သင္ ဒါေတြပိုင္ဆိုင္ပါေစ

ဘဝမွာ ပိုင္ဆိုင္သင့္တဲ့ အရာေတြဆိုတာ ဘာေတြလဲ။ ေပ်ာ္ရႊင္ေအာင္ျမင္တဲ့ ဘဝကို တည္ေဆာင္လုိသူတိုင္း ဘဝမွာ တစ္ခါေလာက္ေတာ့ လုပ္သင့္လုပ္ထုိက္တဲ့အရာေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ ဖတ္ၾကည့္လိုက္ပါဦး။

၁။ အခန္းကို ဘာအေရာင္သုတ္မလဲလို႔ မဆံုးျဖတ္ရေသးခင္ ရိုးရွင္းၿပီး ေရွးက်တဲ့ အျဖဴေရာင္ကို အရင္စမ္းသုတ္ၾကည့္ပါ။ တစ္ခါတေလ ရိုးရွင္းၿပီး ေရွးက်တဲ့နည္းလမ္းေတြက ေဘးကင္းလံုၿခံဳတဲ့ နည္းလမ္းျဖစ္တယ္။

၂။ တစ္ပတ္မွာ တစ္နပ္ေလာက္ ေခၽြတာပါ။ စားမယ္လို႔ ရည္ရြယ္ထားတဲ့အစာကို ခ်ဳိ႕တဲ့သူေတြအတြက္ ေပးကမ္းစြန္႔ႀကဲပါ။ အစာကိုစြန္႔ေနခ်ိန္အတြင္းမွာ တၿပိဳင္နက္ ေမတၱာကိုလည္း သင္စြန္႔ေနပါတယ္။

၃။ တကယ္လို႔ ျဖစ္ႏိုင္ရင္ ကေလးေတြကို (၁၆)ႏွစ္ျပည့္တာနဲ႔ အလုပ္တစ္ခုရွိဖို႔ အားေပးကူညီပါ။ ဒါဟာ လူ႔ဘဝအရသာကို အခ်ိန္ေစာၿပီး သူတို႔ ခံစားသိျမင္ေစသလို အရာရာ ခက္ခဲေၾကာင္း သူတို႔နားလည္ေစပါတယ္။

၄။ ရိုမန္တစ္ဆန္တဲ့ ခံစားခ်က္ကို လက္ကိုင္ထားပါ။ ဒါဟာ အခ်စ္ကို ထာဝရလတ္ဆတ္ေစသလို လူ႔ဘဝကို ၾကာရွည္ခံေစတဲ့အရာျဖစ္တယ္။

၅။ သားသမီးေတြကို အေကာင္းဆံုးအရာမေပးႏိုင္မွာကို စိတ္မပူပါနဲ႔။ သူတို႔အတြက္ အေကာင္းဆံုး”သင္”ကိုပဲ ေပးပါ။ ဒါဟာ သူတို႔အလိုခ်င္ဆံုးအရာျဖစ္သလို သူတို႔ရဲ႕ အလိုအပ္ဆံုးလည္းျဖစ္ပါတယ္။

၆။ အမုန္းဆိုတာ အလြယ္တကူ ကူးစက္တတ္တဲ့ ခံစားခ်က္ျဖစ္တယ္။ ဒါေၾကာင့္ အမုန္းကို စိတ္ထဲ အဝင္မခံပါနဲ႔။ ဒီေန႔အထိ လူေတြ တိုးပြားလာရတာဟာ အမုန္းေၾကာင့္မဟုတ္ဘဲ အခ်စ္ေၾကာင့္ျဖစ္ပါတယ္။

၇။ သက္ရွိတိုင္းက ေလးစားထိုက္သူေတြပါ။ ေလးစားမႈေတြ ရင္ဝယ္ပိုက္ၿပီး သက္ရွိတိုင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ရွင္သန္ႀကီးျပင္းဖို႔ ဆႏၵျပဳရေအာင္။

