ကောင်လေးတွေသိဖို့
ဟုတ်ပါတယ်။ အပေါ်ယံ ဟန်ဆောင်ကာနေရပေမဲ့ မိန်းကလေးတိုင်းရဲ့ နှလုံးသားမှာ ခုလို ထိရှလွယ်ခံစားခဲ့ရတဲ့ အချက်တွေရှိကြောင်း ကောင်လေးတွေသိဖို့ ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
[ Unicode ]
၁။ ယောကျာ်းတွေကို မုန်းတယ်လို့ ခဏခဏထုတ်ဖော်ပြောတတ်တဲ့ ကောင်မလေးမှာ အရမ်းချစ်ခဲ့ရတဲ့ ယောကျာ်းတယောက် ရှိခဲ့ဖူးတယ်။
ဟုတ်ပါတယ်။ အပေါ်ယံ ဟန်ဆောင်ကာနေရပေမဲ့ မိန်းကလေးတိုင်းရဲ့ နှလုံးသားမှာ ခုလို ထိရှလွယ်ခံစားခဲ့ရတဲ့ အချက်တွေရှိကြောင်း ကောင်လေးတွေသိဖု့ိ ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
၂။ ချစ်တဲ့သူကို လွန်လွန်ကဲကဲ မျက်စိအောက်ကအပျောက်မခံတွယ်တာတတ် စကားတခွန်းလေးတောင် အမှားမခံ ဝမ်းနည်းကြေကွဲတတ်တဲ့ မိန်းကလေးတွေဟာ ကလေးဆန်တာလို့ ထင်ရကောင်း ထင်ရပေမယ့် တကယ်တော့ သူ့ဘဝမှာ လူမသိသူမသိ ကြိတ်ခံစားနေရတဲ့ ဆုံးရှုံးမှုတွေ အားငယ်မှုတွေ မပြည့်စုံမှုတွေ ရှိခဲ့ဖူးတတ်တယ်။ ဒါကြောင့်လည်း ကိုယ်ချစ်တဲ့သူကို လိုတာထက်ပိုပြီး ဆုံးရှုံးရမှာ ကြောက်နေတတ်တာပါ။
၃။ သင့်ရဲ့ ဘာမဟုတ်တဲ့ စကားလုံး ဒါမှမဟုတ် အပြုအမူလေးတခုကြောင့် အရမ်းပျော်နေတတ်သလို အရမ်းလည်း ကြေကွဲနေတတ်တယ်။ ဘာမဟုတ်တာလေးကို အဲ့လောက်ထိခံစားမနေပါနဲ့ကွာလို့ သဘောပါတဲ့ စကားလုံး / အပြုအမူနဲ့ မတုံ့ပြန်ပါနဲ့ ။သူသင့်အချစ်ကို မယုံမကြည် ဖြစ်တတ်တယ်။ ပိုဝမ်းနည်းသွားတတ်တယ်။
၄။ တခါတလေ သင့်ကောင်မလေးက မျက်နှာလည်းမကောင်းစကားလည်းမပြောဘဲ မျက်ရည်ကျနေတဲ့အချိန် ဘာတွေခံစားနေရလည်း ကို့ကိုပြောလေ လို့ မေးကြည့်မိလိမ့်မယ်။ သူ့ဘက်က ဘာမှမဖြစ်ပါဘူး လို့ပြောပြီး သူတယောက်တည်း ဆက်ခံစားနေတဲ့အခါ ငါကမင်းချစ်သူပဲ ဘာဖြစ်လို့တယောက်တည်း ကျိတ်ခံစားနေရမှာလဲ ငါ့ကိုပြောဆိုပြီး သွားမပေါက်ကွဲလိုက်နဲ့ဦး။ အခြေအနေ ပိုဆိုးသွားမယ်။ ဘာမှဆက်မပြောဘဲ သူ့ကို ဖေးဖေးမမ ထွေးပွေ့ထားလိုက်ပါ။ Ok သွားပါလိမ့်မယ်။
၅။ သင့်ဂရုစိုက်မှုကို ရဖို့အတွက် သင့်ချစ်သူကောင်မလေးက နည်းလမ်းမျိုးစုံ သုံးတတ်တယ်။ တချို့မိန်းကလေးတွေက ပညာသားပါပါသုံးတတ်သလို တချို့မိန်းကလေးတွေက မိုက်ရူးရဲဆန်တတ်ကြတယ်။
(ကိုယ့်ကိုယ်ကို အနစ်နာခံအထိခိုက်ခံပြီး လုပ်တာမျိုးတွေပေါ့)ပထမနည်းကသာ အကောင်းဆုံး ဖြစ်ပါတယ်
၆။ တချို့မိန်းကလေးတွေကအချစ်စမ်းတတ်တယ်။ သူ့သူငယ်ချင်းကို အကူအညီတောင်းပြီး သင့်အချစ်ကို စမ်းတတ်တာမျိုးပေါ့ ။ ငါ့အချစ်ကို မယုံတာလား ဘာညာဘာညာ မဖြစ်နဲ့
တသက်လုံးပေါင်းရမယ့် ယောကျာ်းအပေါ် ယုံကြည်သင့် မယုံကြည်သင့် ဒီလောက်တော့ သူစမ်းသင့်တယ် မဟုတ်လား။
၇။ မိန်းကလေးတယောက် ပျော်ရွှင်ဖို့ လက်ဆောင်လေးတွေလည်းလိုအပ်ပါတယ်။ သင့်ဘက်က မတတ်နိုင်တာမျိုးတွေကို သူ့ဘက်ကတောင်းဆိုမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါငါ့ကောင်လေးပေးတာလေဆိုပြီး ကြွားချင်တတ်လေတော့ နည်းနည်းတော့ ပိုက်ပိုက်အကုန်ခံရမှာ ဖြစ်ပါတယ်။
၈။ သင့်ကိုခေါက်ပြီး နောက်တယောက် တွဲသွားတယ်ဆိုတာသင်ကောင်းပေမယ့် သူသစ္စာမရှိတာဖြစ်နိုင်သလို သင့်ရဲ့ ဥပေက္ခာပြုမှုတွေ အပေါ် သည်းခံမှု ကုန်ဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ သင်ကောင်းရဲ့သားနဲ့ သူနောက်တယောက်တွဲတာအတွက် ကြေကွဲနေဖို့ မလိုသလို သင်မကောင်းလို့ နောက်တယောက်ရှာတဲ့ သူကိုလည်း သစ္စာမရှိတဲ့မိန်းမလို့ ခေါင်းစဉ်တတ်နေစရာမလိုပါဘူး။ ကိုယ့်အပေါ် မကောင်းတဲ့လူတယောက်အပေါ် ဘယ်သူမှ ရှေည် သည်းခံ မပေါင်းနိုင်ဘူးလေ။
၉။ သင့်ဘက်က မချစ်နိုင်တဲ့ မိန်းကလေးတယောက်ကိုလည်း မျှော်လင့်ချက်သွားမပေးသင့်သလိုသင့်ဘက်က မမုန်းနိုင်တဲ့ မိန်းကလေးတယောက်ကိုလည်းလမ်းခွဲစကား သွားမပြောပါနဲ့ ။
သင် ထင်မှတ်မထားလောက်အထိ မိန်းကလေးတွေရဲ့နှလုံးသားက ထိရှလွယ်ပါတယ်
Ref; rsgoals
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.