မနက္အိပ္ရာႏိုးခ်ိန္ အလွဆံုးျဖစ္ေနေအာင္

အလွအပ ႀကိဳက္သူတိုင္း ျပဳလုပ္သင့္တဲ့ အသားအေရ ထိန္းသိမ္းမႈနဲ႔ အေရျပား က်န္းမာေစမယ့္ နည္းလမ္းေလးေတြပါ။ နံနက္အိပ္ရာႏုိးခ်ိန္ အလွဆံုးျဖစ္ေနဖို႔ လုပ္ၾကည့္လိုက္ရေအာင္ေနာ္။

၁။ ညဘက္မ်က္ႏွာသစ္ပါ
အညစ္အေၾကးနဲ႔ အဆီေတြက ေခၽြးေပါက္ေတြကို ပိတ္ေစတာေၾကာင့္ ၾကာလာတဲ့အခါမွာ ဝက္ၿခံေတြ ထြက္လာပါေတာ့တယ္။ အိပ္ရာဝင္ခါနီးတိုင္း မ်က္ႏွာကို မိတ္ကပ္ဖ်က္ေဆးနဲ႔ ညင္သာစြာ ပြတ္လိုက္ၿပီး ဂြမ္းဖက္ေလးနဲ႔ သန္႔စင္ၿပီးမွ မ်က္ႏွာသစ္ေဆးနဲ႔ သန္႔စင္လိုက္ပါ။ အဆီကို အေျခခံတဲ့ မိတ္ကပ္ဖ်က္ေဆးေတြက ေရစိုခံမိတ္ကပ္နဲ႔ မ်က္ေတာင္ ဆိုးေဆးေတြကိုပါ အလြယ္တကူ ပ်က္ေစႏိုင္ပါတယ္။ သန္႔စင္ၿပီးတဲ့ သင့္မ်က္ႏွာေပၚမွာ Night Cream ဒါမွမဟုတ္ Mosturizer Cream လိမ္းၿပီး အိပ္ရာဝင္လိုက္ပါ။ မနက္ႏိုးခ်ိန္ ၾကည္လင္တဲ့ မ်က္ႏွာေလးကို ေတြ႕ရပါလိမ့္မယ္။

၂။ ေကာ္လာဂ်င္အားျဖည့္ပါ
ေကာ္လာဂ်င္ပါဝင္တဲ့ အားျဖည့္ေဆးျဖစ္ေစ၊ အလွကုန္ပစၥည္းျဖစ္ေစ အသံုးျပဳေပးပါ။ ေကာ္လာဂ်င္ဟာ သင့္အေရျပားကို အားျဖည့္ေပးႏိုင္တဲ့ အာဟာရဓာတ္ပါပဲ။ ဗီတာမင္ေအ ပါဝင္တဲ့ အေရျပား လိမ္းပစၥည္းပါဝင္တဲ့ အလွကုန္ေတြက သင့္အေရျပားကို ေတာက္ေျပာင္ေနေစၿပီး အစက္အေျပာက္ ကင္းေစပါတယ္။

၃။ Eye Cream လိမ္းပါ
ဗီတာမင္ ေအ၊ စီ၊ အီးနဲ႔ အီးပါဝင္တဲ့ မ်က္လံုးလိမ္းတဲ့ ခရင္မ္ေတြကို လိမ္းေပးပါ။ မ်က္လံုးတစ္ဝိုက္က အေရျပားဟာ သင့္ခႏၶာကိုယ္ တစ္ခုလံုးက အေရျပားထက္ ပိုၿပီး ပါးလႊာပါတယ္။ အေရးေၾကာင္းေတြ ျဖစ္လြယ္ၿပီး၊ မ်က္ကြင္းညိဳတာမ်ဳိးေတြ ေပ်ာက္ေစဖို႔ ေဖာ္ျပပါ ဗီတာမင္ေတြ ပါဝင္တဲ့ Eye Cream မ်ဳိးကို ညတိုင္းလိမ္းၿပီး အိပ္ရာဝင္ပါ။

၄။ အိပ္စက္မႈပံုစံ
ေဘးတေစာင္းအိပ္တာနဲ႔ ေမွာက္အိပ္တာမ်ဳိးက မ်က္ႏွာကို ေဖာင္းအစ္ေနတယ္ဆိုေပမယ့္ အသား အေရ ေဖာင္းအစ္မႈပံုစံဟာ ညီညာမႈ မရွိတတ္ပါဘူး။ ဒါ ေၾကာင့္ ပက္လက္အိပ္တာက သင့္မ်က္ႏွာအတြက္ အေကာင္းဆံုးပါပဲ။ ေခါင္းအံုးေပၚ လွဲလိုက္ခ်ိန္မွာ သင့္ေမးေစ့က ရင္ဘတ္ထက္ မျမင့္ေစတဲ့ ေခါင္းအံုးအမ်ဳိး အစားမ်ဳိးကို ေရြးခ်ယ္ပါ။

