဂျပိုး (cinnamon stick) – ၂ ချောင်း
5. အမည်းရောင် ဖာလာစေ့ (black cardamon pod) – ၂ ခု
6. အနည်းငယ်ကြေအောင် ထောင်းထားသော ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
7. အခွံမခွါပဲ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
8. ရေပြောင်စင်အောင်ဆေးကာ အနည်းငယ်ကြေအောင်ထုထားသော ၆ လက်မ အရှည်ခန့် နံနံပင်အမြစ်(သို့) ကြက်သွန်ပင်အမြစ် – ၂ ခု
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
10. ဆား (ချင့်ချိန်ထည့်ပေးပါ။)
11. အရသာမှုန့် (ချင့်ချိန်ထည့်ပေးပါ။)
12. ကျောခွဲ အကြောထုတ် ခေါင်းဖြုတ်ထားသော tiger prawn
13. ready made ဝက်သားလုံး
14. ရှမ်းခေါက်ဆွဲဖတ် (သို့) ရေစိမ်ခေါက်ဆွဲဖတ် (သို့) ဆန်ကြာဇံ
15. ကန်ဇွန်းရွက်
16. ဝက်ခေါက်ကြော်
17. pickled chilli
18. ground chilli
19. ကြက်သွန်ပင်
20. နနွင်းမပါသော ကြက်သွန်ဖြူဆီချက်
21. သံပုရာသီး

ပြုလုပ်နည်း
-ပွက်ပွက်ဆူအောင် တည်ထားသောရေထဲ ပါဝင်ပစ္စည်း ၁ မှ ၁၁ အထိထည့်ကာ အိုးအဖုံး ဖုံးပြီး မီးအေးအေးဖြင့် အနည်းဆုံး ၁ နာရီခွဲခန့် ပြုတ်ထားပါ။ (ပြုတ်ချိန်ကြာရင် အရိုးထဲမှ အဆီအနှစ်များ ပိုထွက်လာတဲ့အတွက် အရသာပိုကောင်းစေပါတယ်။)

-မစားမှီ high heat သို့တိုး၍ အရမ်းဆူပွက်လာအောင် တည်ပြီးမှ ဝက်သားလုံး နှင့် ပုဇွန်ကိုထည့်ကာ ၁ မိနစ်ခန့်ထားပါ။

-ခေါက်ဆွဲ နှင့် ကန်ဇွန်းရွက်ကို ဇကာထဲထည့်ပြီး ဟင်းရည်အိုးထဲ နှစ်ပြုတ်ကာ စားမည့်ပန်းကန်ထဲထည့်ပါ။ (ခေါက်ဆွဲခြောက်များကိုသုံးလျှင် ၅ နာရီခန့် ကြိုတင်ရေစိမ်ထားပါ။)

-အသားလုံး နှင့် ပုဇွန်ကိုပါ ပန်းကန်လုံးထဲထည့်ပြီး ဟင်းရည်ကို (spices အဖတ်များမပါသွားအောင်) ဇကာခံပြီး လောင်းထည့်ပါ။

– နောက်ဆုံးတွင် ပါဝင်ပစ္စည်း ၁၆ မှ ၂၁ အထိထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

3K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.