ရွဴးရွဲ ဂဏန္းမဆလာခ်ဥ္စပ္ ျပဳလုပ္နည္း

ရွဴးရွဲခ်ဥ္စပ္ရည္ေလးကို ေသာက္၊ အသားဖတ္ေလးကို ထမင္းနဲ႔ နယ္စားမလား။ ဝီစကီေလးနဲ႔ပဲ ျမည္းမလား ဘယ္လိုျဖစ္ျဖစ္ အရမ္းေကာင္းတဲ့ ဂဏန္းမဆလာခ်ဥ္စပ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

လိုအပ္ေသာပစၥည္းမ်ား
၁။ ဂဏန္း – ႏွစ္သက္ရာဂဏန္း
၂။ ပ်င္းေတာ္သိမ္ရြက္ ၂ ခက္
၃။ ၾကက္သြန္နီ ၆ လုံး
၄။ ၾကက္သြန္ျဖဴ ၂ ဥ
၅။ ငရုတ္သီးစိမ္း ၁၅ ေတာင္႔ ( ပါးပါးလွီးထားပါ )
၆။ မန္က်ည္းမွည္႔ ကြမ္းသီးလုံး ၂ လုံး ေလာက္ (ေရေႏြးနဲ႔ စိမ္ထားၿပီး အႏွစ္ရည္လုပ္ထားပါ။)
၇။ မဆလာ
၈။ ငံျပာရည္

ဂဏန္းခ်က္နည္း
– ဂဏန္းေတြကုိ ေရေသခ်ာေဆးၿပီး လက္မေတြကုိ ေထာင္းလုိက္ပါ။ ဂဏန္း လက္မေတြက စားတဲ႔အခါ ကိုက္ေနရတာမာေနမွာစုိးလုိ႔ပါ။ ဂဏန္းမွာပါတဲ႔ အဆီအႏွစ္ေတြကုိ ပန္းကန္သတ္သတ္နဲ႔ ဖယ္ထားလိုက္ပါ။ ၿပီးရင္ ေရထည္႔ၿပီး ျပဳတ္ထားလုိက္ပါ။ ေရကေတာ႔ မိမိလုိသေလာက္ထည္႔ပါေနာ္။ အရည္မ်ားမ်ားနဲ႔ ႀကိဳက္ရင္ အရည္ကုိမ်ားမ်ားထည္႔လုိက္ပါ။

– ၾကက္သြန္နီ ကုိ အခြံခြာၿပီး ေလးျခမ္းစိတ္ စိတ္ထားပါ။ ၾကက္သြန္ျဖဴ ကုိလဲ အခြံခြာၿပီး အလုံးကြဲေလာက္ေအာင္ပဲ ေထာင္းထားပါ။ ဂဏန္းခ်က္ထဲ ထည္႔ဖုိ႔ ဆီသတ္ေတာ႔မယ္ေနာ္။ ခ်က္သတ္မယ္႔အုိးတင္လုိက္ပါ။ ဆီ အနည္းငယ္ ထည္႔ပါ။ ဆီက်က္လာရင္ ေထာင္းထားတဲ႔ ၾကက္သြန္ျဖဴ နဲ႔ ေလးျခမ္းစိတ္ထားတဲ႔ ၾကက္သြန္နီကုိ နည္းနည္းအိေအာင္အထိေၾကာ္ေပးပါ။ ပန္းကန္သတ္သတ္နဲ႔ဖယ္ထားတဲ႔ ဂဏန္းအဆီအႏွစ္ကုိထည္႔လုိက္ပါ။ အနံ႔ေမႊးသြားပါလိမ္႔မယ္။ ၿပီးရင္ မန္က်ည္းမွည္႔ရည္ထည္႔ပါ။ ျပင္းေတာ္သိမ္ရြက္ ၂ ခက္ကုိ အရြက္ေျခြၿပီး ထည္႔ပါ။ ငံျပာရည္၊ အခ်ိဳမွဳန္႔ ထည္႔ပါ။ ဆားထက္ ငံျပာရည္နဲ႔ခ်က္တာ ပုိေကာင္းပါတယ္ေနာ္။ ဆားထည္႔လဲ ရပါတယ္။ ဆားနည္းနည္း ငံျပာရည္နည္းနည္းဆီထည္႔ေပါ႔။

၃။ ဆီျပန္လာရင္ မဆလာထည္႔ပါ။ ပါးပါးလွီးထားတဲ႔ ငရုတ္သီးစိမ္းထည္႔လုိက္ပါ။ ဆီသတ္လုိ႔ၿပီးပါၿပီ။ ၿပီးရင္ ဂဏန္းျပဳတ္အုိးထဲသုိ႔ ထည္႔လုိက္ပါတယ္။ ၿပီးရင္ဆူေနေအာင္တည္ထားလုိက္ပါ။ အေပါ႔ အငန္ျမည္းၾကည္႔ပါ။ အခ်ဥ္အငံ ထပ္ထည္႔ခ်င္လည္း ထည္႔ပါဦး။

