ေရခဲသုပ္ေအးေအးေလး ျပဳလုပ္နည္း

ေနပူပူမွာ ရင္ထဲကို ေအးျမသြားမဲ့ ေမႊးျမခ်ိဳဆိမ့္ေနတဲ့ ေရခဲသုပ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ပစၥည္းမ်ား
၁။ ေရခဲျခစ္(သုိ႔)ေျခထားေသာ ေရခဲ – ၂ခြက္
၂။ ႏြားႏုိ႔(သုိ႔)အုန္းႏုိ႔ – စားပြဲတင္ဇြန္း ၄ဇြန္း
၃။ Red bean (သုိ႔) black bean – စားပြဲတင္ဇြန္း ၂ဇြန္း ( မထည့္လည္း ရ )
၄။ ေက်ာက္ေက်ာ – ၁ဘူး (အတံုးေသးမ်ား တံုးထားပါ)
၅။ မုန္႔လက္ေဆာင္းဖတ္ – ၁ခြက္
၆။ သာကူေစ႔ – ခြက္ ၁ခြက္
၇။ ေျမပဲ – စားပြဲတင္ဇြန္း ၂ဇြန္း (မညက္တညက္ေထာင္းထားေပးပါ)
၈။ ႏုိ႔စိမ္း (သုိ႔) ႏုိ႔ဆီ – စားပြဲတင္ဇြန္း ၃ဇြန္း
၉။ ဖရုံယုိ – စားပြဲတင္ဇြန္း၂ဇြန္း (အတံုးေသးမ်ား တံုးပါ)
၁၀။ နာနတ္ယို – စားပြဲတင္ဇြန္း ၁ဇြန္း

သၾကားရည္တြင္ ပါ၀င္ပစၥည္းမ်ား
၁။ အနီေရာင္ဆုိးေဆးအရည္ – လက္ဖက္ရည္ဇြန္း တ၀က္
၂။ သၾကား – စားပြဲတင္ဇြန္း ၆ဇြန္း
၃။ ေရ – စားပြဲတင္ဇြန္း ၃ဇြန္း

ျပင္ဆင္နည္း
၁။ အရင္ဆံုး သာကူၾကိဳရန္ ဒယ္အုိးထဲ ေရတ၀က္ထည္႔ျပီ ေရဆူလာလွ်င္ သာကူေစ႔မ်ားထည္႔ျပီ ေရာေမႊေပးပါ။
၂။ သာကူကို မီးအတင္႔သင္႔ျဖင္႔ သာကူမ်ား မကပ္သြားေအာင္ ေမႊေပးရပါမည္။
၃။ သာကူေစ႔ အလယ္အစံမ်ား ေပ်ာက္သြားလွ်င္ မီးပိတ္လုိက္ျပီ အနီေရာင္ဆုိးေဆးရည္(၄စက္)ခန္႔ ေလာင္းထည္႔ကာ ေရာေမႊေပးပါ။
၄။ သာကူေစ႔မ်ား အနီေရာင္ေျပာင္းသြားလွ်င္ ဇကာျဖင္႔ ျပန္စစ္ထားျပီ ပန္းကန္ထဲ ေျပာင္းထည္႔ထားပါ။
၅။ ျပီေနာက္ သၾကားရည္အတြက္ ပါ၀င္ပစၥည္းမ်ား ျဖစ္ေသာ (အနီေရာင္ဆုိးေဆးရည္၊ သၾကား၊ ေရ)တုိ႔ကုိ သၾကားအရည္ေပ်ာ္သည္အထိ ေရာေမႊေပးပါ။

ေရခဲသုပ္ ျပဳလုပ္နည္း
၁။ အရင္ဆံုး ေရခဲျခစ္(သုိ႔)ေျခထားေသာ ေရခဲမ်ားကို ပန္းကန္ထဲ ထည္႔လုိက္ပါ။
၂။ ျပီမွ ေရခဲေပၚသို႔ ႏြားႏုိ႔၊ သၾကားရည္၊ ႏုိ႔စိမ္း(သုိ႔)ႏုိ႔ဆီ ဆမ္းေပးပါ။
၃။ ျပီေနာက္ အေပၚမွ မုန္႔လက္ေဆာင္ဖတ္၊ ေက်ာက္ေက်ာ၊ အနီေရာင္ပဲ၊ သာကူ၊ ဖရုံယုိ ႏွင္႔ ေျမပဲ၊ နာနတ္ယိုမ်ား တင္ေပးပါ။ ပိုအရသာရွိေအာင္ ႏွစ္သက္တဲ့ သစ္သီးေတြအျပင္ ေရခဲမုန္႔ကိုလည္း ထည့္ေပးႏုိင္ပါတယ္။

