မိန္းကေလးတို႔ရဲ႕ ထက္ျမက္မႈမ်ား

မိန္းကေလးအမ်ားစုက ကိုယ့္ခ်စ္သူေယာကၤ်ားေလးပိုထက္တယ္လို႔ ထင္ျမင္ေစေအာင္ လူအမ်ားေရွ႔မွာ တံုးအခ်င္ ဟန္ေဆာင္ တတ္ၾကပါတယ္။ ဒါေပမဲ့ ေယာကၤ်ားေလးနဲ႔ယွဥ္ၿပီး တခ်ိဳ႕ေနရာေတြမွာ မိန္းကေလးေတြက ပိုၿပီး ခုလို ထက္ျမက္ၾကပါတယ္။

၁) မိန္းကေလးရဲ႔ ဦးေႏွာက္ဟာ ေယာက္်ားေလးထက္ ေသး တယ္ ဆိုေသာ္ျငားလည္း မိန္းကေလးေတြရဲ႕ မွတ္ဥာဏ္က ေယာက္်ားေလးထက္ ၃%ျမင့္ေၾကာင္း စမ္းသပ္မႈအရ သိရ တယ္။ ဒါေပမဲ့ အေပၚကေျပာထားသလုိပဲ မိန္းကေလးအမ်ားစုက တံုးအခ်င္ဟန္ေဆာင္ၾကပါတယ္တဲ့။

၂) မိန္းကေလးေတြက ေရဒါဖမ္းစက္နဲ႔ တူတယ္။ သူတို႔ေရွ႔မွာ လိမ္ဖို႔ ၾကိဳးစားလို႔ မရဘူး။ မိန္းကေလးေတြရဲ႔ ဦးေႏွာက္မွာ ခႏၶာစကား (body language) ကို နားလည္တဲ့ အစြမ္းရွိတာ ေၾကာင့္ ေယာက္်ားေလးေတြကို ကိုယ္အမႈအရာေတြနဲ႔လွည့္စား လို႔ရတယ္။

၃) မိန္းကေလးေတြက တစ္ဖက္မွာ စကားကို အက်ယ္ၾကီး ေျပာရင္း တစ္ဖက္မွာ စဥ္းစားတယ္။ ေယာက္်ားေလးေတြက အဲဒီလို မဟုတ္ဘူး။ ဒါေၾကာင့္ေယာက္်ားေလးေတြက မိန္းကေလးေတြကို ပစိပစပ္မ်ားတယ္လို႔ ထင္ၾကတယ္။

၄) မိန္းကေလးေတြက သူတို႔မေက်နပ္တာ၊ စိတ္ညစ္တာေတြကို ရင္ဖြင့္တာဟာစိတ္ဖိအားကို ေလ်ာ့ေစခ်င္လို႔ျဖစ္တယ္။ ေယာက္်ားေလးေတြ ဆီကေန အၾကံဥာဏ္ရခ်င္လို႔ မဟုတ္ပါဘူး။ သူတို႔ရင္ဖြင့္တာကိုနားေထာင္ေပးမယ့္လူရွိဖို႔ပါပဲ။

၅) ေယာက္်ားေလးေတြက ကိုယ့္ခ်စ္သူကို ခ်စ္တဲ့အေၾကာင္း စိတ္ခံစားမႈကိုစာစီျပီး မဖဲြ႔ႏဲြ႔ျပတတ္ဘူး။ဒါေၾကာင့္ ကိုယ့္ခ်စ္သူကို ကတ္ေလးေတြ လက္ေဆာင္ေပးတဲ့အခါ ကိုယ္ေရးဖို႔ေနရာမရွိေအာင္ စာေတြအမ်ားၾကီးပါတဲ့ ကတ္ကိုပဲ ေရြး၀ယ္တတ္ၾကတယ္။

၆) မိန္းကေလးေတြက စျပီး လမ္းခဲြစကား ေျပာတာဟာ ေယာက္်ားေလးေတြ ေပးကမ္းတဲ့ လက္ေဆာင္ ပစၥည္းေတြ မလံုေလာက္လို႔ မဟုတ္ဘူး။ သူတို႔အတြက္ အခ်စ္ေတြ မလံုေလာက္ဘူးလို႔ ထင္လို႔ပါ။

၇) မိန္းကေလးေတြက တစ္ေန႔ကို စကားလံုးေပါင္း ၂ေသာင္းေက်ာ္ သံုးျပီး စကားေျပာတတ္ၾကတယ္။ ေယာက္်ားေလးေတြက ၇ေထာင္ေက်ာ္ပဲ သံုးတယ္။