၅။ ေပ်ာ္ေပ်ာ္ေနပါ
ေပ်ာ္ရႊင္ေနတဲ့ မ်က္ႏွာထားမ်ဳိးဟာ လူတစ္ေယာက္အတြက္ ၾကည့္လို႔အေကာင္းဆံုး အခ်ိန္ပါပဲ။ ဒါေၾကာင့္ ေပ်ာ္ရႊင္စြာေနတတ္ေအာင္ ႀကိဳးစားပါ။ ညေနခင္း သူငယ္ခ်င္းေတြနဲ႔အတူ လမ္းေလွ်ာက္ရင္း စကားေျပာတာမ်ဳိး၊ သီခ်င္းဆိုတာမ်ဳိးေတြနဲ႔ ဟာသ ေျပာတာမ်ဳိးေတြဟာ သင့္ကို ဖိစီးမႈ ကင္းေစၿပီး ပိုမိုႏုပ်ဳိေစႏိုင္ကာ ညဘက္ ေကာင္း စြာ အိပ္ေပ်ာ္ေစၿပီး ၾကည္လင္ လန္းဆန္းစြာ ႏိုးထလာေစႏိုင္ပါတယ္။

၆။ ေျခသည္း၊ လက္သည္း ဂ႐ုစိုက္ပါ
ေျခေခ်ာင္းေလးေတြကို ညအိပ္ရာ မဝင္ခင္ ဘရပ္ရွ္နဲ႔ ေသခ်ာပြတ္တိုက္သန္႔ စင္ေပးၿပီး၊ အလွဆီ ဒါမွမဟုတ္ လိုးရွင္း တစ္မ်ဳိးလိမ္းကာ ခ်ည္သားေျခစြပ္ဝတ္ၿပီး အိပ္လိုက္ပါ။ ေျခေထာက္ေျခာက္ေသြ႕ ကြဲအက္မႈ ကင္းၿပီး၊ ေရဓာတ္ရရွိေစကာ တျခား ေရာဂါပိုးေတြလည္း ကင္းစင္ေနေစပါတယ္။ သင့္လက္ေခ်ာင္းေလးေတြကလည္း တစ္ေန႔လံုး ကြန္ပ်ဴတာသံုးရ၊ စာရြက္စာတမ္းေတြ ကိုင္ရ၊ တျခားအိမ္မႈကိစၥေတြကို လုပ္ေနရတာေၾကာင့္ ပင္ပန္းေနတတ္ပါတယ္။ ညအိပ္ရာဝင္ခါနီး ေျခလက္ သန္႔စင္ၿပီးခ်ိန္ ေရဓာတ္ပါဝင္တဲ့ လိုးရွင္းနဲ႔ ေသြးလည္ပတ္မႈအတိုင္း ႏွိပ္နယ္ေပးရင္း အိပ္ေပ်ာ္ပါေစ။

[ Unicode ]

အလှအပ ကြိုက်သူတိုင်း ပြုလုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှုနဲ့ အရေပြား ကျန်းမာစေမယ့် နည်းလမ်းလေးတွေပါ။ နံနက်အိပ်ရာနိုးချိန် အလှဆုံးဖြစ်နေဖို့ လုပ်ကြည့်လိုက်ရအောင်နော်။

၁။ ညဘက်မျက်နှာသစ်ပါ
အညစ်အကြေးနဲ့ အဆီတွေက ချွေးပေါက်တွေကို ပိတ်စေတာကြောင့် ကြာလာတဲ့အခါမှာ ဝက်ခြံတွေ ထွက်လာပါတော့တယ်။ အိပ်ရာဝင်ခါနီးတိုင်း မျက်နှာကို မိတ်ကပ်ဖျက်ဆေးနဲ့ ညင်သာစွာ ပွတ်လိုက်ပြီး ဂွမ်းဖက်လေးနဲ့ သန့်စင်ပြီးမှ မျက်နှာသစ်ဆေးနဲ့ သန့်စင်လိုက်ပါ။ အဆီကို အခြေခံတဲ့ မိတ်ကပ်ဖျက်ဆေးတွေက ရေစိုခံမိတ်ကပ်နဲ့ မျက်တောင် ဆိုးဆေးတွေကိုပါ အလွယ်တကူ ပျက်စေနိုင်ပါတယ်။ သန့်စင်ပြီးတဲ့ သင့်မျက်နှာပေါ်မှာ Night Cream ဒါမှမဟုတ် Mosturizer Cream လိမ်းပြီး အိပ်ရာဝင်လိုက်ပါ။ မနက်နိုးချိန် ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရပါလိမ့်မယ်။

