စမူဆာပဲရည္ခ်ဥ္ငံစပ္သုပ္နည္း

ပဲရည္ေမႊးေမႊးေလးနဲ႔ အဆာေျပစမူဆာေလး သုပ္စားႏုိင္ဖို႔ စမူဆာ ပဲရည္သုပ္ ျပဳလုပ္နည္းကို Trend ပရိသတ္ၾကီးအတြက္ ေဝမၽွလိုက္ပါတယ္။ သုပ္စားၾကည့္ရေအာင္ေနာ္။

လုိအပ္ေသာ ပစၥည္းမ်ား
၁။ စမူဆာေၾကာ္ ၄ ခု
၂။ ပဲက်က္မွဳန္႔ (သုိ႔) ပဲစိမ္းမွဳန္႔
၃။ ဘယာေၾကာ္ ၂ ခု
၄။ အာလူး ႀကီးႀကီး ၃ လုံး
၅။ ေဂၚဖီထုပ္ ေသးေသး ၁ ထုပ္ (ေရေဆးၿပီး ပါးပါးလွီးထားပါ။)
၆။ ၾကက္သြန္နီ ႀကီးႀကီး ၅ လုံး (ေရေဆးၿပီး ပါးပါးလွီးထားပါ။)
၇။ ငရုတ္သီးစိမ္း (လုိအပ္သေလာက္ ပါးပါးလီွးထားပါ။)
၈။ ပူစီနံ တစ္စီး

ျပဳလုပ္နည္း
၁။ အာလူးကုိ အရင္ဆုံး ႏူးအိသြားေအာင္ ျပဳတ္ထားေပးပါ။ ၿပီးရင္ အခြံႏႊာ အတုံးေသးေသးတုံးထားပါ။
၂။ ပဲရည္က်ဳိဖုိ႔ျပင္ပါမယ္။ ပဲက်က္မွဳန္႔ (သို႔) ပဲစိမ္းမွဳန္႔ကုိ ေရစိမ္းနဲ႔ ဆားနည္းနည္း၊ အခ်ဳိမွဳန္႔နည္းနည္း ထည္႔ၿပီး ပဲမွဳန္႔မ်ား ေပ်ာ္သြားေအာင္ေဖ်ာ္ရပါမယ္။ ၿပီးရင္ ပဲရည္လုပ္မယ္႔အိုးတည္ပါ။ ၿပီးရင္ ေဖ်ာ္ထားတဲ႔ ပဲရည္ကုိ ထည္႔ၿပီး မီးျဖည္းျဖည္းနဲ႔ ဆူေအာင္က်ဳိေပးပါ။ အဆက္မျပတ္ေတာ႔ ေမႊေပးပါ။ ေတာ္ေန ပဲရည္ေ၀က်သြားမွာ စုိးလုိ႔ရယ္၊ အိုးကပ္သြားမွာ စိုးလုိ႔ရယ္ပါ။ ဒါကေတာ႔ ပဲရည္က်ဳိနည္းပါ။ ပဲရည္ ပုိၿပီးေမႊးသြားေစရန္ ဆီသတ္ရပါအုံးမယ္။ ၾကက္သြန္နီ ပါးပါးလွီးထားတဲ႔အထဲက ၂ လုံးစာေလာက္ကုိ ဆီနည္းနည္းထည္႔ၿပီး ဆီသတ္ေပးပါ။ (ေၾကာ္ေပးပါ။) ၾကက္သြန္ျဖဴမ်ား အနီေရာင္သန္းလာရင္ ဆႏြင္းမွဳန္႕ရယ္၊ အေရာင္တင္ ငရုတ္သီးမွဳန္႔ရယ္၊ ကုလားေလး မဆလာရယ္ ထည္႔ၿပီး ဆီသတ္ေပးပါ။ ၿပီးရင္ ပဲရည္အုိးထဲသုိ႔ ဆီသတ္ထားတဲ႔ ၾကက္သြန္နီဆီက်က္ကုိ ထည္႔ေပးလုိက္ပါ။ ျပဳတ္ထားတဲ႔ အာလူးကုိထည္႔ၿပီး မီးျဖည္းျဖည္းနဲ႔ ဆူေနေအာင္ တည္ထားေပးပါေလ။ ဒါဆုိရင္ေတာ႔ ပဲရည္က်ဳိနည္း ရပါၿပီ။

စမူဆာပဲရည္သုပ္ ျပင္စားပုံ ျပင္စားနည္း
စမူဆာကုိ လုိသေလာက္ ကတ္ေၾကးနဲ႔ညွပ္ပါ။ ၿပီးရင္ ပဲရည္ထည္႔ပါ။ ေဂၚဖီပါးပါးထည္႔ပါ။ ၾကက္သြန္နီပါးပါးထည္႔ပါ။ ငရုတ္သီးစိမ္းပါးပါးထည္႔ပါ။ ကုလားဘယာေၾကာ္ကိုလုိသေလာက္ထည္႔ၿပီး စားႏုိင္ပါၿပီေနာ္။ အခ်ဥ္အငံ ႀကိဳက္သူမ်ား လုိအပ္သလုိထည္႔စားပါေနာ္။

