ပိုက်ဆံသေချာစုဖြစ်မဲ့ နည်းလမ်းကောင်းများ
[ Unicode ]
ပိုက်ဆံကို အောင်မြင်အောင် စုဆောင်းနိုင်ဖို့ ပိုက်ဆံစုနည်း နည်းလမ်းကောင်းတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ဒီစာလေး ဖတ်ပြီး ပိုက်ဆံကို အောင်မြင်အောင် စုနိုင် ဆောင်းနိုင်ပါစေ။
(၁) အိမ်မှာပဲ ထမင်းချက်စားပါ၊ ဆိုင်မှာ မစားပါနဲ့။
(၂) ကော်ဖီသောက်တတ်ရင်လည်း ရုံးမှာ၊ အိမ်မှာပဲ အထုပ်ဖျော်သောက်ပါ။ ဆိုင်မှာ မသောက်ပါနဲ့။
(၃) ဈေးဝယ်မသွားခင် ဈေးစာရင်း ရေးပြီး ဝယ်ပါ။
(၄) လူသုံးကုန်၊ စားသောက်ကုန်တွေကို အများကြီး မဝယ်ပါနဲ့။ ဝယ်ထားပြီးသား ပစ္စည်းတွေကိုလည်း သုံးစွဲရက် မကျော်ခင် သုံးပါ။
(၅) အရည်အသွေးကောင်း၊ ထုပ်ပိုးမှု ပုံစံမြင့် ပစ္စည်းတွေထက် အရည်အသွေးကောင်း ပစ္စည်းတွေသာ ဝယ်ယူသုံးစွဲပါ။ ထုပ်ပိုးမှု စရိတ်တွေက ပစ္စည်းတန်ကြေးကို မြင့်တက်စေရုံသက်သက်ဆိုတာ နားလည်ပါ။
(၆) အကြွေးရှိရင် ပိုက်ဆံ မစုခင် အကြွေးအရင်ဆပ်ပါ။ နောက်မှ စုပါ။
(၇) ပေးဆောင်ဖို့ရှိတဲ့ အခွန်တွေကိုလည်း အချိန်မီ ပေးဆောင်ပါ။ အပိုကြေး၊ ဒဏ်ကြေး မပေးရအောင် နေပါ။
(၈) ATM Cardသုံးသူတွေက ကိုယ်အပ်ထားတဲ့ ဘဏ်ရဲ့ ATMစက်မှာ ပဲ ငွေထုတ်ပါ။ တခြားသော ဘဏ်တွေက ATMတွေမှာ ထုတ်ရင် အပိုကြေး ပေးဆောင်ရတတ်ပါတယ်။
(၉) စာအုပ်တွေ ဝယ်စုတာနဲ့ စာရင် စာအုပ်တွေ ငှားဖတ်ပါ။
(၁၀) စာအုပ်ဝယ်တော့မယ်ဆိုရင်လည်း ဘယ်လောက် ကိုယ့်အတွက် ဘယ်လောက် အသုံးဝင်မလဲ သေချာ စဉ်းစားပြီးမှ ဝယ်ပါ။
(၁၁) ဈေးကြီးတဲ့ အရာတွေ မဝယ်ခင်တိုင်း ဈေးမေးပါ။ ဖြစ်နိုင် ရင် ဈေးဝယ်တိုင်း ဈေးနှုန်း ကြိုမေးပါ။
(၁၂) ကိုယ့်ရဲ့ ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာတွေကို ပြုပြင် ထိန်းသိမ်းခြင်းတွေ ပုံမှန် လုပ်ဆောင်ပါ။
(၁၃) လျှပ်စစ်မီးကို တတ်နိုင်သလောက် ချွေတာ သုံးစွဲပါ။
(၁၄) အပန်းဖြေ ခရီး မကြာခဏ မထွက်ပါနဲ့။
Ref; lifehacks
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.