မိန္းကေလးတို႔အတြက္ ဘဝဒႆနမ်ား

ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ မိန္းမသားတစ္ေယာက္ျဖစ္ဖုိ႔ ဘာေတြလိုအပ္ပါသလဲ။ မိန္းမသားတို႔အတြက္ မွတ္သားဖြယ္ ဘဝဒႆနေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ ဖတ္ၾကည့္လိုက္ပါဦး။

၁။ အခ်စ္ကို သင္ယုံၾကည္လို႔ရတယ္။ ေယာကၤ်ားေလးေတြရဲ႕ ခ်ိဳခ်ိဳသာသာစကားေတြကို သင္နားေထာင္လို႔ရတယ္။ ဒါေပမဲ့ တစ္ဖက္နားက နားေထာင္ရင္ က်န္တစ္ဖက္နားက ထြက္သြားပါေစ။ ပ်ားရည္လိုခ်ိဳတဲ့ အဆိပ္ေတြကို ရင္ထဲ သိမ္းဆည္းမထားပါနဲ႔။ ေတာ္ထက္တဲ့ေယာကၤ်ားေတြကို သင္တန္ဖိုးထားႏိုင္တယ္။ တကယ္လို႔ အိမ္ေထာင္သည္ဆိုတဲ့ တံဆိပ္ကပ္ထားသူဆိုရင္ သင္တတ္ႏိုင္၊ လက္ခံႏိုင္တဲ့သူမဟုတ္ေၾကာင္း မေမ့ပါနဲ႔။ ဒီလိုလူမ်ိဳးနဲ႔ႀကဳံခဲ့ရင္ ဘာအတြယ္အတာမွမခ်န္ဘဲ ေဝးေဝးခြာပါ။

၂။ ကိုယ့္ရဲ႕အျပင္ပန္းအလွကို တန္ဖိုးထားပါ။ ထိုနည္းတူ အတြင္းစိတ္ကိုလည္း မျပတ္ျဖည့္ဆည္းပါ။ စာမ်ားမ်ားဖတ္ပါ၊ မ်ားမ်ားသင္ယူပါ။ လူမႈေရး၊ ယဥ္ေက်းမႈ၊ ႏိုင္ငံေရး၊ ဖက္ရွင္၊ မိသားစု….. ဘုရားသခင္က သင့္ကို လွပတဲ့မ်က္ႏွာမေပးခဲ့ရင္ အသိဉာဏ္ျပည့္တဲ့ စိတ္ႏွလုံးတစ္စုံရွိဖို႔ကို သင္ကိုယ္တိုင္ တာဝန္ယူပါ။ ပန္းအိုးေတြက ကြဲလြယ္တယ္၊ ႐ုပ္ရည္က အိုလြယ္တယ္။ အသိဉာဏ္က ႏွစ္လၾကာေလ တိုးပြားေလ၊ ခိုင္ၿမဲေလျဖစ္တယ္။

၃။ လက္ေဆာင္ပစၥည္းရတဲ့ အံ့ၾသဝမ္းသာျခင္းမ်ိဳးကို သင္ခံစားႏိုင္ပါတယ္။ ဒါေပမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရွိဘူးဆိုတာကိုေတာ့ မေမ့ပါနဲ႔။ ေယာက္်ားတစ္ေယာက္ကေပးတဲ့ အဖိုးတန္ေဈးႀကီးလြန္းတဲ့ လက္ေဆာင္ပစၥည္းကို ဘယ္လိုဂုဏ္ပုဒ္မ်ိဳးနဲ႔ သင္လက္ခံယူမလဲ! ဇနီးမယား? ခ်စ္သူရည္းစား? တကယ္လို႔ ဇနီးမယားလည္းမဟုတ္၊ ခ်စ္သူရည္းစားလည္း မဟုတ္ဘူးဆိုခဲ့ရင္ ဒီလက္ေဆာင္အတြက္ ဘယ္လိုေပးဆပ္ျခင္းမ်ိဳးကို သင္ေပးဆပ္ရလိမ့္မလဲဆိုတာကို ေသေသခ်ာခ်ာ စဥ္းစားပါ။ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အရာကို ကိုယ္တိုင္ဝယ္ယူႏိုင္ဖို႔ ႀကိဳးစားပါ။ ေယာက္်ားေတြေပးမယ့္ လက္ေဆာင္ကိုပဲ ေမွ်ာ္ကိုးမေနပါနဲ႔။

၄။ ႐ိုးသားလို႔ရတယ္၊ ဒါေပမဲ့ ႐ိုးစင္းႏုံအလို႔ မရဘူး။ ႐ိုးရွင္းလို႔ရတယ္၊ ဒါေပမဲ့ အလြယ္လိုက္လို႔မရဘူး။ အိမ္အလုပ္၊ အိမ္ပစၥည္းေတြကို သင္နားမလည္လို႔ရတယ္၊ ဒါေပမဲ့ အနည္းဆုံးေတာ့ အိမ္သုံးလွ်ပ္စစ္ပစၥည္းေတြရဲ႕ အၫြန္းစာအုပ္ကို သင္ဖတ္ႏိုင္ရမယ္။ ကိုယ့္အေပၚ ကူညီခဲ့သူေတြအတြက္ ေက်းဇူးတရားကို ရင္ထဲအၿမဲထည့္ထားပါ။ ကိုယ့္အေပၚ ကဲ့ရဲ႕ေလွာင္ေျပာင္သူေတြအတြက္ ပုံမန္၊ သာမန္စိတ္ကိုေမြးပါ။