၈။ သူငယ္ခ်င္းေကာင္းဆိုတာ သင္ရဲ႕ကိုယ္ခဲြေလးပါ။ အေဖာ္ေကာင္းတစ္ေယာက္ ပိုင္ဆိုင္တာဟာ လူ႔ဘဝခရီးလမ္းမွာ သင့္ကို အထီးမက်န္ေစပါဘူး။

၉။ ကတိဆိုတာ ႏွလံုးသားတစ္ခုက အျခားႏွလံုးသားတစ္ခုကို သစၥာျပဳတာျဖစ္တယ္။ ဒါေၾကာင့္ ကတိတည္ပါေစ။

၁၀။ ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးတစ္ခုမွာ အခ်က္ႏွစ္ခ်က္လိုအပ္တယ္။ တစ္..အသင့္ေတာ္ဆံုးလူကို ရွာယူပါ။ ႏွစ္.. အသင့္ေတာ္ဆံုးလူျဖစ္ေအာင္ ႀကိဳးစားပါ။ ဒီႏွစ္ခ်က္မွာ တစ္ခ်က္ခ်က္ မရွိလို႔ မျဖစ္ဘူးဆိုတာ ၿမဲၿမဲမွတ္ပါ။

၁၁။ ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးတစ္ခုမွာ အခ်က္ႏွစ္ခ်က္လိုအပ္တယ္။ တစ္..အသင့္ေတာ္ဆံုးလူကို ရွာယူပါ။ ႏွစ္.. အသင့္ေတာ္ဆံုးလူျဖစ္ေအာင္ ႀကိဳးစားပါ။ ဒီႏွစ္ခ်က္မွာ တစ္ခ်က္ခ်က္ မရွိလို႔ မျဖစ္ဘူးဆိုတာ ၿမဲၿမဲမွတ္ပါ။

၁၂။ လွ်ပ္တစ္ျပက္ေအာင္ျမင္ဖို႔ အခ်ိန္(၁၅)ႏွစ္ လိုအပ္တယ္။ ေအာင္ျမင္ျခင္းရဲ႕ ေတာက္ပမူကိုသာျမင္ၿပီး မေအာင္ျမင္ခင္ ႀကံဳေတြ႔ရတဲ့ အခက္ခဲေတြကို လ်စ္လ်ဴမရွဴလိုက္နဲ႔။ တစ္ႀကိမ္ေအာင္ျမင္ဖို႔ က်ဆံုးျခင္းေတြ အမ်ားႀကီး စုပံုရပါတယ္။

၁၃။ အားလပ္ရက္မွာ ေန႔တစ္ဝက္ေလာက္ အခ်ိန္ခိုးၿပီး အနားယူ အိပ္စက္ပါ။ ႏိုးလာတဲ့အခါ သင့္စိတ္ဟာ မြန္းလဲြေနေရာင္ျခည္လို ၾကည္လင္ေတာက္ပေနလိမ့္မယ္။

၁၄။ သင္ေမြးေန႔မွာ သင္ကိုယ္တိုင္ သစ္ပင္တစ္ပင္စိုက္ပါ။ သစ္ပင္ကို သင္နဲ႔အတူ ရွင္သန္ႀကီးထြားပါေစ။

၁၅။ ငယ္ရြယ္ႏုပ်ဳိစဥ္မွာ ဓာတ္ပံုမ်ားမ်ားရိုက္ပါ။ အေကာင္းဆံုးကာလကို ဘဝမွာ အမွတ္တရခ်န္ခဲ့ပါေစ။

၁၆။ တျခားသူက သင့္ကို ကတ္ သို႔မဟုတ္ လက္ေဆာင္ေပးတဲ့အခါ ေက်းဇူးတင္လႊာေရးပို႔ဖို႔ မေမ့ပါနဲ႔။

၁၇။ ကေလးသူငယ္ေတြကို စည္းကမ္းတက် သင္ေျပာဆိုဆံုးမၿပီးေနာက္ သူတို႔ကို စိတ္ပါလက္ပါ ေပြ႔ဖက္ပါ။ သူတို႔ကို သင္ဘယ္ေလာက္ခ်စ္တယ္၊ ဂရုစိုက္တယ္ဆိုတာကို သူတို႔သိပါေစ။