၂။ ကော်လာဂျင်အားဖြည့်ပါ
ကော်လာဂျင်ပါဝင်တဲ့ အားဖြည့်ဆေးဖြစ်စေ၊ အလှကုန်ပစ္စည်းဖြစ်စေ အသုံးပြုပေးပါ။ ကော်လာဂျင်ဟာ သင့်အရေပြားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်ပါပဲ။ ဗီတာမင်အေ ပါဝင်တဲ့ အရေပြား လိမ်းပစ္စည်းပါဝင်တဲ့ အလှကုန်တွေက သင့်အရေပြားကို တောက်ပြောင်နေစေပြီး အစက်အပြောက် ကင်းစေပါတယ်။

၃။ Eye Cream လိမ်းပါ
ဗီတာမင် အေ၊ စီ၊ အီးနဲ့ အီးပါဝင်တဲ့ မျက်လုံးလိမ်းတဲ့ ခရင်မ်တွေကို လိမ်းပေးပါ။ မျက်လုံးတစ်ဝိုက်က အရေပြားဟာ သင့်ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားထက် ပိုပြီး ပါးလွှာပါတယ်။ အရေးကြောင်းတွေ ဖြစ်လွယ်ပြီး၊ မျက်ကွင်းညိုတာမျိုးတွေ ပျောက်စေဖို့ ဖော်ပြပါ ဗီတာမင်တွေ ပါဝင်တဲ့ Eye Cream မျိုးကို ညတိုင်းလိမ်းပြီး အိပ်ရာဝင်ပါ။

၄။ အိပ်စက်မှုပုံစံ
ဘေးတစောင်းအိပ်တာနဲ့ မှောက်အိပ်တာမျိုးက မျက်နှာကို ဖောင်းအစ်နေတယ်ဆိုပေမယ့် အသား အရေ ဖောင်းအစ်မှုပုံစံဟာ ညီညာမှု မရှိတတ်ပါဘူး။ ဒါ ကြောင့် ပက်လက်အိပ်တာက သင့်မျက်နှာအတွက် အကောင်းဆုံးပါပဲ။ ခေါင်းအုံးပေါ် လှဲလိုက်ချိန်မှာ သင့်မေးစေ့က ရင်ဘတ်ထက် မမြင့်စေတဲ့ ခေါင်းအုံးအမျိုး အစားမျိုးကို ရွေးချယ်ပါ။

၅။ ပျော်ပျော်နေပါ
ပျော်ရွှင်နေတဲ့ မျက်နှာထားမျိုးဟာ လူတစ်ယောက်အတွက် ကြည့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဒါကြောင့် ပျော်ရွှင်စွာနေတတ်အောင် ကြိုးစားပါ။ ညနေခင်း သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ရင်း စကားပြောတာမျိုး၊ သီချင်းဆိုတာမျိုးတွေနဲ့ ဟာသ ပြောတာမျိုးတွေဟာ သင့်ကို ဖိစီးမှု ကင်းစေပြီး ပိုမိုနုပျိုစေနိုင်ကာ ညဘက် ကောင်း စွာ အိပ်ပျော်စေပြီး ကြည်လင် လန်းဆန်းစွာ နိုးထလာစေနိုင်ပါတယ်။

၆။ ခြေသည်း၊ လက်သည်း ဂရုစိုက်ပါ
ခြေချောင်းလေးတွေကို ညအိပ်ရာ မဝင်ခင် ဘရပ်ရှ်နဲ့ သေချာပွတ်တိုက်သန့် စင်ပေးပြီး၊ အလှဆီ ဒါမှမဟုတ် လိုးရှင်း တစ်မျိုးလိမ်းကာ ချည်သားခြေစွပ်ဝတ်ပြီး အိပ်လိုက်ပါ။ ခြေထောက်ခြောက်သွေ့ ကွဲအက်မှု ကင်းပြီး၊ ရေဓာတ်ရရှိစေကာ တခြား ရောဂါပိုးတွေလည်း ကင်းစင်နေစေပါတယ်။ သင့်လက်ချောင်းလေးတွေကလည်း တစ်နေ့လုံး ကွန်ပျူတာသုံးရ၊ စာရွက်စာတမ်းတွေ ကိုင်ရ၊ တခြားအိမ်မှုကိစ္စတွေကို လုပ်နေရတာကြောင့် ပင်ပန်းနေတတ်ပါတယ်။ ညအိပ်ရာဝင်ခါနီး ခြေလက် သန့်စင်ပြီးချိန် ရေဓာတ်ပါဝင်တဲ့ လိုးရှင်းနဲ့ သွေးလည်ပတ်မှုအတိုင်း နှိပ်နယ်ပေးရင်း အိပ်ပျော်ပါစေ။

Ref; skincare

 

380 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.