ေယာကၡမအၾကိဳက္ စကား (၆) ခြန္း

ကိုယ္နဲ႕ ေယာကၡမက အတူတူေနလုိ႕ပဲျဖစ္ျဖစ္၊ မေနလုိ႕ဘဲျဖစ္ျဖစ္ မေျပလည္ၾကရင္ ကိုယ့္ရဲ႕ ခင္ပြန္းသည္ေရာ ကိုယ္ေရာ စိတ္ညစ္ရပါတယ္။ လူေတြမွာလုိအပ္တာက အေျပာခ်ိဳသာမႈပါပဲ။ အေျပာခ်ိဳရင္ အရာအားလံုးမွာ အဆင္မေျပဘူးဆိုတာထက္ ေျပလည္ၾကတာက ပိုမ်ားပါတယ္။ ဘာပဲေျပာေျပာ ေျပလည္တာကေတာ့ အတိုင္းထက္အလြန္ေပ့ါေလ။ ဒီေတာ့ ဘယ္လိုစကားေတြကို အဓိကထားေျပာရမလဲဆိုတာကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ ေယာကၡမနဲ႔ အဆင္ေျပၾကပါေစ။

၁။ ေမေမက ဘယ္ေတာ့ၾကည့္ၾကည့္ ႏုပ်ိဳလန္းဆန္းေနတာပဲ
ဒီစကားတစ္ခြန္းက တကယ္ေတာ့ ဘယ္သူ႕ကိုေျပာေျပာ အေျပာခံရတဲ့သူေတြက ေက်နပ္ သေဘာက်ၾကပါတယ္။ ေယာကၤ်ားေျပာေျပာ မိန္းမေျပာေျပာ အားလံုးကၾကိဳက္ၾကေပမဲ့၊ ကိုယ့္ေယာကၡမျဖစ္သူ ကိုေျပာေတာ့မယ္ဆိုရင္ေတာ့ အရမ္းႀကီးအကဲမပိုဖုိ႕လုိပါတယ္ ။ သူကဒီလုိက သက္သက္လာေျမွာက္တယ္မထင္ရေအာင္ ေျပာတတ္ဖုိ႕လုိပါတယ္။
ဥပမာ – အေမရယ္ အေမ့ကိုဘယ္ေတာ့ၾကည့္ၾကည့္ လန္းဆန္းေနတာပဲ။ ခုေနသမီးနဲ႕သြားရင္ သမီးကေတာင္အိုတဲ့ရုပ္ထြက္ေနတာ ကိုယ့္ကိုယ္ကိုေတာင္ စိတ္ပ်က္ပါတယ္ ဆိုတာမ်ိဳးေလးေပ့ါ ။

၂။ အေမ့လက္ရာက အရမ္းစားလုိ႕ေကာင္းတာပဲ
ဒီစကားကေတာ့ စားဖုိမွဴးတစ္ေယာက္နဲ႕ေတြ႕မိလုိ႕ သူ႕ကိုဒီစကားေလးေျပာျပီး ခ်ီးက်ဴးေပးရင္ သူလည္းသေဘာက်ျပီး ေနာက္ကိုကိုယ္လာရင္ေတာင္ ေကာင္းေကာင္းမြန္မြန္ ပိုထည့္ေပးဖို႕ ၀န္ေလးမွာမဟုတ္ပါဘူး။ ေနာက္ျပီး သူမ်ားအိမ္မွာ ဧည့္သည္သြားလုပ္ရင္လည္း အမလက္ရာေလးက ေကာင္းလုိက္တာ ၊ ထမင္းဆိုင္ထက္ေတာင္သာတယ္ဆိုတာမ်ိဳးေလး ခ်ီးက်ဴးလုိက္ရင္ ဘယ္သူမဆို ပီတိျဖစ္မွာပါပဲ။ ေယာကၡမ အိမ္ေရာက္လုိ႕ သူခ်က္ေပးတဲ့ဟင္းစားရင္ ဘယ္ေလာက္ပဲအရသာ မေကာင္းမေကာင္း အမႈအရာမပ်က္ပဲ ဒါေလးက ဘယ္လုိခ်က္ထားတာလဲ အရမ္းစားေကာင္းလုိ႕ အေမ့ဆီက လာသင္ရဦးမယ္ဆိုတာမ်ိဳး။