၁၈။ မ်ားျပားလွတဲ့ အလုပ္ေၾကာင့္ သင့္ရဲ႕ႏွစ္ပတ္လည္ေန႔ကို ဘယ္ေတာ့မွ မေမ့လိုက္နဲ႔။ ဘဝမွာရွိတဲ့ ေန႔ထူးေန႔ျမတ္တိုင္းက သင့္ဘဝမွာစုေဆာင္းမိတဲ့ အေကာင္းဆံုး စည္းစိမ္ခ်မ္းသာေတြျဖစ္တယ္။

၁၉။ မသိတတ္၊ နားမလည္တတ္သူေတြအတြက္ ေကာင္းတာေတြ လုပ္ေပးပါ။ သူတစ္ပါးကို ကူညီတာ တုန္႔ျပန္မႈေတြ မလိုပါဘူး။

၂၀။ သင့္မ်က္စိေရွ႕က ျမင္ကြင္းကို အၿမဲလွပေအာင္ ထိန္းသိမ္းပါ။ ပုလင္းထဲထိုးထားတဲ့ ပန္းတစ္ပြင့္ဆိုရင္လည္း လွပေနပါေစ။

၂၁။ သင့္နာရီကို ငါးမိနစ္ျမန္ထားပါ။ ဘာပဲလုပ္လုပ္ တျခားသူထက္ သင္ေျခတစ္လွမ္း ျမန္ေနပါေစ။ ႀကိဳတင္ျပင္ဆင္ဖို႔ အခ်ိန္ရွိပါေစ။

၂၂။ စြန္႔စားျခင္းဆိုတာ ရဲဝံ့ျခင္းပဲ။ တကယ္လို႔ သင္မစြန္႔စားရင္ ေအာင္ျမင္ျခင္းရဲ႕ ရဲဝံ့မႈကို သင္မသိဘူး။ စြန္႔စားျခင္းထဲကေန ေအာင္ျမင္တဲ့လူ႔ဘဝကို ရွာယူပါ။

၂၃။ သင့္အႀကိဳက္ဆံုး ေတးဂီတနဲ႔ ေန႔ရက္တိုင္းကို ဖြင့္ပါ။ ဂီတဆိုတာ စိတ္ဝိညာဥ္ရဲ႕သီခ်င္းျဖစ္တယ္။ မနက္ခင္းတိုင္းမွာ စိတ္ဝိညာဥ္ကို ၾကည္လင္လန္းဆန္းၿပီး ေန႔ရက္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းပါ။

၂၄။ လင္မယားအခ်င္းခ်င္း တစ္ေယာက္ကိုတစ္ေယာက္ စိတ္ထိခိုက္ေစတဲ့အခါ ဘယ္သူ႔အမွားပဲျဖစ္ျဖစ္ အရင္ဆံုးေတာင္းပန္တတ္္ဖို႔ သင္ယူပါ။ “ေဆာရီးပဲ.. နင့္ကို ေဒါသထြက္ေစခဲ့ၿပီ။ ငါ့ကိုခြင့္လြတ္ပါ”။ ဒါဟာ စိတ္ထိခိုက္တာကို ကုသတဲ့ အေကာင္းဆံုးေဆးျဖစ္တယ္။

၂၅။ တစ္ေယာက္ေယာက္က သင့္ကိုေပြ႔ဖက္တဲ့အခါ သင့္ရင္ခြင္ထဲကေန သူအရင္ ခြာပါေစ။ သင့္ေဝးရာကို အခ်စ္မထြက္သြားမခ်င္း အခ်စ္ကို သင့္ဖက္ကစၿပီး အရင္လက္မလြတ္ပါနဲ႔။

၂၆။ သိလိုစိတ္ေတြ အၿမဲျပင္းျပေနပါေစ။ “ဘာေၾကာင့္” ဆိုတာကို မ်ားမ်ားေမးပါ။ ဒါဟာ ထိုးထြင္းဖန္တီးႏိုင္စြမ္းကို ျဖစ္ေစၿပီး ဘဝကို မညႇိဳးႏြမ္း မေျခာက္ေသြ႔ေစတဲ့ ရင္းျမစ္ျဖစ္တယ္။