၅။ ေငြေၾကးေတြကို အေျမာ္အျမင္ရွိရွိ သုံးပါ။ ကိုယ့္အတြက္ ေကာင္းမြန္တဲ့အတြင္းခံ၊ ဖိနပ္ေတြဝယ္ဖို႔ မႏွေျမာပါနဲ႔။ အျပင္ပန္းလွပေအာင္ ဝတ္ဆင္တယ္ဆိုတာ သူတစ္ပါးၾကည့္ဖို႔အတြက္ပါ။ ဒါဟာ ဝင့္ဝါျခင္းကို ဝတ္ဆင္တာျဖစ္တယ္။ သင့္ေတာ္ေကာင္းမြန္တဲ့ အတြင္းဝတ္ေတြက ကိုယ္တိုင္အတြက္ပါ။ ဒါဟာ သက္ေတာင့္သက္သာရွိျခင္းကို ဝတ္ဆင္တာျဖစ္တယ္။

၆။ လိုက္ေလ်ာညီေထြတဲ့စကားကို ေျပာဆိုတတ္ရမယ္။ ကေလးကလားႏိုင္တဲ့၊ ကပ္ခြၽဲႏွပ္ခြၽဲစကားေတြက သင့္မွာရွိသင့္တဲ့ အမွတ္တံဆိပ္ေတြ မဟုတ္ဘူး။ သင့္မွာ ဗဟုသုတမရွိလို႔ရတယ္၊ ဒါေပမဲ့ အဆင့္အတန္းမရွိလို႔ မရဘူး။ အျမင္မတူ၊ အသြင္ကြဲလို႔ရတယ္။ ဒါေပမဲ့ ေလးစား႐ိုေသမႈေတာ့ ရွိရတယ္။ ျဖစ္ခဲ့၊ ပ်က္ခဲ့တဲ့အေၾကာင္းကိုပဲ ထပ္တလဲလဲ နာနာက်င္က်င္ မ႐ြတ္ဆိုပါနဲ႔။ ေဒါသထြက္ေနတုန္း စကားတစ္ခြန္းေျပာဖို႔ ၁ကေန ၂ဝအထိ ေရတြက္ၿပီးမွ ေျပာပါ။

၇။ သင္ဟာ တကိုယ္တည္းသမားပဲျဖစ္ျဖစ္၊ အိမ္ေထာင္သည္ပဲျဖစ္ျဖစ္ ဒါေတြက အေရးမႀကီးပါဘူး။ အေရးႀကီးတာက တစ္ပါးသူကို မွီတြယ္မယ္ဆိုတဲ့စိတ္ မရွိဖို႔ပဲလိုတယ္။ အရာရာတိုင္း သူတစ္ပါးကို အားကိုးေနလို႔မျဖစ္ပါဘူး။ သိန္းေသာင္းခ်ီတဲ့ လခရေနတာက အေကာင္းဆုံးေပါ့။ ေထာင္ဂဏန္းလခဆိုလည္း မဆိုးပါဘူး။ အနည္းဆုံးေတာ့ ကိုယ့္ကိုယ္ကိုရွင္သန္ေအာင္ ရပ္တည္ႏိုင္တဲ့အစြမ္း သင့္မွာရွိေသးတယ္။ ဒါဟာ သင့္ရဲ႕ဂုဏ္ယူစရာျဖစ္တယ္။

၈။ ဘဝကေပးတဲ့ အရာတိုင္းကို တန္းဖိုးထားျမတ္ႏိုးပါ၊ သင္ယူပါ။ အခ်စ္ခံရ၊ အႏွစ္သက္ခံရတယ္ဆိုတာ ေပ်ာ္႐ႊင္တဲ့ဥစၥာပစၥည္းျဖစ္တယ္။ သူတစ္ပါးကိုခ်စ္တယ္၊ ႏွစ္သက္တယ္ဆိုတာ ေပ်ာ္႐ႊင္တဲ့ေပးဆပ္ျခင္းျဖစ္တယ္။ တကယ္လို႔ သင့္ကို သူခြဲသြားမယ္ဆိုရင္ ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ေတာင္းဆုေတြေပးပါ။ အထီးက်န္တာကို ဂုဏ္ရွိရွိခံယူတာက နာနာက်င္က်င္ခ်စ္ေနရတာထက္စာရင္ ေကာင္းပါတယ္။ ကိုယ့္ကိုယ္ကို ေကာင္းေကာင္းဆက္ဆံပါ။ သူ႔တစ္ပါးကို ခြင့္လႊတ္နားလည္တတ္ပါေစ။ ကိုယ့္ကိုယ္ကို ယုံၾကည္တဲ့စိတ္၊ ခြင့္လႊတ္နားလည္တဲ့စိတ္၊ တာဝန္သိတတ္စိတ္ .. စတဲ့စိတ္ေတြ တစ္ခုမွ သင့္မွာ ေလ်ာ့ေနလို႔ မျဖစ္ဘူးဆိုတာကို နားလည္ထားပါ။

[ Unicode ]

အောင်မြင်ပျော်ရွှင်တဲ့ မိန်းမသားတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ။ မိန်းမသားတို့အတွက် မှတ်သားဖွယ် ဘဝဒဿနတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

၁။ အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောင်္ကျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောင်္ကျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

၂။ ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု….. ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

၃။ လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

၄။ ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။ ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။ အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေအတွက် ကျေးဇူးတရားကို ရင်ထဲအမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမန်၊ သာမန်စိတ်ကိုမွေးပါ။

၅။ ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။ ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။ အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်တောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။

၆။ လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။ သင့်မှာ ဗဟုသုတမရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။ အမြင်မတူ၊ အသွင်ကွဲလို့ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။ ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။ ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။

၇။ သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်းလခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။

၈။ ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။ အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။ သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။ တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။ အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင်ချစ်နေရတာထက်စာရင် ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။

Ref; lifehacks

 

318 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.