၃။ ဘာပဲ၀တ္၀တ္ ၾကည့္ေကာင္းေနတာပဲ
ဒီစကားကိုေတာ့ ေယာကၡမ အက်ၤ ီ အသစ္၀တ္တဲ့အခါမ်ိဳးေတြမွာ မသိလုိက္ မသိဖါသာ မေနပဲ အေမရယ္ ဘာပဲ၀တ္၀တ္ၾကည့္ေကာင္းလုိက္တာ။ သမီးတို႕မ်ား အ၀တ္စားတစ္ခါေရြးရင္ ပိန္ေအာင္ ၊ ၾကည့္ေကာင္းေအာင္ မနညးရွာ၀တ္ရတာ အေမတုိ႕က်ေတာ့ ကံေကာင္းလုိက္တာ ဘာ၀တ္၀တ္ လွေနေတာ့တာပဲ ဆိုတာမ်ိဳးေလး။

၄။ အေမ့ေျမးေတြက သူ႕အဘြားကိုပဲ တစ္ခ်ိန္လံုးတေနတာ
ပိတ္ရက္ေတြ ေယာကၡမ အိမ္ကေလးေခၚမသြားမိတာ ၾကာလာျပီဆိုရင္ ေယာကၡမကေတာ့ က်ိန္းေသတင္းေနပါျပီ။ အဲလုိအခ်ိန္မ်ိဳးေတြဆို အိမ္အ၀၀င္တာနဲ႕ အထုတ္မခ်ခင္ အေမရယ္ အေမ့ေျမးေတြက ဘြားဘြားၾကီးဆီသြားမယ္ဆိုျပီး တစ္ခ်ိန္လံုး ဂ်ီက်ေနတာ သူ႕အိမ္စာေတြနဲ႕ စာမျပီးမွာစိုးလုိ႕ ခုမွ အေမ့ဆီကို လာရေတာ့တယ္။ သားတို႕ေနာ္ ေနာက္ကို စာေကာင္းေကာင္းလုပ္ ၊ စာေတြျပီးရင္ ဘြားဘြားၾကီးဆီကို ေမေမ အပတ္တုိင္းပို႕ေပးမယ္ဆိုတာမ်ိဳးေလး ေျပာလုိက္ေတာ့ ေယာကၡမၾကီးလည္း စိတ္ေျပသြားတာေပ့ါေနာ္။

၅။ အေမေျပာတာလည္း ဟုတ္တာပဲ
ဒီစကားကိုေတာ့ ေယာကၡမ ဘာပဲေျပာေျပာ တစ္ခုခု ထင္ျမင္ခ်က္ေပးလုိ႕ပဲျဖစ္ျဖစ္ ကိုယ္ကမေက်မနပ္ျဖစ္ေနရင္ေတာင္ အရင္ဦးဆံုး တုန္႕ျပန္တာမ်ိဳးမလုပ္ပဲ ။ အေမေျပာေတာ့လည္း ဟုတ္ေနတာပဲ သမီးေတာင္မေတြးမိလုိက္ပါဘူး ။ ဒါေပမဲ့ သမီးကေတာ့ ဒီလုိမ်ိဳးစဥ္းစားထားတယ္ အေမလည္း၀ိုင္းအၾကံေပးပါဦးဆိုျပီး ေနာက္ဆက္တြဲစကားကို ျပီးမွျဖည့္ေျပာေပးပါ။

၆။ အရမ္း၀ယ္တတ္တာပဲ
ေစ်း၀ယ္ျပန္လာတဲ့ ေယာကၡမျဖစ္သူကို သူဘာေလးပဲ၀ယ္လာ၀ယ္လာ ခ်ီးက်ဴးစကားေျပာေပးပါ။
ဥပမာ – ဟင္းရြက္ေလး၀ယ္လာရင္ေတာင္ အေမ၀ယ္တာေလးက လတ္လုိက္တာ သမီး၀ယ္ရင္ ဘယ္ေတာ့မွ အေမ့လုိ ေကာင္းေကာင္းကန္းကန္းမရတတ္ဘူး။ အေမ၀ယ္ရင္ကို ေစ်းသည္ေတြက ပိုေပးခ်င္ေနေတာ့တာလားမသိဘူး ဆိုေတာ့ သူလည္းသေဘာက် ကိုယ္လည္းေစ်း၀ယ္ရသက္သာသြားႏုိင္တာေပ့ါ။

