ေျပာင္းဖူးေၾကာင့္ ရရွိလာမဲ့ အရာမ်ား

ေျပာင္းဖူး ကို စားေပးရင္ ဘယ္လိုျဖစ္ႏုိင္မလဲ။ ဘယ္အမ်ိဳးအစားေျပာင္းဖူးကိုပဲ စားစား ရရွိလာမဲ့ က်န္းမာေရး အာနိသင္မ်ားကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ ဖတ္ၾကည့္လိုက္ပါဦး။

၁။ ႏွလံုးေသြးေၾကာဆိုင္ရာ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္
ေျပာင္းဖူးမွာ ဗီတာမင္ B9 လို႔ေခၚ တဲ့ ေဖာလိတ္ပါဝင္မႈေၾကာင့္ ႏွလံုးက်န္း မာေရးကို တိုးတက္ေကာင္းမြန္ေစပါ တယ္။ ေဖာလိတ္ဓာတ္ပါတဲ့ အစားအ စာကို မ်ားမ်ားစားတာေၾကာင့္ ႏွလံုး ေသြးေၾကာဆိုင္ရာ ေရာဂါ၊ ေလျဖတ္ တာနဲ႔ ႏွလံုးေရာဂါထတာေတြရဲ႕ ျဖစ္ႏိုင္ ေျခကို ေလ်ာ့က်ေစပါတယ္။

၂။ ကင္ဆာေရာဂါကို ကာကြယ္ေပးပါတယ္
ေျပာင္းဖူးရဲ႕ ေနာက္ထပ္ က်န္းမာ ေရးအက်ိဳးေက်းဇူးတစ္ရပ္က အဆုတ္ ကင္ဆာကို ကာကြယ္ေပးတာပါ။ ေျပာင္း ဖူးမွာ Beta Cryptoxanthin ပါဝင္တာ ေၾကာင့္ အဆုတ္ကင္ဆာျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။ ေဆးလိပ္ေသာက္ တဲ့သူေတြဟာ ေျပာင္းဖူးကို ပံုမွန္စားေပး ရင္ အဆုတ္ကင္ဆာျဖစ္ႏႈန္း ၃၇ ရာခိုင္ ႏႈန္း ေလ်ာ့က်ေစပါတယ္။

၃။ မွတ္ဥာဏ္ကို အားေကာင္းေစပါတယ္
ေျပာင္းဖူးမွာ သိုင္ယာမင္း ဒါမွမ ဟုတ္ ဗီတာမင္ B1 ပါဝင္တာေၾကာင့္ မွတ္ဥာဏ္အစြမ္းကို ေကာင္းမြန္ေစပါ တယ္။ ဒီအာဟာရဟာ ဦးေႏွာက္ဆဲလ္ ေတြကို အားေကာင္းေစၿပီး ေတြးေခၚႏိုင္ တဲ့ လုပ္ငန္းေဆာင္တာကို တိုးတက္ေစ ပါတယ္။ ေျပာင္းဖူးဟာ အယ္လ္ဇိုင္းမား ေရာဂါျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။

၄။ အျမင္အာ႐ံုကို ကာကြယ္ေပးပါတယ္
ေျပာင္းဖူးမွာ ဘီတာကယ္႐ိုတင္း၊ ေဖာလိတ္နဲ႔ အင္တီေအာက္ဆီးဒင့္ ဇီဇန္ သင္းတို႔ မ်ားစြာ ပါဝင္ပါတယ္။ ဒီအာဟာရဓာတ္ေတြက မက္ကူလာယိုယြင္း ပ်က္စီးမႈလိုမ်ိဳး မ်က္စိေရာဂါေတြ မျဖစ္ ေအာင္ ကာကြယ္ေပးပါတယ္။

၅။ ေရာင္ရမ္းမႈကို ေလ်ာ႕က်ေစပါတယ္
ေျပာင္းဖူးမွာFerulic Acid မ်ားစြာ ပါဝင္ပါတယ္။ ဒါက အင္တီေအာက္ဆီး ဒင့္တစ္မ်ိဳးျဖစ္တာေၾကာင့္ ခႏၶာကိုယ္ တြင္း ေရာင္ရမ္းမႈ၊ အိုမင္းမႈနဲ႔ ကင္ဆာ ေရာဂါတခ်ိဳ႕အမ်ိဳးအစားေတြကို မျဖစ္ ေအာင္ ကာကြယ္ေပးပါတယ္။

