ပေါင်မုန့်အသားကပ်ပူပူမွှေးမွှေးကြော်နည်း
ပါဝင်သောပစ္စည်းများ
ချက်ပြုတ်နည်း
[ Unicode ]
ကော်ဖီလေးနဲ့ တော်ကီပစ်ရင်း ဆွဲဖို့ အဆာပြေ စားစရာ ပေါင်မုန့်အသားကပ်ကြော်မွှေးမွှေးလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ပေါင်မုန့် (Bread)- ၅ချပ်
၂။ ဝက်သား (Pork) ( သို့ ) နှစ်သက်ရာအသား – ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းထားပါ)
၃။ ကြက်ဥ (Egg)- ၁လုံး (ခလောက်ထားပါ)
၄။ ခရုဆီ (Oyster Sauce)- စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ပဲငံပြာရည် အကြည် (Light Soy Sauce)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ဆား (salt)- လက်ဖက်ရည်ဇွန်း ၂ဇွန်း
၇။ သကြား (Sugar)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် (Black pepper)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ တရုတ်နံနံပင် (Spring Cilantro)
ဆော့အတွက် ပါဝင်ပစ္စည်းများ
၁။ သခွားသီး – တဝက် (ပါးပါးအရှည်လှီးပါ)
၂။ ကြက်သွန်မြိတ် – ၁ခု (ပါးပါးလှီးပါ) (ပါးပါးလှီးပါ)
၃။ ငရုတ်သီးတောင့်ပွ(အရှည်) – ၁ခု(ပါးပါးအဝိုင်းလှီးပါ)
၄။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၅။ ဆား – လက်ဖက်ရည်ဇွန်း တဝက်
၆။ ဗီနီဂါ – စားပွဲတင်ဇွန်း ၁ဇွန်း
၇။ ရေနွေး – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပေါင်မုန့်၁ချပ်ချင်းဆီကို ၄ပိုင်းပိုင်းလိုက်ပါ
၂။ ပြီလျှင် ကျန် ပါဝင်ပစ္စည်းများ ဖြစ်သော (ဝက်သား၊ ကြက်ဥ၊ ခရုဆီ၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ တရုတ်နံနံပင်) အားလုံးတို့ကို ဇလုံတစ်ခုထဲတွင် ရောနုယ်လိုက်ပါ။
၃။ ထို့နောက် ပေါင်မုန့်ပေါ်သို့ နုယ်ထားသော ဝက်သားများကို ပုံတွင် ပါသည့်အတိုင်း ကပ်လိုက်ပါ။
၄။ ပြီနောက် ဒယ်ထဲ ဆီများများထည့်၍ ဆီပူလာလျှင် ဝက်သားကပ်ထားသည့် ဘက်သို့ အရင်ကြော်ပြီ ကျက်လျှင် နောက်တစ်ဘက်သို့ ပြန်လှန်ပေးပါ။
၅။ နီညှိုရောင်သန်းလာလျှင် ပေါင်မုန့်လေးများကို ပြန်ဆယ်ပေးပြီ ဆီစုတ်စက္ကူပေါ်တွင် တင်ပေးထားပါ။
၆။ ထိုနည်းအတိုင်း ကျန်ပေါင်မုန့်များကို ဆက်ကြော်ပေးပါ။
၇။ ပေါင်မုန့် ဝက်သားကပ်ကြော်လေးများ ရပြီ ဆိုလျှင် ဆော့ပြုလုပ်ပါ့မယ်။
၈။ ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ သကြား၊ ဗီနီဂါ၊ ရေနွေး)တို့ကို ခွက်တစ်ခုထဲ ရောမွှေလိုက်ပါ။
၉။ ပြီမှ သခွားသီး၊ ငရုတ်ပွတောင့်၊ ကြက်သွန်မြိတ်ထည့်ထားသော ခွက်ထဲသို့ လောင်းထည့်ခြင်းဖြင့် ဆော့ရရှိပါပြီ။
ခုဆိုရင်တော့ ပူမွှေးနေတဲ့ ပေါင်မုန့်အသားကပ်ကြော်လေးကို ဆော့စ်နဲ့ တွဲပြီး သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood
399 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.