[ Unicode ]

ကိုယ်နဲ့ ယောက္ခမက အတူတူနေလို့ပဲဖြစ်ဖြစ်၊ မနေလို့ဘဲဖြစ်ဖြစ် မပြေလည်ကြရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ လူတွေမှာလိုအပ်တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာက ပိုများပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေ့ါလေ။ ဒီတော့ ဘယ်လိုစကားတွေကို အဓိကထားပြောရမလဲဆိုတာကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ယောက္ခမနဲ့ အဆင်ပြေကြပါစေ။

၁။ မေမေက ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲ
ဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ကိုပြောပြော အပြောခံရတဲ့သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောင်္ကျားပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ်ဆိုရင်တော့ အရမ်းကြီးအကဲမပိုဖို့လိုပါတယ် ။ သူကဒီလိုက သက်သက်လာမြှောက်တယ်မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။
ဥပမာ – အမေရယ် အမေ့ကိုဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင်အိုတဲ့ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေ့ါ ။

၂။ အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ
ဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို့ သူ့ကိုဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်းသဘောကျပြီး နောက်ကိုကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ နောက်ပြီး သူများအိမ်မှာ ဧည့်သည်သွားလုပ်ရင်လည်း အမလက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင်ထက်တောင်သာတယ်ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူမဆို ပီတိဖြစ်မှာပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ဟင်းစားရင် ဘယ်လောက်ပဲအရသာ မကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထားတာလဲ အရမ်းစားကောင်းလို့ အမေ့ဆီက လာသင်ရဦးမယ်ဆိုတာမျိုး။

၃။ ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲ
ဒီစကားကိုတော့ ယောက္ခမ အင်္ကျ ီ အသစ်ဝတ်တဲ့အခါမျိုးတွေမှာ မသိလိုက် မသိဖါသာ မနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ။ သမီးတို့များ အဝတ်စားတစ်ခါရွေးရင် ပိန်အောင် ၊ ကြည့်ကောင်းအောင် မနညးရှာဝတ်ရတာ အမေတို့ကျတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ် လှနေတော့တာပဲ ဆိုတာမျိုးလေး။

၄။ အမေ့မြေးတွေက သူ့အဘွားကိုပဲ တစ်ချိန်လုံးတနေတာ
ပိတ်ရက်တွေ ယောက္ခမ အိမ်ကလေးခေါ်မသွားမိတာ ကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေတင်းနေပါပြီ။ အဲလိုအချိန်မျိုးတွေဆို အိမ်အ၀၀င်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး တစ်ချိန်လုံး ဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ ခုမှ အမေ့ဆီကို လာရတော့တယ်။ သားတို့နော် နောက်ကို စာကောင်းကောင်းလုပ် ၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကို မေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာမျိုးလေး ပြောလိုက်တော့ ယောက္ခမကြီးလည်း စိတ်ပြေသွားတာပေ့ါနော်။

၅။ အမေပြောတာလည်း ဟုတ်တာပဲ
ဒီစကားကိုတော့ ယောက္ခမ ဘာပဲပြောပြော တစ်ခုခု ထင်မြင်ချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံး တုန့်ပြန်တာမျိုးမလုပ်ပဲ ။ အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး ။ ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုးစဉ်းစားထားတယ် အမေလည်းဝိုင်းအကြံပေးပါဦးဆိုပြီး နောက်ဆက်တွဲစကားကို ပြီးမှဖြည့်ပြောပေးပါ။

၆။ အရမ်းဝယ်တတ်တာပဲ
ဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူးစကားပြောပေးပါ။
ဥပမာ – ဟင်းရွက်လေးဝယ်လာရင်တောင် အမေဝယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင် ဘယ်တော့မှ အမေ့လို ကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေဝယ်ရင်ကို ဈေးသည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ဆိုတော့ သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရသက်သာသွားနိုင်တာပေ့ါ။

Ref; marriagelife

 

710 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.