၂၇။ အခ်စ္မွာ ထူးျခားဆန္းၾကယ္တဲ့ ဆဲြေဆာင္မႈေတြရွိတယ္။
အခ်စ္က ေလကို တိုက္ခိုက္ေစႏိုင္သလို မိုးကိုလည္း ရြာသန္းေစတယ္။
လူကို ေသရာက ရွင္သန္လာေစတယ္။ လူကို အၿမဲႏုပ်ဳိေစတယ္။
ဒါေၾကာင့္ အခ်စ္ရဲ႕အင္အားကို ဘယ္ေတာ့မွ အထင္မေသးပါနဲ႔။

၂၈။ အနာဂတ္မွာ ျဖစ္ပ်က္လာမယ့္အေၾကာင္းကို စိုးရိမ္ပူပန္လြန္ၿပီး မ်က္စိေရွ႕က လွပတဲ့အရာေတြကို လက္မလြတ္မိေစနဲ႔။ ပစၥဳပန္မွာ ေနေပ်ာ္တတ္ဖို႔ သင္ယူပါ။ အနာဂတ္ကို ႀကိဳတင္ေတြးေၾကာက္သူဟာ လက္ရွိတန္ဖိုးရွိတဲ့အရာေတြနဲ႔ ပိုပိုေဝးသြားပါလိမ့္မယ္။

၂၉။ အိမ္၊ အေမကို မၾကာခဏ ဖုန္းဆက္ပါ။ အခ်စ္ရွိရင္ လြမ္းဆြတ္မႈက ရွိစၿမဲပါ။ တျခားလူကို လြမ္းဆြတ္ျခင္းရဲ႕ ညင္းပန္းမႈဒဏ္ေတြ မခံပါရေစနဲ႔။ ဖုန္းဆက္တာဟာလည္း ခ်စ္ေၾကာင္းကိုတျခားနည္းနဲ႔ ထုတ္ေဖာ္ျပသျခင္းပါပဲ။

၃၀။ အခ်စ္အတြက္နဲ႔ လက္ထပ္ပါ။ အခ်စ္စစ္မွာ ဘာအေၾကာင္းျပခ်က္မွ မလိုဘူး။ လက္ထပ္ျခင္းမွာ အခ်စ္ဆိုတာ လိုအပ္သလို ဒါဟာလည္း ခိုလံႈျခင္းျဖစ္တယ္။

၃၁။ အခြင့္အေရးကို ေအးေဆးသက္သာ ရွာလို႔မရဘူး။ ေအးေဆးသက္သာဆိုတာ ကမ္းစပ္မွာရပ္ေနတဲ့ ေလွငယ္ေလးလိုျဖစ္တယ္။ ေအးေဆးသက္သာရပ္ေနၿပီး မလႈပ္ရွားလို႔ ေလွေအာက္ပိုင္းဟာ မၾကာခင္မွာ ေဆြးသြားေတာ့မယ္။

၃၂။ ေန႔ရက္ေတြကို ရိုးရိုးရွင္းရွင္းျဖတ္ေက်ာ္ပါ။ ရိုးရွင္းတာက ဘဝကို ပိုလက္ေတြ႔က်ေစသလို တန္ဖိုးအရွိဆံုးလည္းျဖစ္တယ္။

၃၃။ ေခြးတစ္ေကာင္ျဖစ္ျဖစ္၊ အျခားတိရစာၦန္ပဲျဖစ္ျဖစ္ ေမြးျမဴၾကည့္ပါ။ သက္ရွိတစ္ခုကို ဘယ္လို တန္ဖိုးထား ဂရုစိုက္ရမယ္ဆိုတာကို သင္နား လည္လာလိမ့္မယ္။

[ Unicode ]

ဘဝမှာ ပိုင်ဆိုင်သင့်တဲ့ အရာတွေဆိုတာ ဘာတွေလဲ။ ပျော်ရွှင်အောင်မြင်တဲ့ ဘဝကို တည်ဆောင်လိုသူတိုင်း ဘဝမှာ တစ်ခါလောက်တော့ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