၆။ ေသြးတြင္း ကိုလက္စထေရာကို ေလ်ာ႕ က်ေစပါတယ္
ေျပာင္းဖူးတစ္ခြက္စာ ပမာဏမွာ တစ္ေန႔တာ လိုအပ္တဲ့ အမွ်င္ဓာတ္ ၁၈ ဒသမ ၄ ရာခိုင္ႏႈန္း ပါဝင္ေနပါတယ္။ အမွ်င္ဓာတ္ ပါဝင္မႈ ျမင့္မားတာက ေျပာင္းဖူးရဲ႕ အႀကီးမားဆံုး အက်ိဳးေက်း ဇူးတစ္ရပ္ျဖစ္ပါတယ္။ အမွ်င္ဓာတ္က ေသြးတြင္း ကိုလက္စထေရာအဆင့္ကို ေလ်ာ့က်ေစၿပီး အူမႀကီးကင္ဆာ ျဖစ္ႏိုင္ ေျခကို ေလ်ာ့က်ေစပါတယ္။ အမွ်င္ ဓာတ္ဟာ ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိသူေတြ မွာ ေသြးတြင္းသၾကားဓာတ္ ပမာဏကို ေလ်ာ့က်ေစပါတယ္။

*ဂ႐ုစိုက္ရန္

ေလ့လာမႈအရ ေျပာင္းဖူးဟာ သစ္ သီးေတြနဲ႔ ဟင္းသီးဟင္းရြက္အမ်ားစု ထက္ အာဟာရဓာတ္ ပိုမိုပါဝင္ပါတယ္။ လူအမ်ားစုဟာ ေျပာင္းဖူးထဲကို အဆီ၊ ဆားနဲ႔ သၾကားေတြ ထည့္ၿပီး ခ်က္ျပဳတ္ စားေသာက္ၾကပါတယ္။ ေျပာင္းဖူးကို ျပဳတ္ၿပီး သုပ္စားတာ ဒါမွမဟုတ္ စြပ္ ျပဳတ္ ျပဳတ္ေသာက္တာေတြက က်န္းမာေရးနဲ႔ ပိုညီညြတ္ပါတယ္။

[ Unicode ]

ပြောင်းဖူး ကို စားပေးရင် ဘယ်လိုဖြစ်နိုင်မလဲ။ ဘယ်အမျိုးအစားပြောင်းဖူးကိုပဲ စားစား ရရှိလာမဲ့ ကျန်းမာရေး အာနိသင်များကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

၁။ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ပြောင်းဖူးမှာ ဗီတာမင် B9 လို့ခေါ် တဲ့ ဖောလိတ်ပါဝင်မှုကြောင့် နှလုံးကျန်း မာရေးကို တိုးတက်ကောင်းမွန်စေပါ တယ်။ ဖောလိတ်ဓာတ်ပါတဲ့ အစားအ စာကို များများစားတာကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ၊ လေဖြတ် တာနဲ့ နှလုံးရောဂါထတာတွေရဲ့ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။

၂။ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်
ပြောင်းဖူးရဲ့ နောက်ထပ် ကျန်းမာ ရေးအကျိုးကျေးဇူးတစ်ရပ်က အဆုတ် ကင်ဆာကို ကာကွယ်ပေးတာပါ။ ပြောင်း ဖူးမှာ Beta Cryptoxanthin ပါဝင်တာ ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဆေးလိပ်သောက် တဲ့သူတွေဟာ ပြောင်းဖူးကို ပုံမှန်စားပေး ရင် အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင် နှုန်း လျော့ကျစေပါတယ်။

၃။ မှတ်ဉာဏ်ကို အားကောင်းစေပါတယ်
ပြောင်းဖူးမှာ သိုင်ယာမင်း ဒါမှမ ဟုတ် ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဉာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။ ဒီအာဟာရဟာ ဦးနှောက်ဆဲလ် တွေကို အားကောင်းစေပြီး တွေးခေါ်နိုင် တဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေ ပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

၄။ အမြင်အာရုံကို ကာကွယ်ပေးပါတယ်
ပြောင်းဖူးမှာ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နဲ့ အင်တီအောက်ဆီးဒင့် ဇီဇန် သင်းတို့ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက မက်ကူလာယိုယွင်း ပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။

၅။ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
ပြောင်းဖူးမှာFerulic Acid များစွာ ပါဝင်ပါတယ်။ ဒါက အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ် အောင် ကာကွယ်ပေးပါတယ်။

၆။ သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေပါတယ်
ပြောင်းဖူးတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေး ဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။ အမျှင် ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။

*ဂရုစိုက်ရန်

လေ့လာမှုအရ ပြောင်းဖူးဟာ သစ် သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစု ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ လူအများစုဟာ ပြောင်းဖူးထဲကို အဆီ၊ ဆားနဲ့ သကြားတွေ ထည့်ပြီး ချက်ပြုတ် စားသောက်ကြပါတယ်။ ပြောင်းဖူးကို ပြုတ်ပြီး သုပ်စားတာ ဒါမှမဟုတ် စွပ် ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။

Ref; goodhealth

 

833 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.