ခုဆုိရင္ေတာ့ ပဲရည္ေမႊးေမႊးေလးနဲ႔ စမူဆာခ်ဥ္ငံစပ္သုပ္ေလး သံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

ပဲရည်မွှေးမွှေးလေးနဲ့ အဆာပြေစမူဆာလေး သုပ်စားနိုင်ဖို့ စမူဆာ ပဲရည်သုပ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ သုပ်စားကြည့်ရအောင်နော်။

လိုအပ်သော ပစ္စည်းများ
၁။ စမူဆာကြော် ၄ ခု
၂။ ပဲကျက်မှုန့် (သို့) ပဲစိမ်းမှုန့်
၃။ ဘယာကြော် ၂ ခု
၄။ အာလူး ကြီးကြီး ၃ လုံး
၅။ ဂေါ်ဖီထုပ် သေးသေး ၁ ထုပ် (ရေဆေးပြီး ပါးပါးလှီးထားပါ။)
၆။ ကြက်သွန်နီ ကြီးကြီး ၅ လုံး (ရေဆေးပြီး ပါးပါးလှီးထားပါ။)
၇။ ငရုတ်သီးစိမ်း (လိုအပ်သလောက် ပါးပါးလှီးထားပါ။)
၈။ ပူစီနံ တစ်စီး

ပြုလုပ်နည်း
၁။ အာလူးကို အရင်ဆုံး နူးအိသွားအောင် ပြုတ်ထားပေးပါ။ ပြီးရင် အခွံနွှာ အတုံးသေးသေးတုံးထားပါ။
၂။ ပဲရည်ကျိုဖို့ပြင်ပါမယ်။ ပဲကျက်မှုန့် (သို့) ပဲစိမ်းမှုန့်ကို ရေစိမ်းနဲ့ ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်း ထည့်ပြီး ပဲမှုန့်များ ပျော်သွားအောင်ဖျော်ရပါမယ်။ ပြီးရင် ပဲရည်လုပ်မယ့်အိုးတည်ပါ။ ပြီးရင် ဖျော်ထားတဲ့ ပဲရည်ကို ထည့်ပြီး မီးဖြည်းဖြည်းနဲ့ ဆူအောင်ကျိုပေးပါ။ အဆက်မပြတ်တော့ မွှေပေးပါ။ တော်နေ ပဲရည်ဝေကျသွားမှာ စိုးလို့ရယ်၊ အိုးကပ်သွားမှာ စိုးလို့ရယ်ပါ။ ဒါကတော့ ပဲရည်ကျိုနည်းပါ။ ပဲရည် ပိုပြီးမွှေးသွားစေရန် ဆီသတ်ရပါအုံးမယ်။ ကြက်သွန်နီ ပါးပါးလှီးထားတဲ့အထဲက ၂ လုံးစာလောက်ကို ဆီနည်းနည်းထည့်ပြီး ဆီသတ်ပေးပါ။ (ကြော်ပေးပါ။) ကြက်သွန်ဖြူများ အနီရောင်သန်းလာရင် ဆနွင်းမှုန့်ရယ်၊ အရောင်တင် ငရုတ်သီးမှုန့်ရယ်၊ ကုလားလေး မဆလာရယ် ထည့်ပြီး ဆီသတ်ပေးပါ။ ပြီးရင် ပဲရည်အိုးထဲသို့ ဆီသတ်ထားတဲ့ ကြက်သွန်နီဆီကျက်ကို ထည့်ပေးလိုက်ပါ။ ပြုတ်ထားတဲ့ အာလူးကိုထည့်ပြီး မီးဖြည်းဖြည်းနဲ့ ဆူနေအောင် တည်ထားပေးပါလေ။ ဒါဆိုရင်တော့ ပဲရည်ကျိုနည်း ရပါပြီ။

စမူဆာပဲရည်သုပ် ပြင်စားပုံ ပြင်စားနည်း
စမူဆာကို လိုသလောက် ကတ်ကြေးနဲ့ညှပ်ပါ။ ပြီးရင် ပဲရည်ထည့်ပါ။ ဂေါ်ဖီပါးပါးထည့်ပါ။ ကြက်သွန်နီပါးပါးထည့်ပါ။ ငရုတ်သီးစိမ်းပါးပါးထည့်ပါ။ ကုလားဘယာကြော်ကိုလိုသလောက်ထည့်ပြီး စားနိုင်ပါပြီနော်။ အချဉ်အငံ ကြိုက်သူများ လိုအပ်သလိုထည့်စားပါနော်။

ခုဆိုရင်တော့ ပဲရည်မွှေးမွှေးလေးနဲ့ စမူဆာချဉ်ငံစပ်သုပ်လေး သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

725 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.