၈) အခ်စ္ေရးမွာ အဆင္မေျပတဲ့ မိန္းကေလးေတြက အလုပ္ကို စိတ္၀င္တစား မလုပ္တတ္ၾကဘူး။ အလုပ္အဆင္မေျပတဲ့ ေယာက္်ားေလးေတြက အခ်စ္ေရးကို စိတ္၀င္မစားၾကဘူး။

၉) ေယာက္်ားေလးေတြက တစ္ၾကိမ္မွာ အလုပ္တစ္ခုပဲ လုပ္ႏိုင္တယ္။
ဥပမာ ကားရပ္ျပီး ကားကက္ဆက္ကို ပိတ္ျပီးမွ လမ္းညႊန္ ေျမပံုကို ၾကည့္တတ္ၾကတယ္။ မိန္းကေလးေတြက တစ္ၾကိမ္ထဲမွာ အလုပ္အမ်ားၾကီး လုပ္ႏိုင္တယ္။
ဥပမာ တီဗီြၾကည့္ရင္း ဖုန္းေျပာရင္း လက္သည္းေတြ ျပင္ေနတတ္သလို ဖုန္းေျပာရင္းေၾကာ္ေလွာ္ေနလို႔ရတယ္။

၁၀) ေယာက္်ားေလးအမ်ားစုက ကိုယ့္ခ်စ္သူနဲ႔ ေစ်း၀ယ္ထြက္ျပီး မိနစ္၂၀ ၾကာရင္ ဦးေႏွာက္ ေသြးယိုစီးတဲ့ လကၡဏာ ျဖစ္တတ္တယ္။

၁၁) ေယာက္်ားေလးေတြရဲ႔ ဦးေႏွာက္ထဲမွာ ၁၅% ကေန ၂၀% အထိေလာက္က မိန္းကေလးဆန္တဲ့ အစိတ္အပိုင္းရွိျပီး မိန္းကေလးေတြမွာ ၁၀% ေလာက္သာ ေယာက္်ားဆန္တဲ့ အစိတ္အပိုင္းရွိတယ္။ ဒါေၾကာင့္ ေယာက္်ားလိင္တူခ်စ္ၾကိဳက္ႏႈန္းဟာ မိန္းကေလးလိင္တူ ခ်စ္ၾကိဳက္ႏႈန္းထက္ မ်ားျခင္းျဖစ္တယ္။

[ Unicode ]

မိန်းကလေးအများစုက ကိုယ့်ချစ်သူယောင်္ကျားလေးပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင် တတ်ကြပါတယ်။ ဒါပေမဲ့ ယောင်္ကျားလေးနဲ့ယှဉ်ပြီး တချို့နေရာတွေမှာ မိန်းကလေးတွေက ပိုပြီး ခုလို ထက်မြက်ကြပါတယ်။

၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေး တယ် ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဉာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရ တယ်။ ဒါပေမဲ့ အပေါ်ကပြောထားသလိုပဲ မိန်းကလေးအများစုက တုံးအချင်ဟန်ဆောင်ကြပါတယ်တဲ့။

၂) မိန်းကလေးတွေက ရေဒါဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာ ကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့လှည့်စား လို့ရတယ်။

၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့်ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ်များတယ်လို့ ထင်ကြတယ်။

၄) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာစိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဉာဏ်ရချင်လို့ မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကိုနားထောင်ပေးမယ့်လူရှိဖို့ပါပဲ။

၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကိုစာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာမရှိအောင် စာတွေအများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။

၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။

၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲ သုံးတယ်။

၈) အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ ယောက်ျားလေးတွေက အချစ်ရေးကို စိတ်ဝင်မစားကြဘူး။

၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။
ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန် မြေပုံကို ကြည့်တတ်ကြတယ်။ မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။
ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်းကြော်လှော်နေလို့ရတယ်။

၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂၀ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။

၁၁) ယောက်ျားလေးတွေရဲ့ ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့ အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့ အစိတ်အပိုင်းရှိတယ်။ ဒါကြောင့် ယောက်ျားလိင်တူချစ်ကြိုက်နှုန်းဟာ မိန်းကလေးလိင်တူ ချစ်ကြိုက်နှုန်းထက် များခြင်းဖြစ်တယ်။

Ref; brainfacts

 

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.