၁။ အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။

၂။ တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်ကြဲပါ။ အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။

၃။ တကယ်လို့ ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာ လူ့ဘဝအရသာကို အချိန်စောပြီး သူတို့ ခံစားသိမြင်စေသလို အရာရာ ခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။

၄။ ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို လက်ကိုင်ထားပါ။ ဒါဟာ အချစ်ကို ထာဝရလတ်ဆတ်စေသလို လူ့ဘဝကို ကြာရှည်ခံစေတဲ့အရာဖြစ်တယ်။

၅။ သားသမီးတွေကို အကောင်းဆုံးအရာမပေးနိုင်မှာကို စိတ်မပူပါနဲ့။ သူတို့အတွက် အကောင်းဆုံး”သင်”ကိုပဲ ပေးပါ။ ဒါဟာ သူတို့အလိုချင်ဆုံးအရာဖြစ်သလို သူတို့ရဲ့ အလိုအပ်ဆုံးလည်းဖြစ်ပါတယ်။

၆။ အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ ခံစားချက်ဖြစ်တယ်။ ဒါကြောင့် အမုန်းကို စိတ်ထဲ အဝင်မခံပါနဲ့။ ဒီနေ့အထိ လူတွေ တိုးပွားလာရတာဟာ အမုန်းကြောင့်မဟုတ်ဘဲ အချစ်ကြောင့်ဖြစ်ပါတယ်။

၇။ သက်ရှိတိုင်းက လေးစားထိုက်သူတွေပါ။ လေးစားမှုတွေ ရင်ဝယ်ပိုက်ပြီး သက်ရှိတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းဖို့ ဆန္ဒပြုရအောင်။

၈။ သူငယ်ချင်းကောင်းဆိုတာ သင်ရဲ့ကိုယ်ခွဲလေးပါ။ အဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်တာဟာ လူ့ဘဝခရီးလမ်းမှာ သင့်ကို အထီးမကျန်စေပါဘူး။

၉။ ကတိဆိုတာ နှလုံးသားတစ်ခုက အခြားနှလုံးသားတစ်ခုကို သစ္စာပြုတာဖြစ်တယ်။ ဒါကြောင့် ကတိတည်ပါစေ။

၁၀။ အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက်လိုအပ်တယ်။ တစ်..အသင့်တော်ဆုံးလူကို ရှာယူပါ။ နှစ်.. အသင့်တော်ဆုံးလူဖြစ်အောင် ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့ မဖြစ်ဘူးဆိုတာ မြဲမြဲမှတ်ပါ။

၁၁။ အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက်လိုအပ်တယ်။ တစ်..အသင့်တော်ဆုံးလူကို ရှာယူပါ။ နှစ်.. အသင့်တော်ဆုံးလူဖြစ်အောင် ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့ မဖြစ်ဘူးဆိုတာ မြဲမြဲမှတ်ပါ။

၁၂။ လျှပ်တစ်ပြက်အောင်မြင်ဖို့ အချိန်(၁၅)နှစ် လိုအပ်တယ်။ အောင်မြင်ခြင်းရဲ့ တောက်ပမူကိုသာမြင်ပြီး မအောင်မြင်ခင် ကြုံတွေ့ရတဲ့ အခက်ခဲတွေကို လျစ်လျူမရှူလိုက်နဲ့။ တစ်ကြိမ်အောင်မြင်ဖို့ ကျဆုံးခြင်းတွေ အများကြီး စုပုံရပါတယ်။

၁၃။ အားလပ်ရက်မှာ နေ့တစ်ဝက်လောက် အချိန်ခိုးပြီး အနားယူ အိပ်စက်ပါ။ နိုးလာတဲ့အခါ သင့်စိတ်ဟာ မွန်းလွဲနေရောင်ခြည်လို ကြည်လင်တောက်ပနေလိမ့်မယ်။

