ထိုင္းဒံေပါက္ ျပဳလုပ္နည္း

ၾကက္ေပါင္ေမႊးအိအိေလးနဲ႔ ထိုင္းဒံေပါက္ကို ဆြမ္းေကြ်း၊ အလွဴပြဲေတြမွာ ကိုယ္တိုင္လုပ္စားနုိင္သလို အိမ္မွာလည္း အဝစားႏိုင္ဖုိ႔ Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ေသာပစၥည္းမ်ား
၁။ ၾကက္သား – ၂၅က်ပ္သား (ေရေဆးျပီ အတံုးၾကီးမ်ားတံုးပါ)
၂။ ထမင္း (မခ်က္ရေသး) – ဆန္ခ်ိန္ခြက္ ၂ခြက္
၃။ ၾကက္သြန္နီ – ၃လံုး (ပါးပါးလွီးပါ)
၄။ နုိ႔ – စားပြဲတင္ဇြန္း ၃ဇြန္း
၅။ ဆီ – စားပြဲတင္ဇြန္း ၃ဇြန္း
၆။ ေထာပတ္ – စားပြဲတင္ဇြန္း ၂ဇြန္း

ပါ၀င္ေသာ ဟင္းခတ္အေမႊးအၾကိဳင္မ်ား
၁။ ၾကက္သားမွုန္႔ – စားပြဲတင္ဇြန္း ၁ဇြန္း
၂။ ဆႏြင္းမွုန္႔ – လက္ဖက္ရည္ဇြန္း ၄ဇြန္း
၃။ နံနံမွုန္႔ (coriander powder) – လက္ဖက္ရည္ဇြန္း ၂ဇြန္း
၄။ ဇီယာမွုန္႔ (cumin powder) – လကဖက္ရည္ဇြန္း ၁ဇြန္း
၅။ ဆား – လက္ဖက္ရည္ဇြန္း ၄ဇြန္း
၆။ သၾကား – စားပြဲတင္ဇြန္း ၁ဇြန္း
ရ။ သစ္ဂ်ပိုး (cinnamon) – ၂ခု
၈။ ကလေ၀ရြက္ (Bay Leave) – ၂ရြက္