ခုဆိုရင္ေတာ့ အရမ္းေကာင္းတဲ့ ရွဴးရွဲ ဂဏန္းမဆလာခ်ဥ္စပ္ကို သံုးေဆာင္ႏုိင္ပါၿပီေနာ္။

[ Unicode ]

ရှူးရှဲချဉ်စပ်ရည်လေးကို သောက်၊ အသားဖတ်လေးကို ထမင်းနဲ့ နယ်စားမလား။ ဝီစကီလေးနဲ့ပဲ မြည်းမလား ဘယ်လိုဖြစ်ဖြစ် အရမ်းကောင်းတဲ့ ဂဏန်းမဆလာချဉ်စပ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁။ ဂဏန်း – နှစ်သက်ရာဂဏန်း
၂။ ပျင်းတော်သိမ်ရွက် ၂ ခက်
၃။ ကြက်သွန်နီ ၆ လုံး
၄။ ကြက်သွန်ဖြူ ၂ ဥ
၅။ ငရုတ်သီးစိမ်း ၁၅ တောင့် ( ပါးပါးလှီးထားပါ )
၆။ မန်ကျည်းမှည့် ကွမ်းသီးလုံး ၂ လုံး လောက် (ရေနွေးနဲ့ စိမ်ထားပြီး အနှစ်ရည်လုပ်ထားပါ။)
၇။ မဆလာ
၈။ ငံပြာရည်

ဂဏန်းချက်နည်း
– ဂဏန်းတွေကို ရေသေချာဆေးပြီး လက်မတွေကို ထောင်းလိုက်ပါ။ ဂဏန်း လက်မတွေက စားတဲ့အခါ ကိုက်နေရတာမာနေမှာစိုးလို့ပါ။ ဂဏန်းမှာပါတဲ့ အဆီအနှစ်တွေကို ပန်းကန်သတ်သတ်နဲ့ ဖယ်ထားလိုက်ပါ။ ပြီးရင် ရေထည့်ပြီး ပြုတ်ထားလိုက်ပါ။ ရေကတော့ မိမိလိုသလောက်ထည့်ပါနော်။ အရည်များများနဲ့ ကြိုက်ရင် အရည်ကိုများများထည့်လိုက်ပါ။

– ကြက်သွန်နီ ကို အခွံခွာပြီး လေးခြမ်းစိတ် စိတ်ထားပါ။ ကြက်သွန်ဖြူ ကိုလဲ အခွံခွာပြီး အလုံးကွဲလောက်အောင်ပဲ ထောင်းထားပါ။ ဂဏန်းချက်ထဲ ထည့်ဖို့ ဆီသတ်တော့မယ်နော်။ ချက်သတ်မယ့်အိုးတင်လိုက်ပါ။ ဆီ အနည်းငယ် ထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ လေးခြမ်းစိတ်ထားတဲ့ ကြက်သွန်နီကို နည်းနည်းအိအောင်အထိကြော်ပေးပါ။ ပန်းကန်သတ်သတ်နဲ့ဖယ်ထားတဲ့ ဂဏန်းအဆီအနှစ်ကိုထည့်လိုက်ပါ။ အနံ့မွှေးသွားပါလိမ့်မယ်။ ပြီးရင် မန်ကျည်းမှည့်ရည်ထည့်ပါ။ ပြင်းတော်သိမ်ရွက် ၂ ခက်ကို အရွက်ခြွေပြီး ထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် ထည့်ပါ။ ဆားထက် ငံပြာရည်နဲ့ချက်တာ ပိုကောင်းပါတယ်နော်။ ဆားထည့်လဲ ရပါတယ်။ ဆားနည်းနည်း ငံပြာရည်နည်းနည်းဆီထည့်ပေါ့။

၃။ ဆီပြန်လာရင် မဆလာထည့်ပါ။ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းထည့်လိုက်ပါ။ ဆီသတ်လို့ပြီးပါပြီ။ ပြီးရင် ဂဏန်းပြုတ်အိုးထဲသို့ ထည့်လိုက်ပါတယ်။ ပြီးရင်ဆူနေအောင်တည်ထားလိုက်ပါ။ အပေါ့ အငန်မြည်းကြည့်ပါ။ အချဉ်အငံ ထပ်ထည့်ချင်လည်း ထည့်ပါဦး။

ခုဆိုရင်တော့ အရမ်းကောင်းတဲ့ ရှူးရှဲ ဂဏန်းမဆလာချဉ်စပ်ကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.