ဝက္စတူးအိအိေလး ျပဳလုပ္နည္း

ႏူးညံံ့ခ်ိဳေမႊးေနၿပီး ဘယ္ေလာက္စားစား စားမဝတဲ့ ဝက္စတူးအိအိေလး ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ေသာပစၥည္းမ်ား
၁။ ၀က္သား၃ထပ္သား – ၄၀က်ပ္သား
၂။ ခရုဆီ – စားပြဲတင္ဇြန္း ၂ဇြန္း
၃။ ပ်ားရည္ – စားပြဲတင္ဇြန္း ၃ဇြန္း
၄။ ပဲငံျပာရည္ အေနာက္ – စားပြဲတင္ဇြန္း ၂ဇြန္း
၅။ ရွာလကာရည္ – စားပြဲတင္ဇြန္း ၁ဇြန္း
၆။ နာနတ္ပြင္႔ – ၂ခု
၇။ မွုိေျခာက္ပြင္႔အမဲ – ၇ခု (အတံုးေလးမ်ား တံုးေပးပါ) (ေရေႏြးျဖင္႔ ျပဳတ္ေပးပါ)
၈။ ေကာ္မွုန္႔
၉။ မုန္ညွင္း – ၂စည္း (ေရေႏြးျဖင္႔ ေဖ်ာ္ေပးပါ)

ခ်က္ျပဳတ္နည္း
၁။ ၀က္သံုးထပ္သား မ်ားကို အတံုးၾကီးၾကီး တံုးပါ။ ၀က္သားကို ဆူးျဖင္႔ထုိးေပးပါ။
၂။ ျပီးလွ်င္ ၀က္သံုးထပ္သားအားလံုးကို ( ဆား(လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ၾကက္သားမွုန္႔ (လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ သၾကား (လက္ဖက္ရည္ဇြန္း ၂ဇြန္း)၊ ခရုဆီ၊ ပဲငံျပာရည္အေနာက္၊ ပ်ားရည္၊ ရွာလကာရည္၊ နတ္နတ္ပြင္႔ ) ထည္႔ေရာနယ္ေပးျပီး ၃နာရီခန္႔ ေရခဲေသတၱာထဲတြင္ နုပ္ထားေပးပါ။
၃။ မခ်က္ခင္ ေရခဲေသတၱာထဲမွ နာရီ၀က္ခန္႔ ၾကိဳထုတ္ထားပါ။
၄။ ျပီးမွ ဒယ္ထဲ ဆီ(စားပြဲတင္ဇြန္း ၃ဇြန္း) ထည႔္ နုယ္ထားေသာ ၀က္သံုးထပ္သားကို ထည္႔ေမြွေပးပါ။
၄။ ဆီျပန္လွ်င္ ေရကို ၀က္သံုးထပ္သားျမုပ္သည္အထိထည္႔ မီးျပင္းျပင္းျဖင္႔တည္ထားေပးပါ။ ေရခန္းျပီး ဆီျပန္လာလွ်င္ မွုိေျခာက္ပြင္႔အမဲမ်ား ထည္႔ေမြွေပးပါ။ ၃ၾကိမ္ခန္႔ ေရထပ္ထည္႔ျပီး တည္ေပးပါ။
၅။ ၀က္သံုးထပ္သားနူးအိလာျပီး ဆီျပန္လာျပီးဆိုလွ်င္ ေဆာ႔ရည္အနည္းငယ္ခ်န္၍ မီးပိတ္လိုက္ပါ။
၆။ ၀က္သံုးထပ္သားကို ပါးပါးလွီးျပီး ပန္းကန္ျပားၾကီးၾကီးေပၚတြင္ စီထည္႔လိုက္ပါ။ ျပီးလွ်င္ မွုိေျခာက္မ်ားကို အေပၚမွ စီထည္႔ပါ။
၇။ ျပီးလွ်င္ ေဆာ႔ရည္ကို ျပြက္ျပြက္ဆူေအာင္တည္ျပီး ေကာ္ရည္၁ဇြန္းကို ေရျဖင္႔ေဖ်ာ္၍ ဒယ္ထဲထည္႔ေပးျပီး ေမြွေပးပါ။
၈။ ၀က္သံုးထပ္သားထည္႔ထားေသာ ပန္းကန္ျပားထဲသို႔ မွုိေျခာက္တံုးမ်ားထည္႔လိုက္ပါ။
၉။ ျပီးေနာက္ ေဆာ႔ရည္မ်ားကို ေလာင္းခ်လိုက္ပါ။
၁၀။ ျပီးလွ်င္ မုန္ညွင္းမ်ားကို ပန္းကန္ေဘးတြင္ စီထားလိုက္ပါ။

ခုဆိုရင္ေတာ့ ႏူးည့့ံခ်ိဳေမႊးအိေနတဲ့ ဝက္စတူးေလးကို သံုးေဆာင္ႏုိင္ပါၿပီေနာ္။

[ Unicode ]

နူးညံံ့ချိုမွှေးနေပြီး ဘယ်လောက်စားစား စားမဝတဲ့ ဝက်စတူးအိအိလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဝက်သား၃ထပ်သား – ၄၀ကျပ်သား
၂။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၄။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၂ဇွန်း
၅။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ နာနတ်ပွင့် – ၂ခု
၇။ မှိုခြောက်ပွင့်အမဲ – ၇ခု (အတုံးလေးများ တုံးပေးပါ) (ရေနွေးဖြင့် ပြုတ်ပေးပါ)
၈။ ကော်မှုန့်
၉။ မုန်ညှင်း – ၂စည်း (ရေနွေးဖြင့် ဖျော်ပေးပါ)

ချက်ပြုတ်နည်း
၁။ ဝက်သုံးထပ်သား များကို အတုံးကြီးကြီး တုံးပါ။ ဝက်သားကို ဆူးဖြင့်ထိုးပေးပါ။
၂။ ပြီးလျှင် ဝက်သုံးထပ်သားအားလုံးကို ( ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့် ) ထည့်ရောနယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။
၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။
၄။ ပြီးမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် နုယ်ထားသော ဝက်သုံးထပ်သားကို ထည့်မွှေပေးပါ။
၄။ ဆီပြန်လျှင် ရေကို ဝက်သုံးထပ်သားမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် မှိုခြောက်ပွင့်အမဲများ ထည့်မွှေပေးပါ။ ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။
၅။ ဝက်သုံးထပ်သားနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။
၆။ ဝက်သုံးထပ်သားကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးလျှင် မှိုခြောက်များကို အပေါ်မှ စီထည့်ပါ။
၇။ ပြီးလျှင် ဆော့ရည်ကို ပြွက်ပြွက်ဆူအောင်တည်ပြီး ကော်ရည်၁ဇွန်းကို ရေဖြင့်ဖျော်၍ ဒယ်ထဲထည့်ပေးပြီး မွှေပေးပါ။
၈။ ဝက်သုံးထပ်သားထည့်ထားသော ပန်းကန်ပြားထဲသို့ မှိုခြောက်တုံးများထည့်လိုက်ပါ။
၉။ ပြီးနောက် ဆော့ရည်များကို လောင်းချလိုက်ပါ။
၁၀။ ပြီးလျှင် မုန်ညှင်းများကို ပန်းကန်ဘေးတွင် စီထားလိုက်ပါ။

ခုဆိုရင်တော့ နူးညံ့ချိုမွှေးအိနေတဲ့ ဝက်စတူးလေးကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

4K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.