၁၄။ သင်မွေးနေ့မှာ သင်ကိုယ်တိုင် သစ်ပင်တစ်ပင်စိုက်ပါ။ သစ်ပင်ကို သင်နဲ့အတူ ရှင်သန်ကြီးထွားပါစေ။

၁၅။ ငယ်ရွယ်နုပျိုစဉ်မှာ ဓာတ်ပုံများများရိုက်ပါ။ အကောင်းဆုံးကာလကို ဘဝမှာ အမှတ်တရချန်ခဲ့ပါစေ။

၁၆။ တခြားသူက သင့်ကို ကတ် သို့မဟုတ် လက်ဆောင်ပေးတဲ့အခါ ကျေးဇူးတင်လွှာရေးပို့ဖို့ မမေ့ပါနဲ့။

၁၇။ ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။ သူတို့ကို သင်ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သူတို့သိပါစေ။

၁၈။ များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘဝမှာရှိတဲ့ နေ့ထူးနေ့မြတ်တိုင်းက သင့်ဘဝမှာစုဆောင်းမိတဲ့ အကောင်းဆုံး စည်းစိမ်ချမ်းသာတွေဖြစ်တယ်။

၁၉။ မသိတတ်၊ နားမလည်တတ်သူတွေအတွက် ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။

၂၀။ သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲထိုးထားတဲ့ ပန်းတစ်ပွင့်ဆိုရင်လည်း လှပနေပါစေ။

၂၁။ သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။

၂၂။ စွန့်စားခြင်းဆိုတာ ရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန့်စားခြင်းထဲကနေ အောင်မြင်တဲ့လူ့ဘဝကို ရှာယူပါ။

၂၃။ သင့်အကြိုက်ဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့သီချင်းဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညာဉ်ကို ကြည်လင်လန်းဆန်းပြီး နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

၂၄။ လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲဖြစ်ဖြစ် အရင်ဆုံးတောင်းပန်တတ်ဖို့ သင်ယူပါ။ “ဆောရီးပဲ.. နင့်ကို ဒေါသထွက်စေခဲ့ပြီ။ ငါ့ကိုခွင့်လွတ်ပါ”။ ဒါဟာ စိတ်ထိခိုက်တာကို ကုသတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။

၂၅။ တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင် ခွာပါစေ။ သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။

၂၆။ သိလိုစိတ်တွေ အမြဲပြင်းပြနေပါစေ။ “ဘာကြောင့်” ဆိုတာကို များများမေးပါ။ ဒါဟာ ထိုးထွင်းဖန်တီးနိုင်စွမ်းကို ဖြစ်စေပြီး ဘဝကို မညှိုးနွမ်း မခြောက်သွေ့စေတဲ့ ရင်းမြစ်ဖြစ်တယ်။

၂၇။ အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။
အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။

၂၈။ အနာဂတ်မှာ ဖြစ်ပျက်လာမယ့်အကြောင်းကို စိုးရိမ်ပူပန်လွန်ပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွတ်မိစေနဲ့။ ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုးရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။

၂၉။ အိမ်၊ အမေကို မကြာခဏ ဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညင်းပန်းမှုဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း ချစ်ကြောင်းကိုတခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်းပါပဲ။

၃၀။ အချစ်အတွက်နဲ့ လက်ထပ်ပါ။ အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။ လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။

၃၁။ အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာရပ်နေတဲ့ လှေငယ်လေးလိုဖြစ်တယ်။ အေးဆေးသက်သာရပ်နေပြီး မလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။

၃၂။ နေ့ရက်တွေကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်ပါ။ ရိုးရှင်းတာက ဘဝကို ပိုလက်တွေ့ကျစေသလို တန်ဖိုးအရှိဆုံးလည်းဖြစ်တယ်။

၃၃။ ခွေးတစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရစ္ဆာန်ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။ သက်ရှိတစ်ခုကို ဘယ်လို တန်ဖိုးထား ဂရုစိုက်ရမယ်ဆိုတာကို သင်နား လည်လာလိမ့်မယ်။

Ref; lifehacks

 

121 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.