ခ်က္ျပဳတ္နည္း
၁။ ပါ၀င္ေသာဟင္းခတ္အေမႊးအၾကိဳင္ တ၀က္ ဆီကို ခြဲ၍ ပန္းကန္လံုး နွစ္ခုထဲသို႔ ထည္႔ထားလုိက္ပါ။
၂။ ထုိ႔ေနာက္ ၾကက္သားတံုးမ်ားကို ဟင္းခတ္အေမႊးအၾကိဳင္ တ၀က္( ၾကက္သားမွုန္႔ဲ(စားပြဲတင္ဇြန္း တ၀က္)၊ ဆႏြင္းမွုန္႔(လက္ဖက္ရည္ဇြန္း ၂ဇြန္း)၊ နံနံမွုန္႔(လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ဇီယာမွုန္႔ (လက္ဖက္ရည္ဇြန္း တ၀က္)၊ ဆား(လက္ဖက္ရည္ဇြန္း ၂ဇြန္း)၊ သၾကား(စားပြဲတင္ဇြန္း တ၀က္)၊ သစ္ဂ်ပိုး(၁ခု)၊ ကလေ၀ရြက္(၁ရြက္)) တုိ႔ျဖင္႔ ဇလံု တစ္ခုထဲတြင္ ေရာနုယ္လိုက္ပါ။
၃။ ျပီးမွ ေရာနယ္ထားေသာ ဇလံုထဲသို႔ နုိ႔(စားပြဲတင္ဇြန္း ၄ဇြန္း)ကို ထည္႔လိုက္ျပီ ၁နာရီၾကာေအာင္ ေရခဲေသတၱာထဲထည္႔၍ နုပ္ထားေပးပါ။
၄။ ၾကက္သားနုပ္ထားျပီလွ်င္ ဒယ္ထဲကို ဆီ(စားပြဲတင္ဇြန္း ၁ဇြန္း)၊ ေထာပတ္(စားပြဲတင္ဇြန္း ၁ဇြန္း) ထည္႔ျပီ ၾကက္သြန္နီ တ၀က္ကို ဒယ္ထဲ ထည္႔၍ ေရာေမႊလိုက္ပါ။
၅။ ျပီးလွ်င္ နုပ္ထားေသာ ၾကက္သားမ်ားကိုပါ ဒယ္ထဲထည္႔ေမႊလုိက္ပါ။
၆။ ၾကက္သားကို အေရာင္ရရန္ ဆီပူ ထိုးေပးပါ။ ျပီးမွ ၾကက္သားနူးရန္ ေရ(ဆန္ခ်ိန္ခြက္ တခြက္) ခန္႔ထည္္႔ျပီ မီးနည္းနည္းျဖင္႔ အဖုံးအုပ္ထားေပးပါ။
၇။ ၾကက္သားနူးျပီဆိုလွ်င္ ေရခန္း၍ ပန္းကန္တစ္ခုထဲ ဖယ္ထားေပးပါ။
၈။ ဆန္ကို စခ်က္ပါမည္။ ဒယ္ထဲသို႔ ဆီ(စားပြဲတင္ဇြန္း ၁ဇြန္း)၊ ေထာပတ္(စားပြဲတင္ဇြန္း ၁ဇြန္း) ထည္႔လိုက္ပါ။
၉။ ျပီးလွ်င္က်န္ေသာ ဟင္းခတ္အေမႊးအၾကိဳင္ တ၀က္ ( ၾကက္သားမွုန္႔ဲ(စားပြဲတင္ဇြန္း တ၀က္)၊ ဆႏြင္းမွုန္႔(လက္ဖက္ရည္ဇြန္း ၂ဇြန္း)၊ နံနံမွုန္႔(လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ဇီယာမွုန္႔ (လက္ဖက္ရည္ဇြန္း တ၀က္)၊ ဆား(လက္ဖက္ရည္ဇြန္း ၂ဇြန္း)၊ သၾကား(စားပြဲတင္ဇြန္း တ၀က္)၊ သစ္ဂ်ပိုး(၁ခု)၊ ကလေ၀ရြက္(၁ရြက္)) ကို ဒယ္ထဲထည္႔လိုက္ျပီ ဆန္မ်ားပါ ထည္႔၍ ေရာေမႊလိုက္ပါ။
၁၀။ ၁မိနစ္ေလာက္ ေမႊျပီလွ်င္ ဆန္ခ်က္ရန္ ထမင္းအိုးထဲသို႔ ထည္႔လိုက္ပါ။
၁၁။ ထုိ႔ေနာက္ ခ်က္ထားေသာ ၾကက္သားမ်ားကို ထမင္းအိုးထဲသုိ႔ အေပၚမွ ထည္႔လိုက္ပါ။
၁၂။ ျပီလွ်င္ ထမင္းခ်က္သည္႔ အတုိင္းပင္ ဆန္၂လံုး အတြက္ ေရ(ဆန္ခ်ိန္ခြက္ ၃ခြက္) ေလာင္းထည္႔လိုက္ပါ။
၁၃။ ထုိ႔ေနာက္ ထမင္းခ်က္သည္႔အတုိင္း ခ်က္လိုက္ပါ။
၁၄။ ယခု အရသာေရာ အနံ႔ေရာ အလြန္ေကာင္းမြန္သည္႔ ၾကက္သားထမင္းကို ရရွိပါျပီ။

ခုဆိုရင္ေတာ့ ၾကက္သြန္ေၾကာ္ေလးျဖဴးၿပီး အရမ္းေကာင္းတဲ့ ထိုင္းဒန္ေပါက္ကို သံုးေဆာင္ႏုိင္ပါၿပီေနာ္။

[ Unicode ]

ကြက်ပေါင်မွှေးအိအိလေးနဲ့ ထိုင်းဒန်ပေါက်ကို ဆွမ်းကျွေး၊ အလှူပွဲတွေမှာ ကိုယ်တိုင်လုပ်စားနိုင်သလို အိမ်မှာလည်း အဝစားနိုင်ဖို့ Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်သား – ၂၅ကျပ်သား (ရေဆေးပြီ အတုံးကြီးများတုံးပါ)
၂။ ထမင်း (မချက်ရသေး) – ဆန်ချိန်ခွက် ၂ခွက်
၃။ ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
၄။ နို့ – စားပွဲတင်ဇွန်း ၃ဇွန်း
၅။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
၆။ ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း