ခုဆိုရင္ေတာ့ ေႏြပူပူမွာ ရင္ထဲကို ေအးျမမဲ့ ေရခဲျခစ္ေလး သံုးေဆာင္ႏုိင္ပါၿပီေနာ္။

[ Unicode ]

နေပူပူမှာ ရင်ထဲကို အေးမြသွားမဲ့ မွှေးမြချိုဆိမ့်နေတဲ့ ရေခဲသုပ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ရေခဲခြစ်(သို့)ခြေထားသော ရေခဲ – ၂ခွက်
၂။ နွားနို့(သို့)အုန်းနို့ – စားပွဲတင်ဇွန်း ၄ဇွန်း
၃။ Red bean (သို့) black bean – စားပွဲတင်ဇွန်း ၂ဇွန်း ( မထည့်လည်း ရ )
၄။ ကျောက်ကျော – ၁ဘူး (အတုံးသေးများ တုံးထားပါ)
၅။ မုန့်လက်ဆောင်းဖတ် – ၁ခွက်
၆။ သာကူစေ့ – ခွက် ၁ခွက်
၇။ မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက်ထောင်းထားပေးပါ)
၈။ နို့စိမ်း (သို့) နို့ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
၉။ ဖရုံယို – စားပွဲတင်ဇွန်း၂ဇွန်း (အတုံးသေးများ တုံးပါ)
၁၀။ နာနတ်ယို – စားပွဲတင်ဇွန်း ၁ဇွန်း

သကြားရည်တွင် ပါဝင်ပစ္စည်းများ
၁။ အနီရောင်ဆိုးဆေးအရည် – လက်ဖက်ရည်ဇွန်း တဝက်
၂။ သကြား – စားပွဲတင်ဇွန်း ၆ဇွန်း
၃။ ရေ – စားပွဲတင်ဇွန်း ၃ဇွန်း

ပြင်ဆင်နည်း
၁။ အရင်ဆုံး သာကူကြိုရန် ဒယ်အိုးထဲ ရေတဝက်ထည့်ပြီ ရေဆူလာလျှင် သာကူစေ့များထည့်ပြီ ရောမွှေပေးပါ။
၂။ သာကူကို မီးအတင့်သင့်ဖြင့် သာကူများ မကပ်သွားအောင် မွှေပေးရပါမည်။
၃။ သာကူစေ့ အလယ်အစံများ ပျောက်သွားလျှင် မီးပိတ်လိုက်ပြီ အနီရောင်ဆိုးဆေးရည်(၄စက်)ခန့် လောင်းထည့်ကာ ရောမွှေပေးပါ။
၄။ သာကူစေ့များ အနီရောင်ပြောင်းသွားလျှင် ဇကာဖြင့် ပြန်စစ်ထားပြီ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။
၅။ ပြီနောက် သကြားရည်အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (အနီရောင်ဆိုးဆေးရည်၊ သကြား၊ ရေ)တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။

ရေခဲသုပ် ပြုလုပ်နည်း
၁။ အရင်ဆုံး ရေခဲခြစ်(သို့)ခြေထားသော ရေခဲများကို ပန်းကန်ထဲ ထည့်လိုက်ပါ။
၂။ ပြီမှ ရေခဲပေါ်သို့ နွားနို့၊ သကြားရည်၊ နို့စိမ်း(သို့)နို့ဆီ ဆမ်းပေးပါ။
၃။ ပြီနောက် အပေါ်မှ မုန့်လက်ဆောင်ဖတ်၊ ကျောက်ကျော၊ အနီရောင်ပဲ၊ သာကူ၊ ဖရုံယို နှင့် မြေပဲ၊ နာနတ်ယိုများ တင်ပေးပါ။ ပိုအရသာရှိအောင် နှစ်သက်တဲ့ သစ်သီးတွေအပြင် ရေခဲမုန့်ကိုလည်း ထည့်ပေးနိုင်ပါတယ်။

ခုဆိုရင်တော့ နွေပူပူမှာ ရင်ထဲကို အေးမြမဲ့ ရေခဲခြစ်လေး သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

455 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.