ပါဝင်သော ဟင်းခတ်အမွှေးအကြိုင်များ
၁။ ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
၂။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ဇွန်း
၃။ နံနံမှုန့် (coriander powder) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၄။ ဇီယာမှုန့် (cumin powder) – လကဖက်ရည်ဇွန်း ၁ဇွန်း
၅။ ဆား – လက်ဖက်ရည်ဇွန်း ၄ဇွန်း
၆။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ရ။ သစ်ဂျပိုး (cinnamon) – ၂ခု
၈။ ကလဝေရွက် (Bay Leave) – ၂ရွက်

ချက်ပြုတ်နည်း
၁။ ပါဝင်သောဟင်းခတ်အမွှေးအကြိုင် တဝက် ဆီကို ခွဲ၍ ပန်းကန်လုံး နှစ်ခုထဲသို့ ထည့်ထားလိုက်ပါ။
၂။ ထို့နောက် ကြက်သားတုံးများကို ဟင်းခတ်အမွှေးအကြိုင် တဝက်( ကြက်သားမှုန့်ဲ(စားပွဲတင်ဇွန်း တဝက်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ နံနံမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဇီယာမှုန့် (လက်ဖက်ရည်ဇွန်း တဝက်)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း တဝက်)၊ သစ်ဂျပိုး(၁ခု)၊ ကလဝေရွက်(၁ရွက်)) တို့ဖြင့် ဇလုံ တစ်ခုထဲတွင် ရောနုယ်လိုက်ပါ။
၃။ ပြီးမှ ရောနယ်ထားသော ဇလုံထဲသို့ နို့(စားပွဲတင်ဇွန်း ၄ဇွန်း)ကို ထည့်လိုက်ပြီ ၁နာရီကြာအောင် ရေခဲသေတ္တာထဲထည့်၍ နုပ်ထားပေးပါ။
၄။ ကြက်သားနုပ်ထားပြီလျှင် ဒယ်ထဲကို ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ကြက်သွန်နီ တဝက်ကို ဒယ်ထဲ ထည့်၍ ရောမွှေလိုက်ပါ။
၅။ ပြီးလျှင် နုပ်ထားသော ကြက်သားများကိုပါ ဒယ်ထဲထည့်မွှေလိုက်ပါ။
၆။ ကြက်သားကို အရောင်ရရန် ဆီပူ ထိုးပေးပါ။ ပြီးမှ ကြက်သားနူးရန် ရေ(ဆန်ချိန်ခွက် တခွက်) ခန့်ထည့််ပြီ မီးနည်းနည်းဖြင့် အဖုံးအုပ်ထားပေးပါ။
၇။ ကြက်သားနူးပြီဆိုလျှင် ရေခန်း၍ ပန်းကန်တစ်ခုထဲ ဖယ်ထားပေးပါ။
၈။ ဆန်ကို စချက်ပါမည်။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်လိုက်ပါ။
၉။ ပြီးလျှင်ကျန်သော ဟင်းခတ်အမွှေးအကြိုင် တဝက် ( ကြက်သားမှုန့်ဲ(စားပွဲတင်ဇွန်း တဝက်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ နံနံမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဇီယာမှုန့် (လက်ဖက်ရည်ဇွန်း တဝက်)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း တဝက်)၊ သစ်ဂျပိုး(၁ခု)၊ ကလဝေရွက်(၁ရွက်)) ကို ဒယ်ထဲထည့်လိုက်ပြီ ဆန်များပါ ထည့်၍ ရောမွှေလိုက်ပါ။
၁၀။ ၁မိနစ်လောက် မွှေပြီလျှင် ဆန်ချက်ရန် ထမင်းအိုးထဲသို့ ထည့်လိုက်ပါ။
၁၁။ ထို့နောက် ချက်ထားသော ကြက်သားများကို ထမင်းအိုးထဲသို့ အပေါ်မှ ထည့်လိုက်ပါ။
၁၂။ ပြီလျှင် ထမင်းချက်သည့် အတိုင်းပင် ဆန်၂လုံး အတွက် ရေ(ဆန်ချိန်ခွက် ၃ခွက်) လောင်းထည့်လိုက်ပါ။
၁၃။ ထို့နောက် ထမင်းချက်သည့်အတိုင်း ချက်လိုက်ပါ။
၁၄။ ယခု အရသာရော အနံ့ရော အလွန်ကောင်းမွန်သည့် ကြက်သားထမင်းကို ရရှိပါပြီ။

ခုဆိုရင်တော့ ကြက်သွန်ကြော်လေးဖြူးပြီး အရမ်းကောင်းတဲ့ ထိုင်းဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

232 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.